Connect with us

Social

ဆရာမကြီးဒေါ်ဇင်ခိုင်ရန်ပုံငွေမှ မြန်မာနိုင်ငံရှိ ပညာထူးချွန်ပြီး ငွေကြေးအခက်အခဲရှိသည့် ကျောင်းသား/သူ (၁၀၀) ကျော်အား စတုတ္ထအကြိမ်မြောက် ပညာသင်ထောက်ပံ့ငွေ ပေးအပ်


ရန်ကုန် ၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)

ဆရာမကြီးဒေါ်ဇင်ခိုင်ရန်ပုံငွေမှ မြန်မာနိုင်ငံရှိ တိုင်းနှင့်ပြည်နယ် (၁၄) ခုမှ ပညာရည်ထူးချွန်ပြီး ငွေကြေးအခက်အခဲရှိသည့် တက္ကသိုလ် ကျောင်းသား/သူ (၁၀၀) ကျော်အား စတုတ္ထအကြိမ်မြောက် ပညာသင်ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနား ကို ရန်ကုန် မြို့ လသာ မြို့နယ်ရှိ တရုတ်ကုန်သည်ကြီးများအသင်းရုံး တွင် ဇန်နဝါရီ ၂၀ ရက်က ကျင်းပ ခဲ့သည်။

အခမ်းအနားသို့ ရန်ပုံငွေတည်ထောင်သူ သဒ္ဓမ္မဇောတိကဓဇ ဆရာမကြီး ဒေါ်ဇင်ခိုင်နှင့်တကွ ရန်ကုန်တိုင်း တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် ၊ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ဝင်များ ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး သက်ဆိုင်ရာအရာရှိ၊ ပညာသင်ထောက်ပံ့ကြေးရရှိသော ကျောင်းသူ၊ကျောင်းသားများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ အပါအဝင် လူဦးရေ (၂၀၀)ခန့် တက်ရောက်ခဲ့ကြသည်။

ရန်ကုန်တိုင်း တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် က အဖွင့်အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က လှူဒါန်းရခြင်း နှင့် ပတ်သက်၍ မိန့်ခွန်း ပြောကြားနေစဉ်(ဆင်ဟွာ)

ဆရာမကြီး ဒေါ်ဇင်ခိုင် မှ အမှာစကား ပြောကြား နေစဉ် (ဆင်ဟွာ)

ဆရာမကြီး ဒေါ်ဇင်ခိုင် မှ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင် ထံသို့ လှူဒါန်းငွေများ ပေးအပ် နေစဉ်(ဆင်ဟွာ)

ပညာသင် ထောက်ပံ့ငွေ ရရှိသည့် ကျောင်းသား/သူများ ကိုယ်စား ကျောင်းသား ဟိန်းထက်လင်း မှ ကျေးဇူးတင် စကား ပြောကြားနေစဉ်(ဆင်ဟွာ)

စတုတ္ထ အကြိမ်မြောက် ဆရာမကြီးဒေါ်ဇင်ခိုင် ရန်ပုံငွေ မှ ပညာသင်ထောက်ပံ့ငွေ ပေးအပ်ပွဲ အခမ်းအနား မြင်ကွင်း(ဆင်ဟွာ)

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးလင်းနိုင်မြင့် က အဖွင့်အမှာစကား ပြောကြား ရာတွင် ယခု ကဲ့သို့ပညာသင်ကြားရန် အတွက် အခက်အခဲရှိသူများကို တတ်နိုင်သမျှ လှူဒါန်းမှု များပြုလုပ်ခြင်းအား အလေးအနက် ဂုဏ်ပြုကြောင်း ၊ ဆင်းရဲသားများ၏ ထွက်ပေါက်မှာ ပညာရေးသာဖြစ်ပြီး မိမိ အနေဖြင့်လည်း ပညာသင်ကြားစဉ် ကာလအတွင်း ပညာသင် စရိတ်များနှင့် ပတ်သက်၍ အခက်အခဲများ ကြုံခဲ့ဖူးကြောင်း ၊ ထို့ကြောင့်ဆင်းရဲသားများ၏ တစ်ခုတည်းသော ထွက်ပေါက် ဖြစ်သည့် ပညာရေးလမ်းကြောင်းအပေါ် ရောက်ရှိအောင် ကူညီဆောင်ရွက်ပေးသည့်အတွက် အထူးကျေးဇူး တင်ရှိကြောင်း ၊ အလှူငွေကို လက်ခံရရှိသော ကျောင်းသား/သူ များအနေဖြင့် လည်း ထူးချွန်ထက်မြက်အောင် ပညာသင်ကြားပြီး နိုင်ငံတော် တည်ဆောက်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ဆောင်ရွက် သွားစေ လိုကြောင်း ပြောကြားခဲ့သည်။

မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်က လှူဒါန်းရခြင်း နှင့် ပတ်သက်၍ ပြောကြားရာတွင် ပညာရေး လမ်းကြောင်းတွင် ချီတက်သည့်အချိန်အခါ တွင် အထောက်အကူရစေဖို့အတွက် ကူညီခြင်းဖြစ်ကြောင်း ၊ ယခု ကူညီထောက်ပံ့ခဲ့သည့် ကလေးများသည် အနာဂတ်တွင် တိုင်းပြည်ရဲ့တာဝန် တွေကို ထမ်းဆောင်နိုင်သည့် ပုဂ္ဂိုလ်များ ဖြစ်စေရန် ဆုတောင်းပေးကြောင်း ၊ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်းအနေဖြင့် ဆရာမကြီးဒေါ်ဇင်ခိုင်ရန်ပုံငွေ သို့ပါဝင်ကူညီဆောင်ရွက်ခဲ့သည်မှာ ယခု အချိန်တွင် စတုတ္ထနှစ်မြောက် ဖြစ်ပြီး ပထမ ဦးဆုံး အကြိမ် ကူညီခဲ့သည့် ကလေးငယ်များသည် ယခု ချိန်တွင် တက္ကသိုလ်စတုတ္ထနှစ်သို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း ၊ အနာဂတ် တွင်လည်း ပိုမို ပါဝင် ကူညီဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်တွင် ဆရာမကြီး ဒေါ်ဇင်ခိုင် မှ အမှာစကား ပြောကြားရာတွင်မိမိသည် ငယ်ရွယ်စဉ် အချိန်ကပင် ကျောင်းသား/သူ များကို ပညာသင်ကြားရန် အတွက် အလွန်လောဘထားပြီး နေ့စဉ်ပိုမို ကောင်းမွန်သည့် သင်ကြားမှုနည်းလမ်းကိုကြိုးပမ်းရှာဖွေသဖြင့်ကျန်းမာရေးကိုပင်ထိခိုက်ခဲ့ကြောင်း ၊ မိမိသည် မြန်မာ နိုင်ငံတွင် မွေးဖွားကာ မြန်မာနိုင်ငံတွင် ကြီးပြင်းလာသူဖြစ်သည့်အတွက် မြန်မာနိုင်ငံ ကို ပြန်လည်ကျေးဇူးဆပ်ခြင်း ဖြစ်ကြောင်း ၊ မိမိ အသက်ရှင်နေသမျှ ကာလပတ်လုံး တရုတ်-မြန်မာ ချစ်ကြည်ရေး အတွက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည။

ထို့နောက်တွင် ဆရာမကြီး ဒေါ်ဇင်ခိုင် မှ ကျောင်းသား/သူ ၁၀၅ ဦးအတွက် တစ်ဦးလျှင်ကျပ် ၃ သိန်းနှုန်းဖြင့် ငွေကျပ် ၃၁၅ သိန်းအား မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း ဥက္ကဋ္ဌ ထံသို့ လွှဲပြောင်းပေးအပ် ခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးကိုယ်စားလှယ် များထံသို့ ထောက်ပံ့ငွေများလွှဲပြောင်းပေးအပ် ခဲ့သည်။ပညာသင် ထောက်ပံ့ငွေ ရရှိသည့် ကျောင်းသား/သူများ ကိုယ်စား ကျောင်းသား ဟိန်းထက်လင်း မှ ကျေးဇူးတင် စကား ပြောကြား ခဲ့သည်။

ယခု အကြိမ် ကျင်းပ သည့် စတုတ္ထ အကြိမ်မြောက် ဆရာမကြီးဒေါ်ဇင်ခိုင်ရန်ပုံငွေမှ မြန်မာနိုင်ငံရှိ ငွေကြေးအခက်အခဲရှိသည့် ပညာထူးချွန် ကျောင်းသား/သူ များအား ပညာသင်ထောက်ပံ့ငွေ ပေးအပ်ပွဲ ကို မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း (ဗဟို) မှ ကူညီပံ့ပိုး ခဲ့ခြင်းဖြစ်ပြီး ယခု အကြိမ် ပေးအပ်လှူဒါန်း ပွဲတွင် ပြည်နယ်နှင့်တိုင်း ဒေသကြီးအသီးသီးရှိ ကျောင်းသား/သူ ပေါင်း ၁၀၅ ဦးကို ပေးအပ် လှူဒါန်း ခဲ့ကြောင်း သိရှိရသည်။

ဆရာမကြီးဒေါ်ဇင်ခိုင်အား ပညာသင်ကြားရေး၊ အများကောင်းကျိုးဆောင်ရွက်ခြင်းနှင့် တရုတ်-မြန်မာချစ်ကြည်ရေး စသည့်ဘက်များတွင် စွမ်းစွမ်းတမံဆောင်ရွက်မှုများကြောင့် “သဒ္ဓမ္မဇောတိကဓဇဘွဲ့” အား ၂၀၁၃ ခုနှစ်တွင်ပေးအပ်ခဲ့သည်။ဆရာမကြီးဒေါ်ဇင်ခိုင်သည်ပေကျင်းနိုင်ငံခြားဘာသာတက္ကသိုလ်အငြိမ်းစားပါမောက္ခတစ်ဦး ဖြစ်ပြီးအသက်အားဖြင့် ၈၉ နှစ် ရှိပြီ ဖြစ်ကြောင်း သိရသည်။ (Xinhua)