Connect with us

Social

တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ မြန်မာနိုင်ငံ ရေဘေးဒဏ်ခံ ပြည်သူများအား လှူဒါန်းရန် ကယ်ဆယ်ရေး ပစ္စည်းများ ရောက်ရှိလာ


ရန်ကုန် ၊ သြဂုတ် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာပြည် ရေဘေးဒဏ်ခံ ပြည်သူများ အားလှူဒါန်းရန် ကယ်ဆယ်ရေး ပစ္စည်းများအား ကုန်တင် မော်တော်ယာဉ် ၁၄ စီးဖြင့် သယ်ဆောင်၍ ရွှေလီ-မူဆယ် ဂိတ်ကို ဖြတ်ကျော်၍ မြန်မာနိုင်ငံ ဘက်သို့ ယနေ့ နံနက်ပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန် ပြည်နယ် နိုင်ငံခြားရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူ း HE TAO ဦးဆောင် သည့် (၂၁) ဦးပါ အဖွဲ့သည် မြန်မာနိုင်ငံ ရေဘေးသင့် ပြည်သူများအား လှူဒါန်းရန် အတွက် ဆန်တန်ချိန် (၁၀၀) တန်၊ မိုးကာတဲ (၁,၀၀၀) လုံး၊ ခေါက်ဆွဲခြောက် (၁၀,၀၀၀) ပါကင်နှင့် နို့မှုန့်ထုပ်တို့ကို တင်ဆောင် လာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ မြန်မာပြည် ရေဘေးဒဏ်ခံ ပြည်သူများ အား လှူဒါန်းရန် ကယ်ဆယ်ရေး ပစ္စည်းများအား ကုန်တင် မော်တော်ယာဉ်ဖြင့် သယ်ဆောင် လာစဉ် (ဓာတ်ပုံ- Chinese Embassy in Myanmar Facebook)

တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ ရေဘေး ကယ်ဆယ်ရေး ကုန်တင် မော်တော်ယာဉ်နှင့် လူစီးယာဉ် (၂) စီးတို့သည် မူဆယ်မြို့ တရုတ်-မြန်မာ နှစ်နိုင်ငံ ဝင်ပေါက် (မန့်ဝိန်) သို့ ရောက်ရှိခဲ့သည်။ မူဆယ်မြို့ ကွတ်ခိုင်ဘက် အထွက် အေးရှားဝေါလ် တိုးဂိတ်အနီးရှိ ကညန ရုံးတွင် ယာယီ ယာဉ်မောင်း လိုင်စင်နှင့် ယာယီ ယာဉ်နံပါတ်များ ပြုလုပ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ လုံခြုံရေး လိုက်ပါ ဆောင်ရွက်၍ မူဆယ်မှ မန္တလေးသို့ ဆက်လက် ထွက်ခွာ သွားပြီး မန္တလေး၌ လွှဲပြောင်း ပေးအပ်မည်ဟု သိရသည်။ (Xinhua)