Politics
မြန်မာနိုင်ငံ သမ္မတဟောင်း ၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်းတို့ တွေ့ဆုံ
နေပြည်တော် ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ သမ္မတဟောင်း ၊ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ဥက္ကဋ္ဌ ဦးသိန်းစိန်သည် ယနေ့ ညနေပိုင်း ၅ နာရီ အချိန်တွင် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာ ရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း (Mr.Song Tao) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေး ပါတီ ရုံးချုပ်တွင် လက်ခံ တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲ အတွင်း မြန်မာနိုင်ငံ သမ္မတဟောင်း ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် နှင့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာ ရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း တို့မှ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကာ ဆွေးနွေးပွဲ အပြီးတွင် နှစ်ဖက် အမှတ်တရ လက်ဆောင်များ ပေးအပ် ခဲ့ကြသည်။
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန် နှင့် တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာ ရေးရာ ဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း တို့အား တွေ့ရစဉ် (ဆင်ဟွာ)
မစ္စတာ ဆုန့်ထောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် သြဂုတ်လ ၁၀ ရက်နေ့ည ၇ နာရီ အချိန်ခန့်တွင် နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ် သို့ရောက်ရှိခဲ့ပြီး သြဂုတ်လ ၁၄ ရက်နေ့အထိ နေပြည်တော် နှင့် ရန်ကုန် မြို့တို့တွင် မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း အစိုးရအဖွဲ့ ခေါင်းဆောင်များနှင့် ပါတီခေါင်းဆောင်များကို တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရှိရပါသည်။ (Xinhua)