Politics
တရုတ်နိုင်ငံ NDRC ဒုတိယဥက္ကဋ္ဌ နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့တွေ ့ဆုံ ဆွေးနွေး

နေပြည်တော်၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အမျိုးသား ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပြုပြင် ပြောင်းလဲရေး ကော်မရှင် (NDRC – National Development and Reform Commission) ဒုတိယ ဥက္ကဋ္ဌ Mr. Ning Jizhe နှင့် အဖွဲ့ သည် ယနေ့ညနေ ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးရုံးသို့ လာရောက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။
Mr. Ning Jizhe ဦးဆောင်သည့် NDRC အဖွဲ့ဝင် ခုနစ်ဦးတို့နှင့်အတူ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သံရုံးမှ သံအမတ်ကြီး မစ္စတာ ဟုန်လျန်၊ စီးပွားရေး ဆိုင်ရာ သံမှူး Mr. Xie Guoxiang တို့ပါဝင်သည့် အဆိုပါ တွေ့ဆုံပွဲသို့ မြန်မာနိုင်ငံ အစိုးရအဖွဲ့ဘက်မှ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ သန်းမြင့်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန၊ နိုင်ငံရေးရာ ဦးစီးဌာန၊ အပြည်ပြည် ဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးစီးဌာနတို့မှ ညွှနကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ ကြသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ National Development and Reform Commission ဒုတိယ ဥက္ကဋ္ဌ Mr. Ning Jizhe နှင့် အဖွဲ့အား နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်ခံ တွေ့ဆုံစဉ် (ဆင်ဟွာ)
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ National Development and Reform Commission ဒုတိယ ဥက္ကဋ္ဌ Mr. Ning Jizhe နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးရုံးသို့ ရောက်ရှိလာစဉ် (ဆင်ဟွာ)
Mr. Ning Jizhe ဦးဆောင်သည့် အဖွဲ့သည် ယနေ့ နံနက်ပိုင်းကလည်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်းထံ သွားရောက်တွေ့ဆုံခဲ့ရာ ပြည်ထောင်စု ဝန်ကြီးနှင့် အတူ ဒုတိယ ဝန်ကြီး ဦးဆက်အောင်၊ ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးကျော်မျိုး၊ လျှပ်စစ်နှင်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ ထွန်းနိုင်၊ စီးပွား ကူးသန်း ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထူးအောင်၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဒုတိယ ရှေ့နေချုပ် ဦးဝင်းမြင့်၊ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးစိုးသိန်း၊ နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်း၊ နိုင်ငံခြားရေး ဝန်ကြီး ဌာန၊ စက်မှု ဝန်ကြီးဌာန၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနတို့မှ အမြဲတမ်း အတွင်း ဝန်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ (Xinhua)