Connect with us

Social

တရုတ်နှစ်သစ်ကူး အထိမ်းအမှတ် ခြင်္သေ့စွမ်းရည်အက နှင့် နဂါးရှည်အကပြိုင်ပွဲ ဂျန်းရှင်းစင်တာတွင်ကျင်းပ

တရုတ်နှစ်သစ်ကူး အထိမ်းအမှတ် ခြင်္သေ့စွမ်းရည်အက နှင့် နဂါးရှည်အကပြိုင်ပွဲ ဂျန်းရှင်းစင်တာတွင်ဖွင့်ပွဲအခမ်းအနားကျင်းပနေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ဂျန်းရှင်းစင်တာဂရု မှ ကြီးမှူး၍ တရုတ်နှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် တတိယအကြိမ်မြောက် ခြင်္သေ့စွမ်းရည်အက နှင့် နဂါးရှည်အကပြိုင်ပွဲကို ယနေ့ ညနေ ၅ နာရီခွဲမှ စတင်ကာ ကျင်းပပြုလုပ်ခဲ့သည်။

Junction Centre Group မှတာဝန်ရှိသူ ဒေါ်သွယ်ဇင်ခိုင်က “ ဒီပြိုင်ပွဲကို လာရောက်ကြည့်ရှုတဲ့ သူတွေအနေနဲ့ အကပြိုင်ပွဲဝင် လူငယ်တွေရဲ့ စုပေါင်းဆောင်ရွက်လိုတဲ့ အသင်းသားစိတ်ဓာတ်နဲ့ အကစွမ်းရည်တို့ တိုးတက်မြင့်မားလာစေရန် ရည်ရွယ်ပြီးဒီပွဲကို ကျင်းပရခြင်း ဖြစ်ပါတယ်’’ ဟုဆင်ဟွာကိုပြောသည်။ ခြင်္သေ့စွမ်းရည်အကပြိုင်ပွဲဝင် အသင်း (၇) သင်း နှင့် နဂါးရှည်အက ပြိုင်ပွဲဝင်အသင်း (၁၄) သင်း တို့၏ ပါဝင်ယှဉ်ပြိုင် သွားကြမည်ဖြစ်သည်။ ခြင်္သေ့စွမ်းရည်အက နှင့် နဂါးရှည်အကပြိုင်ပွဲကို နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိရာ ယခင်နှစ်က ပထမဆုရရှိခဲ့သောL.D.C.R အသင်းနှင့် အခြား နာမည်ကြီးပြိုင်ပွဲဝင်အသင်းများစွာတိ့ုက ယခုနှစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ ဝင်ရောက်ယှဉ်ပြိုင်သည့် ပြိုင်ပွဲဝင်အသင်းများအား Junction Champion ဆု၊ 1st Runner Upဆု နှင့် 2nd Runner Up ဆုတို့အပြင် နှစ်သိမ့်ဆုများစွာကိုလည်း Junction Centre Group မှပေးအပ်ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

တရုတ်နှစ်သစ်ကူး အထိမ်းအမှတ် ခြင်္သေ့စွမ်းရည်အက နှင့် နဂါးရှည်အကပြိုင်ပွဲ တွင်ဆုချီးမြှင့်မည့်ဆုတံဆိပ်များတွေ့ရစဉ် (ဆင်ဟွာ)

Junction Champion ဆုအဖြစ် ကျပ်သိန်း ၂၀၊ 1st Runner Up ဆုအဖြစ်ကျပ် ၁၅ သိန်း နှင့် 2nd Runner Up ဆုအဖြစ် ကျပ် ၁၂ သိန်းတို့အပြင် နှစ်သိမ့်ဆုများစွာကိုလည်း ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။အဆိုပါပြိုင်ပွဲများကို ဇန်နဝါရီလ ၁၈ ရက်မှ ၂၂ ရက်နေ့အထိ ၅ ရက်တိုင် ရန်ကုန်မြို့ရှိ Junction Square တွင် ညနေ ၅ နာရီခွဲမှ စတင်ကာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.