Connect with us

Politics

ပထမဆုံးအကြိမ် မြန်မာနိုင်ငံလုံးဆိုင် Cloud နှင့် AI နည်းပညာပြိုင်ပွဲကျင်းပမည်


ရန်ကုန်၊ သြဂုတ် ၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံလုံးဆိုင်ရာ Cloud နှင့် AI နည်းပညာပြိုင်ပွဲဖြစ်သည့် Myanmar National Cloud & AI Contest ကို နည်းပညာနယ်ပယ်တွင် အလားအလာရှိသူများ မွေးထုတ်ရန် နှင့် မြန်မာနိုင်ငံကို AI ကမ္ဘာနှင့် ချိတ်ဆက်ပေးရန် ရည်ရွယ်ချက်ဖြင့် ပထမဆုံးအကြိမ် ပြုလုပ်ကျင်းပသွား မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ ဟွာဝေး ရုံးချုပ်တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲအရ သိရသည်။

မြန်မာနိုင်ငံပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ ဇော်ဝေစိုးက “အနာဂတ်မှာ AI (အသိဉာဏ်တုနည်းပညာ)က ကျွန်တော်တို့ဘဝရဲ့ တစ်စိတ်တစ်ဒေသဖြစ်လာတော့မှာဖြစ်တဲ့အတွက် AIရဲ့ သဘောသဘာဝ၊ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်နိုင်စွမ်းတို့ကို သိနားလည်ပြီး အသုံးချနိုင်ရန် ကြိုတင်ပြင်ဆင်လေ့လာထားဖို့လိုအပ်ပါတယ်။ ဒါကြောင့်လည်း အခုလိုပြိုင်ပွဲမျိုးကို ဦးဆောင်ကျင်းပခွင့်ရတဲ့အတွက် ဝမ်းပမ်းတသာဖြစ်မိပါတယ်။ မြန်မာပြည်မှာ AI (Artificial Intelligence) နည်းပညာကို ဒီအချိန်မှာ စပြီးမလေ့လာမသုံးဘူးဆိုရင် နောက်၅နှစ်၆နှစ်လောက်နေရင် သူများရဲ့နောက်မှာ အနှစ်၅၀၊ ၆၀ ကျန်နေခဲ့မှာ’’ ဟု သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

နိုင်ငံတစ်ဝန်းမှ တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နိုင်မည့် Myanmar National Cloud & AI Contest ကို ဇူလိုင်လမှ စက်တင်ဘာလအထိ ကျင်းပသွားမည်ဖြစ်သည်။ စာရင်းပေးသွင်းရမည့်ကာလကို ဇူလိုင် ၅ ရက်နေ့မှ သြဂုတ် ၁၀ ရက်နေ့အထိ သတ်မှတ်ထားပြီး၊ ပြိုင်ပွဲဝင်အဖွဲ့များအနေဖြင့် သြဂုတ်လ ၂၅ ရက်နေ့ နောက်ဆုံးထားကာ ပြိုင်ပွဲဝင် Cloud နဲ့ AI နည်းပညာ Solutions ပေးပို့ရမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ ဟွာဝေး ရုံးချုပ်တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲမြင်ကွင်းအားတွေ့ရစဉ် (ဆင်ဟွာ)

မြန်မာနိုင်ငံပါမောက္ခချုပ်များကော်မတီဥက္ကဋ္ဌဖြစ်သူ ဒေါက်တာ ဇော်ဝေစိုးအားတွေ့ရစဉ် (ဆင်ဟွာ

စကာတင်အဆင့် ပြိုင်ပွဲ ဝင်အဖွဲ့ ၁၂ ဖွဲ့၏ အမည်စာရင်းကို သြဂုတ်လကုန်တွင် ကြေညာသွားမည်ဖြစ်ကာ ပြိုင်ပွဲဝင်အဖွဲ့ဝင် လက်တွေ့သရုပ်ပြယှဉ်ပြိုင်ခြင်းနှင့် ဆုရွေးချယ်ပေးအပ်ခြင်း အခမ်းအနားကို၂၀၁၉ ခုနှစ် စက်တင်ဘာလ၇ရက်နေ့တွင်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။စိုက်ပျိုးရေး၊ပညာရေး၊ကျန်းမာရေးစောင့်ရှောက်မှု၊ အခြားစီးပွားရေးလုပ်ငန်းများ စသဖြင့် ကြိုက်နှစ်သက်ရာကဏ္ဍအတွက် ဝင်ရောက်ယှဉ်ပြိုင်နိုင်ပြီး၊ ပြိုင်ပွဲဝင် Solutions များကို Windows၊ Linux၊ Android၊ iOS နှင့် အခြားသင့်လျော်သည့် OS များအသုံးပြုကာ အင်္ဂလိပ် ဘာသာဖြင့် ဖြစ်စေ၊ မြန်မာဘာသာဖြင့်ဖြစ်စေ ရေးသားနိုင်ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲကို Huawei Myanmar ၏ ကူညီထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံပါမောက္ခချုပ်များ ကော်မတီ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်၊ ပညာရေးဝန်ကြီးဌာနမှ သုတေသနနှင့်ဆန်းသစ်တီထွင်မှု ဦးစီး ဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် Huawei နှင့် မြန်မာနိုင်ငံ သိပ္ပံ နှင့် နည်းပညာ ဝန်ကြီးဌာန တို့သည် ICT စွမ်းရည် ဖွံ့ဖြိုး တိုးတက် ရေး နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခဲ့ကြပြီး ထိုအချိန်မှ စ၍ Huawei ၏ ICT စွမ်းရည် ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်သည် ICT စွမ်းရည် များစွာ လိုအပ်သော မြန်မာနိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေးကို နည်းလမ်း ပေါင်းစုံဖြင့် အကူအညီ ပေးလျှက် ရှိကြောင်း ၊ လွန်ခဲ့သော လေးနှစ်ခန့်က မြန်မာနိုင်ငံ အတွက် ICT ကျွမ်းကျင်သူ ၁၅၀၀ ကျော်ကို လေ့ကျင့်ပေးခဲ့ကြောင်း ၊ ICT စွမ်းရည် ဖွံ့ဖြိုး တိုးတက်ရေး အစီအစဉ်သစ်သည် ယခင် ပုံစံအား အဆင့်မြှင့်ထားသော ပုံစံ ဖြစ်ကြောင်း ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက် ၊ ဆင်ဟွာ သတင်းတွင် ဖော်ပြခဲ့သည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117