Connect with us

Politics

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်းတို့ တွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်းတို့ တွေ့ဆုံစဉ် (ဆင်ဟွာ)

နေပြည်တော် ၊ သြဂုတ် ၁၁ ရက် (ဆင်ဟွာ)

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ၊ မြန်မာနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ နံနက် ၁၀ နာရီ အချိန်တွင် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာ ရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်း (Mr.Song Tao) ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနရုံး၌ လက်ခံတွေ့ဆုံ ခဲ့ပါသည်။

မစ္စတာ ဆုန့်ထောင်း ဦးဆောင်သော ကိုယ်စားလှယ် အဖွဲ့သည် သြဂုတ်လ ၁၀ ရက်နေ့ည ၇ နာရီ အချိန်ခန့်တွင် နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့ပြီး သြဂုတ်လ ၁၄ ရက်နေ့အထိ နေပြည်တော်နှင့် ရန်ကုန်မြို့တို့တွင် မြန်မာနိုင်ငံ ချစ်ကြည်ရေး ခရီးစဉ်အတွင်း အစိုးရအဖွဲ့ ခေါင်းဆောင်များနှင့် ပါတီ ခေါင်းဆောင်များကို တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရှိရသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်းတို့ တွေ့ဆုံစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်းက နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ကြာပန်း ပန်းချီးကား တစ်ချပ်အား အမှတ်တရ လက်ဆောင် ပေးအပ်စဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ နိုင်ငံတကာရေးရာဌာန ဝန်ကြီး မစ္စတာ ဆုန့်ထောင်းနှင့် ပြည်ထောင်စု လွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ တွေ့ဆုံစဉ် (ဆင်ဟွာ)

တွေ့ဆုံပွဲအတွင်း နှစ်နိုင်ငံ ဝန်ကြီးတို့မှ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြကာ တွေ့ဆုံပွဲ အပြီးတွင် နှစ်ဖက်မှ အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ကြသည်။ ဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်အား ကြာပန်း ပန်းချီးကား တစ်ချပ်အား အမှတ်တရ လက်ဆောင် အဖြစ် ပေးအပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်မှာ ပန်းကို နှစ်သက်ပြီး ကြာပန်းမှာ ဗုဒ္ဓဘာသာဝင်များ၏ တန်ဖိုးထားရာ ပန်းဖြစ်သောကြောင့် ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း ချစ်ကြည်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ထို့နောက်တွင် ဧည့်သည်တော် ဝန်ကြီးအနေဖြင့် ပြည်ထောင်စု လွှတ်တော် သို့သွားရောက်ကာ ပြည်ထောင်စု လွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းနှင့်လည်း တွေ့ဆုံခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.