Connect with us

Social

တရုတ်နိုင်ငံမှ မြန်မာနိုင်ငံ ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်ဆောင်ရွက်မှုနှင့် ပတ်သက်၍ တရုတ် နိုင်ငံ သံအမတ်ကြီးနှင့် အင်တာဗျူး

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန်မှ ဆင်ဟွာ သတင်းဌာနအား အင်တာဗျူး ဖြေနေစဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး မစ္စတာ ဟုန်လျန် (Mr.Hong Liang) မှ သြဂုတ်လ ၆ ရက်နေ့ တွင် ရေးဘေးဒဏ် ဆိုးရွားစွာ ဖြစ်ပွားခဲ့သည့် စစ်ကိုင်းတိုင်းနှင့် ရခိုင်ပြည်နယ်သို့ သွားရောက် လှူဒါန်းမှု များပြုလုပ်ရာမှ ပြန်လည်ရောက် ရှိလာချိန်တွင် ဆင်ဟွာ သတင်းဌာန၏ အင်တာဗျူး ကိုဖြေကြားခဲ့သည်။

မြန်မာ နိုင်ငံရှိ တရုတ် နိုင်ငံ လုပ်ငန်း ကုမ္ပဏီများမှ ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများတွင် တက်ကြွစွာ စတင်ဆောင်ရွက် နေပြီး တရုတ် သံရုံးနှင့် တရုတ် လုပ်ငန်းရှင်များ အသင်းမှ ထောက်ပံ့ရေး ပစ္စည်းများ သည်လည်း ရေဘေးသင့် ဒေသများသို့ စတင် ရောက်ရှိနေပြီး ဖြစ်ကြောင်း သံအမတ်ကြီးမှ ပြောကြား ခဲ့သည်။

သံအမတ်ကြီးမှ တရုတ် နိုင်ငံနှင့် မြန်မာ နိုင်ငံ၏ ချစ်ကြည် ဆက်ဆံရေးသည် နှစ်နိုင်ငံ ပြည်သူလူထု အကြား ချစ်ကြည် ဆက်ဆံရေးပင် ဖြစ်ကြောင်း ၊ ကျွန်တော့် အနေဖြင့် မြန်မာ နိုင်ငံသို့ တာဝန် ထမ်းဆောင်ရန် ရောက်ရှိလာချိန်တွင် ပထမ ဦးစားပေး ဆောင်ရွက်ရမည့် တာဝန်မှာ နှစ်နိုင်ငံ အစဉ်အလာရှိသော ချစ်ကြည် ဆက်ဆံရေး အား တိုးပွားရန် ဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း ၊ ယခု နှစ်တွင် မြန်မာ နိုင်ငံ၌ နှစ် ၄၀ အတွင်း ဖြစ်ခဲလှသည့် ရေဘေး ဒုက္ခနှင့် ကြုံတွေ့ ခဲ့ရကြောင်း ၊ ထို့ကြောင့် ကျွန်တော်တို့ အနေဖြင့် ထောက်ပံ့ကူညီမှု ကယ်ဆယ်ရေး ပစ္စည်းများ သွားရောက် လှူဒါန်း ခဲ့ရာ ရေဘေးသင့် ပြည်သူများမှ ထောက်ပံ့ရေး ပစ္စည်းများ လက်ခံရရှိချိန် တွင် လွန်စွာ ဝမ်းသာခဲ့ကြပြီး ကျွန်တော် အနေဖြင့်လည်း ကြည်နူးမိကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် လက်ရှိအချိန် တွင် အိမ်နီးချင်း နှင့် နိုင်ငံတကာ မှ ကူညီ ထောက်ပံ့မှုများ လိုအပ်နေသဖြင့် တရုတ် နိုင်ငံမှ အိမ်နီးချင်း မိတ်ဆွေနိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံအား ကူညီမှုများ ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

သံအမတ်ကြီးမှ မြန်မာနိုင်ငံ အတွင်းရှိ တရုတ် နိုင်ငံမှ လုပ်ငန်း ကုမ္ပဏီ များသည်လည်း ကယ်ဆယ်ရေး လုပ်ငန်းများ စတင်လုပ်ကိုင် ဆောင်ရွက် နေကြပြီ ဖြစ်ကြောင်း ၊ သြဂုတ်လ ၅ ရက်နေ့က တရုတ် သံရုံးတွင် မြန်မာ နိုင်ငံ အတွင်းရှိ တရုတ် နိုင်ငံမှ လုပ်ငန်း ကုမ္ပဏီ များနှင့် အစည်းအဝေး တစ်ရပ် ပြုလုပ် ခဲ့ပြီး လုပ်ငန်းရှင်များမှလည်း ကူညီထောက်ပံ့ရေး လုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်လိုကြပြီး ကူညီ ထောက်ပံ့ရေးပစ္စည်း များကို ရေဘေးသင့် ဒေသများသို့ ပိုဆောင်ခဲ့ရာ စတင်ရောက်ရှိနေပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာ နိုင်ငံ အတွင်းရှိ တရုတ် နိုင်ငံမှ လုပ်ငန်း ကုမ္ပဏီ များအသင်း ဥက္ကဌ လွီသယ်ရှင်း မှလည်း အသင်းမှ ပထမ အသုတ် ကယ်ဆယ်ရေး ပစ္စည်းများကို မြန်မာ နိုင်ငံ အလယ်ပိုင်း မကွေးတိုင်း ရေဘေးသင့် ဒေသသို့ ပို့ဆောင်ရန် သြဂုတ်လ ၆ ရက်တွင် စတင်ထွက်ခွာ ခဲ့ပြီး ကျန်အသုတ်များစွာ ကိုလည်း ပို့ဆောင်ရန် စီစဉ် ထားပြီး ဖြစ်ကြောင်း သိရှိရသည်။

တရုတ် နိုင်ငံတော်ပိုင် အရှေ့တောင် အာရှ ရေနံ နှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ကုမ္ပဏီ ၏ ပြောကြားချက် အရ မြန်မာ နိုင်ငံ အတွင်း ရေဘေး ဒုက္ခ စတင်ကျရောက် ချိန်မှ စတင်၍ ကုမ္ပဏီ မှ လှူဒါန်းမှု ဆောင်ရွက်ရန် လုပ်ငန်း များစတင်လုပ်ကိုင် ခဲ့ပြီး သြဂုတ်လ ၇ ရက်နေ့မှ စတင်၍ ရခိုင်ပြည်နယ်နှင့် မကွေးတိုင်း ဒေသကြီး ရှိ ရေဘေးသင့် ဒုက္ခသည် များအား သွားရောက်လှူဒါန်းမည် ဖြစ်ကြောင်း သိရှိရသည်။

သံအမတ်ကြီး ဟုန်လျန်မှ တရုတ် နိုင်ငံတော် အစိုးရမှ လှူဒါန်းမည့် ပထမ အသုတ် အကြီးစား ထောက်ပံ့ရေး ပစ္စည်းများသည် တရုတ် နိုင်ငံ ပေကျင်းမြို့မှ အထူးလေယာဉ် ဖြင့် လာရောက်ပို့ဆောင်မည်ဖြစ်ပြီး အထူးလေယာဉ် ဖြင့် လာရောက် လှူဒါန်းမည့် ထောက်ပံ့ရေး ပစ္စည်းများသည် မြန်မာ နိုင်ငံ ရှိ ရေဘေး ဒုက္ခသည် များအရေးပေါ် လိုအပ်နေသော ထောက်ပံ့ရေး ပစ္စည်းများ ဖြစ်ပြီး ထိုပစ္စည်းများ နှင့် ပတ်သက်၍ မြန်မာ နိုင်ငံ အစိုးရ နှင့် အသေးစိတ် စီစဉ် ထားပြီး ဖြစ်ကြောင်း ၊ ထို့ပြင် တရုတ် နိုင်ငံ မှ မြန်မာ နိုင်ငံ သို့ မိုးလေဝသ ဂြိုလ်တု အချက်အလက် များနှင့် ရေဘေးဒုက္ခ အခြေအနေ ဆိုင်ရာ တွက်ချက်မှု စာရင်း များကိုလည်း ပေးပို့ ထားပြီး မြန်မာ နိုင်ငံ မှ ရေဘေးဒုက္ခ အခြေအနေ တိုင်းတာတွက်ချက်ကာ ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်မှု တွင် အထောက်အကူ ပြုနိုင်ရန် ပေးပို့ခဲ့ကြောင်း ပြောကြားခဲ့သည်။ မြန်မာ နိုင်ငံ မှ လည်း လွန်စွာ အသုံးဝင်သည် ဟု ကြားသိရကြောင်း ပြောကြား ခဲ့သည်။

ဟုန်လျန် မှ ယူနန် ပြည်နယ် အစိုးရ မှ ပေးပို့ လှူဒါန်းသည့် ထောက်ပံ့ရေး ပစ္စည်း များကိုလည်း တရုတ်- မြန်မာ နယ်စပ် မှ မန္တလေး သို့ သယ်ဆောင် လာပြီ ဖြစ်ပြီး မန္တလေး မြို့ တွင် ထောက်ပံ့ရေး ပစ္စည်း လှူဒါန်းမှု လွှဲပြောင်းပေးအပ် သည့် အသေးစား အခမ်းအနား တစ်ခု ပြုလုပ်ရန် စီစဉ် ထားကြောင်း ပြောကြား ခဲ့သည်။ထို့ပြင် သံအမတ်ကြီး ဟုန်လျန် မှ တရုတ် နိုင်ငံ အရပ်ဘက် အဖွဲ့အစည်း များသည်လည်း မြန်မာ နိုင်ငံ ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများ တွင် ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်း ၊ တရုတ် နိုင်ငံ မှ Blue Sky ကယ်ဆယ်ရေး အဖွဲ့သည် သြဂုတ်လ ၅ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေ မြို့တွင် ပိတ်မိနေသော ရေဘေး ဒုက္ခသည် များကို လှေငယ်များဖြင့် သွားရောက် ကယ်ထုတ် ပေးခဲ့ကြောင်း ပြောကြားခဲ့သည်။

Blue Sky ကယ်ဆယ်ရေး အဖွဲ့ ခေါင်းဆောင် ကျန်းယုံ မှ မြန်မာ နိုင်ငံ သမ္မတ ဦးသိန်းစိန် သည် သြဂုတ်လ ၆ ရက်နေ့က ရေးဘေးဒုက္ခ ဆိုးရွား ခဲ့သည့် ရခိုင်ပြည်နယ် သို့ သွားရောက်စဉ် အတွင်း စစ်တွေ မြို့၌ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော Blue Sky ကယ်ဆယ်ရေး အဖွဲ့ နှင့် တွေ့ဆုံခဲ့ပြီး လာရောက်ခဲ့ခြင်းအပေါ် ကျေးဇူးတင်ရှိကြောင်း နှင့် ဒေသတွင်း သက်ဆိုင်ရာ ဌာန များမှ ပူးပေါင်း လုပ်ဆောင်ကြရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။

သံအမတ်ကြီး ဟုန်လျန် မှ တရုတ် နိုင်ငံသည် သဘာဝဘေး ကာကွယ်တားဆီးရေး နှင့် ကယ်ဆယ်ရေး လုပ်ငန်း ဆောင်ရွက် နိုင်သည့် စွမ်းရည် နှင့် ပြည်စုံကြောင်း ၊ အိမ်းနီးချင်း နိုင်ငံ များ၏ သဘာဝဘေး ကာကွယ်တားဆီးရေး နှင့် ကယ်ဆယ်ရေး လုပ်ငန်း များတွင် ပိုမို ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ဤ ဒေသ အတွင်းတွင် သဘာဝဘေး အန္တရာယ် သည် အကြီးမားဆုံး ခြိမ်းခြောက်မှု တစ်ခု ဖြစ်နေပြီး နိုင်ငံ အချင်းချင်း အကြား ဖြစ်ပွားသည့် ပြဿနာ များ မဟုတ်ကြောင်း ၊ ကျွန်တော်တို့ အနေဖြင့် ယခုလို အတူတကွ ရင်ဆိုင်ရမည့် ခြိမ်းခြောက်မှုကို သိရှိနေ သဖြင့် တရုတ် နိုင်ငံသည် ဒေသတွင်း အကြီးဆုံးနိုင်ငံနှင့် အင်းအားကြီး နိုင်ငံ အနေဖြင့် ထိုအတူတကွ ရင်ဆိုင်နေရသော ခြိမ်းခြောက်မှု ကို တာဝန်ယူ ဆောင်ရွက်မှု များပြုလုပ်၍ အိမ်နီးချင်း နိုင်ငံများကို ကူညီကာ ဤဒေသ၏ သဘာဝ ဘေး ရင်ဆိုင် ဖြေရှင်း မည့် စနစ်တရပ် ကို အကောင်ထည်ဖော် ဆောင်ရွက် ရန် လိုအပ် ကြောင်း အထူးပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ အတွင်း အဆက်မပြတ် မိုးရွာသွန်းမှု ကြောင့် ပြည်နယ် နှင့် တိုင်း ၁၄ ခု အနက် ၁၂ ခု သည် ရေဘေး ဒုက္ခ နှင့် ကြုံတွေ့ခဲ့ရသည်။ မြန်မာ နိုင်ငံ အစိုးရ မှ ဇူလိုင် ၃၁ ရက်နေ့ က ချင်းပြည်နယ် ၊ ရခိုင်ပြည်နယ် ၊ စစ်ကိုင်းတိုင်း နှင့် မကွေးတိုင်း တို့အား အခြေအနေ ဆိုးရွား သည့် ရေဘေးသင့် ဒေသ ဟု ကြေညာ ခဲ့သည်။ မြန်မာ နိုင်ငံ အစိုးရ ၏ စာရင်း ပြုစု ချက်အရ ရေဘေး ဒုက္ခ ကြောင့် သေဆုံးသူ ၈၈ ဦး အထိရှိခဲ့ပြီး ရေဘေး ဒုက္ခသည် ပေါင်း ၃၃၀,၀၀၀ ရှိခဲ့ကြောင်း ပြောကြား ခဲ့သည်။ လယ်ယာ ပျက်စီးမှု သည် ၄၇၄ ဟက်တာ ရှိခဲ့သည်။ မြန်မာ နိုင်ငံ မိုးလေဝသ ဌာန၏ ထုတ်ပြန်ချက် အရ မြန်မာ နိုင်ငံ မြောက်ပိုင်း ဒေသ ရှိ မြစ်ရေ အမြင့်ပေ များသည် စိုးရိမ် ရေမှတ်မှ တဖြည်းဖြည်း လျော့ကျလာပြီး ဖြစ်ပြီး မြန်မာ နိုင်ငံ တောင်ပိုင်းဒေသ အခြေအနေမှာ စိုးရိမ်ဖွယ် တည်ရှိနေသေးကြောင်း သိရှိ ရသည်။ (Xinhua)