Connect with us

Social

ရေဘေးသင့် ဒေသများမှ သံဃာတော်များနှင့် သီလရှင်များ အတွက် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းမှ လှူဒါန်း ဆက်ကပ်


ရန်ကုန် ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအန့ှံ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှု၊ ရေကြီးရေလျှံများကြောင့် ရေဘေးသင့် ဒေသများမှ သံဃာတော်များနှင့် သီလရှင်များ အတွက် မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းမှ ငွေကျပ် သိန်း ၅၀၀ ခန့် တန်ဘိုးရှိ သင်္ကန်း ၊ ပရိက္ခရာ ၊ အသုံးအဆောင်များနှင့် အလှူငွေများကို ယနေ့နေ့လည်ပိုင်းက ရန်ကုန်မြို့ကမ္ဘာအေး ဝိဇယ မင်္ဂလာဓမ္မသဘင် ခန်းမ၌ လှူဒါန်းပွဲ ပြုလုပ်ခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းဥက္ကဌ ဦးစိန်ဝင်းအောင်က မိုးရွာသွန်းမှုကာလ ကြာမြင့်လာသည်နှင့်အမျှ ထိုဒေသနေ ရဟန်းရှင်လူများ စားဝတ်နေရေး အခက်အခဲများ ကြုံတွေ့နေရသကဲ့သို့ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အမှန်တကယ် လိုအပ်လာသည့်အတွက် ရဟန်းတော်နှင့် သီလရှင်များအတွက် သင်္ကန်းနှင့် ပရိက္ခရာ အပါအဝင် အသုံးအဆောင် ပစ္စည်းများ လှူဒါန်းခြင်း အခမ်းအနားကို ပြုလုပ်ရခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းမှ ရေဘေးသင့် ဒေသများမှ သံဃာတော်များနှင့် သီလရှင်များ အတွက် အလှူငွေများ လှူဒါန်းနေစဉ် (ဆင်ဟွာ)

ယင်းလှူဒါန်းပွဲတွင် ပါဝင်ကြသည့် အလှူရှင်များသည် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်းမှ အလှုရှင်များ ဖြစ်ကြပြီး မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း အမှုဆောင်များက ကမကထ ပြုလုပ်သည့် လှူဒါန်းပွဲ ဖြစ်သည် ဟုလည်း သိရသည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းသည် အိမ်နီးချင်းနိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးစွာ နေထိုင်ရေး ၊ သဘာဝ ဘေးအန္တရာယ်များ ကျရောက်လျှင် အပြန်အလှန် ကူညီရေး ၊ စီးပွားရေး ၊ ပညာရေး ၊ လူမှုရေးနှင့် ယဉ်ကျေးမှု ဖလှယ်ရေးစသည့် နယ်ပယ် အသီးသီးတွင် ရင်းနှီးချစ်ခင်စွာ ပူးပေါင်း ဆောင်ရွက်နိုင်ရန် ဖွဲ့စည်းထားခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.