Connect with us

Social

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် အစိုးရမှ မြန်မာရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ရေး ပစ္စည်းများ လွှဲပြောင်း ပေးအပ်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး တက်ရောက်

ယူနန်ပြည်နယ် အစိုးရမှ ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ရေး ပစ္စည်းများ လွှဲပြောင်း ပေးအပ်ပွဲ အခမ်အနား မြင်ကွင်း (ဆင်ဟွာ)

မန္တလေး ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်သည် သြဂုတ်လ ၇ ရက် နေ့တွင် မန္တလေးမြို့၌ ပြုလုပ်သော တရုတ်နိုင်ငံ ယူနန်ပြည်နယ် အစိုးရမှ မြန်မာ ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ရေး ပစ္စည်းများအား လွှဲပြောင်း ပေးအပ်ပွဲ အခမ်းအနားတွင် တက်ရောက် အမှာစကား ပြောကြားခဲ့သည်။

ယင်းလွဲပြောင်း ပေးအပ်ပွဲ အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က တရုတ်-မြန်မာ နှစ်နိုင်ငံသည် ပေါက်ဖော် ညီအစ်ကိုများ ဖြစ်ကြပြီး ညီအစ်ကို အခက်အခဲ ကြုံရသည့်အခါ ကူညီမှုများ ပြုလုပ်ရမည်မှာ အမှန်ဖြစ်ပါကြောင်း မြန်မာနိုင်ငံအတွင်း ဘေးဒုက္ခများ တည်ရှိနေသေးသ၍ တရုတ်နိုင်ငံမှ ကူညီမှုများသည် ရပ်တန့်သွားမည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ယူနန်ပြည်နယ် အစိုးရမှ မြန်မာ ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းသော ထောက်ပံ့ရေး ပစ္စည်းများ အားလွှဲပြောင်းနေစဉ် (ဆင်ဟွာ)

ယူနန်ပြည်နယ် အစိုးရမှ မြန်မာ ရေဘေးသင့် ပြည်သူများအတွက် လှူဒါန်းသော ထောက်ပံ့ရေး ပစ္စည်းများ အားလွှဲပြောင်းနေစဉ် (ဆင်ဟွာ)

ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ရေး ပစ္စည်းများ လွှဲပြောင်ပေးအပ်ပွဲ အခမ်းအနားသို့ မန္တလေးဆိုင်ရာ တရုတ် ကောင်စစ်ဝန်ချုပ် ဝမ်ယွီ (Wang Yu) လည်း တက်ရောက်ခဲ့သည်။ယူနန်ပြည်နယ် အစိုးရအဖွဲ့ ဒုတိယ အထွေထွေ အတွင်းရေးမှူး Mr.Pu Jianhui က မြန်မာပြည်သူလူထုသည် ရေဘေး အခက်အခဲကို ကျော်လွှားနိုင်ပြီး အမြန်ဆုံး ပြန်လည် ထူထောင်နိုင်မည်ဟု ယုံကြည်ကြောင်း ၊ သဘာဝဘေးသည် မေတ္တာ မရှိသော်လည်း လူသားတို့သည် မေတ္တာတရားရှိပါသည်။ ပေါက်ဖော် ညီအစ်ကိုသည် အခက်အခဲရှိပါက ကူညီရန် အသင့်ရှိပါသည်။ ယခု တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် အစိုးရမှ မြန်မာ ရေဘေးသင့် ပြည်သူများအတွက် ထောက်ပံ့ရေး ပစ္စည်းများ ပေးပို့ခြင်းသည် ပထမ အသုတ်ဖြစ်ပြီး များမကြာမီ ဒုတိယအသုတ် ရောက်ရှိလာမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာန ၊ ဝန်ကြီး ဦးအောင်ဇံက ယခုလို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေး ပစ္စည်းများ လာရောက် ထောက်ပံ့ပေးသည့် အတွက် မြန်မာနိုင်ငံ အစိုးရနှင့် မြန်မာရေဘေးသင့် ပြည်သူများ ကိုယ်စား များစွာ ဝမ်းမြောက် မိပါကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ရေဘေးသင့် ပြည်သူများ ထောက်ပံ့ လှူဒါန်းရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် အစိုးရ၏ ထောက်ပံ့ရေး ပစ္စည်းများသည် မန္တလေးမြို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ဗဟိုကုန်သိုလှောင်ရုံသို့ ယနေ့ညနေပိုင်းတွင် ရောက်ရှိခဲ့ပြီး လွှဲပြောင်း ပေးအပ်ပွဲကို ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ယူနန်ပြည်နယ် အစိုးရမှ လှူဒါန်းသော ထောက်ပံ့ရေး ယာဉ်တန်းတွင် ကား (၁၄) စီးဖြင့် စုစုပေါင်း ယွမ် ၂,၄၁၀,၀၀၀ တန်ဖိုးရှိ ထောက်ပံ့ရေး ပစ္စည်းများ ဖြစ်သော ဆန်တန်ချိန် (၁၀၀)၊ ခေါက်ဆွဲခြောက် ပါကင် (၁၀,၀၀၀)၊ မိုးကာတဲ (၁,၀၀၀)၊ နို့မှုန့် (၅၀၀) ပါကင် ယူနန်ပြည်နယ် အစိုးရအဖွဲ့ ဒုတိယ အတွင်းရေးမှူး Mr.Pu Jianhui က ပေးအပ် လှူဒါန်းခဲ့ပြီး လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ခိုင်က လက်ခံရယူသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.