Politics
တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပျံသန်းသွားလာသည့် လေယာဉ်မှာ ပုံမှန်ကုန်တင်လေယာဉ် ခရီးစဉ်များဖြစ်ကြောင်း CECCM ရှင်းလင်း
 
																								
												
												
											ရန်ကုန် ၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ)
တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ပျံသန်းသွားလာသည့် လေယာဉ်ဟူသည်မှာ ပုံမှန် ကုန်တင်လေယာဉ်ခရီးစဉ်များဖြစ်ပြီး ပင်လယ်စာ စသည့် ပို့ကုန်သွင်းကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရန်အတွက်သာဖြစ်ကြောင်း မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံ ကုန်သည် လုပ်ငန်းရှင်များ အသင်း (China Enterprises Chamber of Commerce in Myanmar )က အသင်း၏ လေ့လာအတည်ပြုချက်အား ယနေ့ ဖေဖော်ဝါရီ ၁၀ ရက်တွင် ရှင်းလင်းထုတ်ပြန်ခဲ့သည်။
လတ်တလောရက်ပိုင်းတွင် တရုတ်နိုင်ငံမှ လေယာဉ်ပျံများစွာ မြန်မာနိုင်ငံသို့ ဆိုက်ရောက်လာပြီး အဓိကအားဖြင့် သက်ဆိုင်ရာ နည်းပညာဝန်ထမ်းများ ပို့ဆောင်ခြင်းဖြစ်သည်ဟူ၍ အင်တာနက်ပေါ်တွင် မဟုတ်မမှန်သတင်းများ ဖော်ပြနေ၍ အသင်း၏ လေ့လာအတည်ပြုချက်အား ရှင်းလင်းတင်ပြခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အင်တာနက်ပေါ်ရှိ သက်ဆိုင်ရာသတင်းများသည် ကောလာဟလများသာဖြစ်သဖြင့် အဆိုပါ ကောလာဟလများအား မယုံကြည် မဖြန့်ဝေကြပါရန်လည်း ထည့်သွင်းပန်ကြားခဲ့သည်။ (Xinhua)

 
									 
																			 
									 
																	 
									