Connect with us

Politics

မြန်မာရေဘေးသင့် ဒေသများ အတွက် တရုတ်နိုင်ငံမှ ယွမ်ငွေ ၃၆ သန်း တန်ဖိုးရှိ လျှပ်စစ်ပိုင်း ဆိုင်ရာ ပစ္စည်းများ လှူဒါန်း ပေးအပ်

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က မြန်မာနိုင်ငံ ရေဘေးသင့် ဒေသများ အတွက် လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းများ လှူဒါန်းသည့် အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ မတ် ၂၅ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရေဘေးသင့် ဒေသများ အတွက် တရုတ် နိုင်ငံ မှ မြန်မာနိုင်ငံ သို့ တရုတ် ယွမ်ငွေ ၃၆ သန်း တန်ဖိုးရှိ လျှပ်စစ်ပိုင်း ဆိုင်ရာ ပစ္စည်းများ လှူဒါန်းသည့် အခမ်း အနားအား ယနေ့မတ် ၂၅ ရက်တွင် နေပြည်တော် ၌ ပြုလုပ်ခဲ့ရာ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုး ထံသို့မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က လှူဒါန်းပစ္စည်းများ လွှဲပြောင်း ပေးအပ်ခဲ့သည်။

အခမ်းအနားတွင် လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက တရုတ်နိုင်ငံမှ လူသားချင်း စာနာ ထောက်ထားမှု ဆိုင်ရာ အကူအညီ အထောက်အပံ့များ အကျိုးရှိ ထိရောက် သေချာစွာ စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ၊ နှစ်နိုင်ငံအကြား ဆက်ဆံရေး၏ အနှစ်သာရသည် နှစ်နိုင်ငံ ပြည်သူများ၏ နက်ရိူင်းသည့် ချစ်ကြည် ခင်မင်မှု တည်ရှိခြင်း ဖြစ်သဖြင့် တရုတ်နှင့် မြန်မာ လူမျိုးများ၏ ချစ်ကြည်ရင်းနှီးမှုမှာ ပိုမိုခိုင်မာ အားကောင်းလာပြီ ဖြစ်ကြောင်း ၊ နှစ်နိုင်ငံအကြား ရှေ့ဆက်၍ ပိုမို ခိုင်မာသော ဆက်ဆံရေး ကောင်းများ တည်ဆောက်သွားနိုင်မည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးက တရုတ်နိုင်ငံက မြန်မာနိုင်ငံ ရေဘေးသင့် ဒေသများ အတွက် လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းများ လှူဒါန်းသည့် အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

China Southern Power Grid Co., Ltd. (CSG) ဒုတိယ အင်ဂျင်နီယာချုပ် Mr. Yao Hong က မြန်မာနိုင်ငံ ရေဘေးသင့် ဒေသများ အတွက် လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းများ လှူဒါန်းသည့် အခမ်းအနားတွင် မိန့်ခွန်းပြောကြားစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး မစ္စတာ ဟုန်လျန်က လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်စိုးသို့ ရေဘေးသင့် ဒေသများ အတွက် လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းများ လှူဒါန်းပေးအပ်စဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရေဘေးသင့် ဒေသများ အတွက် လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းများ လှူဒါန်းသည့် အခမ်းအနားတွင် စုပေါင်းအမှတ်တရ ဓာတ်ပုံရိုက်ကြစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ရေဘေးသင့် ဒေသများ အတွက် လျှပ်စစ်ပိုင်းဆိုင်ရာ ပစ္စည်းများ လှူဒါန်းသည့် အခမ်းအနားမြင်ကွင်းကို တွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်က မြန်မာနိုင်ငံ၌ ကြုံတွေ့ခံစားခဲ့ရသည့် ရေဘေး အန္တရာယ်အပေါ် တရုတ်နိုင်ငံမှ ကူညီထောက်ပံ့ ကယ်ဆယ်မှုများအား ရှင်းလင်း ပြောကြားခဲ့ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံ ပြည်သူများအကြား နက်ရိူင်းသည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးရေး တည်ရှိပြီး အချိန် ကြာကြာ အတွင်း တရုတ်-မြန်မာ နှစ်ဘက်သည် အပြန်အလှန် အကျိုးရှိရေး နှင့် ချစ်ကြည်ရေး အခြေခံပြီး ပူးပေါင်း ဆောင်ရွက်ခဲ့ရာ အောင်မြင်မှု များစွာ ရရှိခဲ့ပါကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။
ထို့အတူ China Southern Power Grid Co., Ltd. (CSG) ဒုတိယ အင်ဂျင်နီယာချုပ် Mr. Yao Hong က တရုတ်-မြန်မာ နှစ်နိုင်ငံ အကြား လျှပ်စစ် ပူးပေါင်းဆောင်ရွက်ရေး နှင့် ဖလှယ်မှု ကို တစ်ဆင့်ထက် တစ်ဆင့် တိုးတက်လာနိုင်ပြီး တရုတ်-မြန်မာ ပေါက်ဖေါ် ချစ်ကြည်ရေး ဆက်ဆံမှုကို ပိုမိုခိုင်မာစွာ ဆောင်ရွက် လာနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခု လှူဒါန်းသည့် လျှပ်စစ်ပိုင်း ဆိုင်ရာ ပစ္စည်းများအား တရုတ်-မြန်မာလျှပ်စစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့မှ ဦးဆောင်၍ China Southern Power Grid Co., Ltd. (CSG) ကုမ္ပဏီ အပါအဝင် တရုတ်လျှပ်စစ် လုပ်ငန်း ကုမ္ပဏီ ၈ ခု ဖြစ်သည့် State Grid Corporation of China ၊ China Huaneng Group ၊ China Datang Corporation ၊ State Power Investment Corporation ၊ China Three Gorges Corporation ၊ Power Construction Corporation of China ၊ Yunnan Provincial Energy Investment Group တ့ို ပါဝင်သော ပြန်လည် ထူထောင်ရေး ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့မှ စီစဉ်၍ လှူဒါန်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံမှ တရုတ် ယွမ်ငွေ ၃၆ သန်း တန်ဖိုးရှိ လျှပ်စစ်ပိုင်း ဆိုင်ရာ ပစ္စည်းများအား မြန်မာ နိုင်ငံသို့ ၃ ကြိမ်ခွဲ၍ ပို့ဆောင်မည် ဖြစ်ရာ ယခု ပထမအသုတ်အဖြစ် တရုတ်ယွမ်ငွေ ၁၅ သန်း တန်ဖိုးရှိ ပစ္စည်းများသည် မြန်မာနိုင်ငံသို့ရောက်ရှိနေပြီး ဧပြီလလကုန် နှင့် ဇွန်လ လကုန်တွင် နေပြည်တော် နှင့် မန္တလေးသို့ လျှပ်စစ်ပိုင်း ဆိုင်ရာ ပစ္စည်းများ ထပ်မံ ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခု ပထမ အသုတ် အဖြစ် LGJ ဓာတ်အားလိုင်း၂၀၀ တန်နှင့် insulated ဓာတ်အားလိုင်းကြိုး ၁၂၀ ကီလိုမီတာ တို့အား ပို့ဆောင်ခဲ့ပြီး စုစုပေါင်း တရုတ်ယွမ်ငွေ သန်းပေါင်း ၃၆ သန်း တန်ဖိုးရှိ 11kV LGJ ဓါတ်အားလိုင်း နှင့် တွဲဖက်ပစ္စည်းများ ၄၄၆ တန် ၊ 400 ဗို့ insulated ဓါတ်အားလိုင်း ၃၈၉ ကီလိုမီတာ နှင့် တွဲဖက်ပစ္စည်းများ၊ ကလေးဓါတ်အား ခွဲရုံအတွက် 20MVA transformer တစ်လုံး နှင့် တွဲဖက် primary နှင့် secondary ပစ္စည်းများ ၊ ၂၀၀ kVA transformer (၂၀၄) လုံး တို့ပါဝင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ အတွင်း ဖြစ်ပွားခဲ့သည့် ရေကြီးမှု ၊ မြေပြိုမှု နှင့် သဘာဝ ဘေးအန္တရာယ် ခံစားခဲ့ရသော ဒေသများ အား လျှပ်စစ် ဓာတ်အား အမြန်ဆုံး ပြန်လည် ရရှိစေရေး ကူညီ ထောက်ပံ့ပေးရန် တောင်းဆိုမှု များအရ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနသည် တရုတ်နိုင်ငံ အမျိုးသား စွမ်းအင် အုပ်ချုပ်ရေး ဌာန(NEA) နှင့် ညှိနှိုင်းခဲ့ပြီး တရုတ်-မြန်မာ ပြန်လည် ထူထောင်ရေး လုပ်ငန်း ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့များ ဖွဲ့စည်း၍ မြန်မာနိုင်ငံ အတွင်းရှိ ရေဘေးသင့်ဒေသများ အတွက် လျှပ်စစ် ကိရိယာများနှင့် ပစ္စည်းများ ဆိုင်ရာ လှူဒါန်းမှု သဘောတူညီချက်အား ဖေဖော်ဝါရီ ၂ ရက်တွင် ပြုလုပ်ခဲ့သော တရုတ်-မြန်မာ လျှပ်စစ်ဓာတ်အား ပူးပေါင်း ဆောင်ရွက်ရေး ကော်မရှင် (CMEPCC) ၏ တတိယအကြိမ် အစည်းအဝေး၌ နှစ်ဘက် ကော်မရှင် ဥက္ကဋ္ဌများက လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)