Connect with us

Politics

တရုတ်နိုင်ငံအစိုးရကနိုင်ငံတကာအသိုက်အဝန်း တွင်မြန်မာနိုင်ငံ ဘက်မှ ခိုင်ခိုင်မာမာရပ်တည်သွားမည်


နေပြည်တော်၊ ဒီဇင်ဘာ ၇ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ ထောက်ပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေး စီမံကိန်း (UEHRD: _ Union Enterprise for Humanitarian Assistance, Resettlement and Development) အတွက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသံရုံးက ငွေကျပ် သန်း နှစ်ရာလှူဒါန်းခြင်းကို နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့သည်။

ထိုသို့လှူဒါန်းရခြင်းနှင့် ပတ်သက်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး သံအမတ်ကြီး မစ္စတာ ဟုန်းလျန်က “မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နေရပ်စွန့်ခွာ ပြည်သူများ ပြန်လည် လက်ခံရေး အတွက် နှစ်နိုင်ငံအကြား စာချုပ် ချုုပ်ဆိုထားမှုကို အကောင်အထည်ဖော်ရေး လုပ်ငန်းကို ကျွန်တော်တို့ ထောက်ခံ အားပေးပါတယ်၊ ဒီလို ဆောင်ရွက်ရာမှာ အခက်အခဲတချို့ ကြုံတွေ့နေတာ သိရပါတယ်၊ မြန်မာနိုင်ငံဘက်က စိတ်၇ှည်လက်ရှည်နဲ့ ဆက်လက် ဆွေးနွေးဆောင်ရွက်ခြင်းဖြင့် ဒီကိစ္စ ပြေလည်သွားမယ်လို့ ကျွန်တော် အပြည့်အ၀ ယုံကြည်ပါတယ်၊ နေရပ်စွန့်ခွာ ပြည်သူများ ပြန်လည် ရောက်ရှိပြီး နေရာပြန်လည်ချထားရာမှာလည်း အခက်အခဲတချို့ ကြုံတွေ့နေရတာ ကျွန်တော်တို့သိရပါတယ်၊ ဒါကြောင့် တရုတ်နိုင်ငံ အစိုးရကိုယ်စား ကျပ်သန်းနှစ်ရာကို အခုလို လာရောက် လှူဒါန်းရခြင်းဖြစ်ပါတယ်၊ ဒီလှူဒါန်းမှုဟာ သက်ဆိုင်ရာ လုပ်ငန်းတွေအတွက် အထောက် အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်၊ ရွာသူရွာသားတွေ ပို့ဆောင်ဖို့အတွက် မြန်မာ အစိုးရ လိုအပ်နေ တဲ့ ထရပ်ကား အစီး နှစ်ဆယ်ကိုလည်း ရှေ့လမှာ ဒီကို အရောက်ပို့ပေးနိုင်မယ်လို့ ခန့်မှန်းထားပါ တယ်၊ ရခိုင်ပြည်နယ် တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးရေးအတွက် မြန်မာအစိုးရ ဆောင်ရွက်နေ တဲ့ UEHRD လုပ်ငန်းတွေကို တရုတ်အစိုးရက ဆက်လက် ထောက်ခံ အားပေးသွားပါမယ်။ နိုင်ငံတကာ အသိုက် အဝန်းမှာလည်း တရုတ်အစိုးရက မြန်မာနိုင်ငံဘက်မှာ ခိုင်ခိုင်မာမာ ရပ်တည် ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ငွေလှူဒါန်းရခြင်းအကြောင်းကို တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး သံအမတ်ကြီးက ရှင်းပြစဉ် (ဆင်ဟွာ)

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးက ကျေးဇူးတင်စကား ပြောကြားစဉ် (ဆင်ဟွာ)

အလှူငွေ လက်ခံရယူခြင်း၊ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခြင်းများ ဆောင်ရွက်ကြစဉ် (ဆင်ဟွာ)

ရခိုင်ပြည်နယ် UEHRD အတွက် ငွေလှူပွဲ အခမ်းအနား ကျင်းပနေစဉ် (ဆင်ဟွာ)

ပြည်ထောင်စု ဝန်ကြီးဒေါက်တာ ဝင်းမြတ်အေးက “ကျွန်တော်တို့က လိုအပ်တဲ့ ကိစ္စတွေကို ဖွင့်ဟ ပြောဆိုတိုင်းမှာ ချက်ချင်းပဲ အခုလို လာရောက်လှူဒါန်းတဲ့ အတွက် အထူး ကျေးဇူးတင်ရှိပါတယ်၊ ဒီအလှူငွေဟာ ပြန်လည်ရောက်၇ှိလာမယ့်သူတွေအတွက် နေအိမ်တွေ ဆောက်ရာမှာ ဆောက်ပေးသူ တွေကို Cash for work အတွက် ပေးနိုင်မယ့် ကနဦး စ ဖွင့်လိုက်တဲ့ မ တည် အလှူငွေ ဖြစ်တာ ကြောင့် ဒီအလှူငွေကြောင့် တခြားက အလှူငွေတွေ ဆက်ပြီးရမယ်လို့မျှော်လင့်ပါတယ်၊ ဘယ်လို နေရာမှာပဲဖြစ်ဖြစ် တရုတ်ပြည်သူ့ သမ္မတနိုင်ငံက အခုလို ထိပ်ဆုံးကနေ စပြီး ဖွင့်ပေးတဲ့ အလှူငွေ ဖြစ်လို့လည်း မိတ်ဆွေတို့ကို ပိုပြီး ကျေးဇူးတင်မိပါတယ်” ဟု ပြန်လည် ပြောကြားခဲ့ပြီး အလှူငွေ လက်ခံခြင်း၊ ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ခြင်း၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းများ ဆောင်ရွက် ခဲ့ကြသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117