Connect with us

Politics

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အခြေအနေနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ပြောကြားချက်

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း အားမြင်တွေ့ရစဉ်(ဓာတ်ပုံ-တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန)

ပေကျင်း ၊ ဖေဖော်ဝါရီ ၁ ရက် (တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန) 

ယနေ့ ဖေဖော်ဝါရီ ၁ ရက်တွင် ကျင်းပပြုလုပ်သော တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းစာရှင်းလင်းပွဲအတွင်း လတ်တလောဖြစ်ပွားနေသော မြန်မာနိုင်ငံအခြေအနေအပေါ် သတင်းထောက် တစ်ဦး၏ မေမြန်းချက်အား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝမ်းဝန်ပင်း က အောက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့သည်။

ဝမ်းဝန်ပင်းက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ကိစ္စရပ်နှင့် ပတ်သက်၍ သတိပြုမိကြောင်း ၊ ပိုမိုသိရှိနားလည်းနိုင်ရန် ဆက်လက်၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ ၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံဖြစ်ကြောင်း ၊ မြန်မာနိုင်ငံအတွင်း နိုင်ငံရေး နှင့် လူမှုအသိုင်းအဝိုင်း တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ရန်ရည်ရွယ်ကာ သက်ဆိုင်ရာ အသီးသီးအနေဖြင့် အခြေခံဥပဒေ နှင့် ဥပဒေမူဘောင်အောက်တွင် သဘောထားကွဲလွဲမှုများကို အဆင်ပြေကောင်းမွန်စွာဖြေရှင်းကြစေလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

————————————————
(Chinese Version)

外交部就缅甸局势表态:希望各方在法律框架下妥善处理分歧
2月1日,外交部发言人汪文斌主持例行记者会。有记者就当前缅甸局势提问。
汪文斌表示,我们注意到缅甸发生的事情,正在进一步了解情况。中国是缅甸的友好邻邦,我们希望缅甸各方在宪法和法律框架下妥善处理分歧,维护政治和社会稳定。