Connect with us

Politics

(၉၂) နှစ်ပြည့် တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်ခြင်း အထိမ်းအမှတ် အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်ခြင်း (၉၂) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် စုပေါင်းအမှတ်တရ ဓာတ်ပုံ ရိုက်ကူးစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ)

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် တည်ထောင်ခြင်း (၉၂) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကို ယနေ့(ဇူလိုင်လ ၂၉ ရက်) ညနေ ၆ နာရီခွဲခန့်က ရန်ကုန်မြို့ရှိ နိုဗိုတယ် ဟိုတယ်၌ ကျင်းပရာ တပ်မတော် ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးအပါအဝင် တပ်မတော်အရာရှိကြီးများ ၊ရန်ကုန် မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာအဖွဲ့အစည်းများမှ ဌာနေ ကိုယ်စားလှယ်များနှင့် အခြားဖိတ်ကြားထားသူများ ပါဝင်တက်ရောက် ခဲ့ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်းဟိုင်(Chen Hai)၊ စစ်သံမှူးကြီး ရှုန်းဆောင်ဝေ (Xiong Shaowei) နှင့်တာဝန်ရှိသူများက အခမ်းအနားသို့ ကြွရောက်လာသော တပ်မတော် ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ဧည့်သည်တော်များအား ခင်မင်ရင်းနှီးစွာ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံစစ်သံမှူးကြီး ရှုန်းဆောင်ဝေ(Xiong Shaowei) မှအခမ်းအနား နှုတ်ခွန်းဆက်စကားပြောကြားစဉ်(ဆင်ဟွာ)

တပ်မတော် ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်ဇနီး၊ သံအမတ်ကြီး ချန်းဟိုင်(Chen Hai)၊ စစ်သံမှူးကြီး ရှုန်းဆောင်ဝေ(Xiong Shaowei)နှင့်ဇနီးတို့မှ တပ်မတော်နေ့အထိမ်းအမှတ်ကိတ်မုန့်လှီးနေစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်တည်ထောင်ခြင်း (၉၂) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား မြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်တည်ထောင်ခြင်း (၉၂) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား မြင်ကွင်းများအားတွေ့ရစဉ်(ဆင်ဟွာ)

ထို့နောက် စစ်တီးဝိုင်းအဖွဲ့က မြန်မာ့တပ်မတော်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် သီချင်း တီးမှုတ်ဖွင့်လှစ်ခဲ့ရာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ စစ်သံမှူးကြီး ရှုန်းဆောင်ဝေ မှအခမ်းအနား နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ထိုသို့ နှုတ်ခွန်းဆက်စကားပြောကြားရာတွင် တရုတ်နိုင်ငံ စစ်သံမှူးကြီး ရှုန်းဆောင်ဝေ က တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ သမိုင်းဖြစ်စဉ်၊ ရည်ရွယ်ချက်နှင့်ရပ်တည်ချက်များကိုရှင်းလင်းပြောကြားခဲ့သည်။

တရုတ်-မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်လျက်ရှိသလို ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးသည်ရှေးပဝေသဏီကတည်းက စဉ်ဆက်မပြတ်တည်ရှိခဲ့ရာ ညီအကိုအရင်းသဖွယ် ချစ်ကြည်ရင်းနှီးမှုတည်ရှိကြောင်း၊ လက်ရှိ နှစ်နိုင်ငံ တပ်မတော် ပူးပေါင်းဆောင်ရွက်မှုသည် အခန်းကဏ္ဍသစ်ကို ရောက်ရှိနေပြီဖြစ်ရာ သမိုင်းတစ်လျှောက်တွင် အကောင်းဆုံးအချိန်ကာလဟုဆိုနိုင်ရာ နောင်အနာဂတ်တွင်လည်း တရုတ်-မြန်မာ နှစ်နိုင်ငံ တပ်မတော် ချစ်ခင်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှုသည် အောင်မြင်မှုများစွာရရှိမည်ဟု ယုံကြည်ကြောင်း စစ်သံမှူးကြီး ရှုန်းဆောင်ဝေ က ပြောကြားခဲ့သည်။

ဆက်လက်၍ တပ်မတော် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့်ဇနီး၊ သံအမတ်ကြီး ချန်းဟိုင်၊ စစ်သံမှူးကြီး ရှုန်းဆောင်ဝေ နှင့်ဇနီးတို့မှ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်နေ့အထိမ်းအမှတ်ကိတ်မုန့်ကို လှီးဖြတ်ပေးပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်၏ မှတ်တမ်း ဗီဒီယိုကိုကြည့်ရှုကြကာတရုတ်နိုင်ငံသံအမတ်ကြီးနှင့် စစ်သံမှူးကြီးတို့က ညစာစားပွဲဖြင့်တည်ခင်းဧည့်ခံခဲ့ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.