Connect with us

Social

တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ် (၁၅) ကြိမ်မြောက် တရုတ် ရိုးရာ ခြင်္သေ့နဂါးအကအလှစွမ်းရည်ပြိုင်ပွဲကျင်းပမည်

၁၄ကြိမ်မြောက် တရုတ်ရိုးရာခြင်္သေ့နဂါးစွမ်းရည်ပြပွဲတွင် ခြင်္သေ့အက စွမ်းရည်ပြသမှုအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

မကြာမီရောက်ရှိမည့် တရုတ်ရိုးရာနှစ်သစ်ကူးပွဲတော် အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံ ခြင်္သေ့နဂါးအကအဖွဲ့ချုပ်ကကြီးမှူး၍ (၁၅) ကြိမ်မြောက် တရုတ် ရိုးရာ ခြင်္သေ့နဂါးအကအလှစွမ်းရည်ပြိုင်ပွဲကို ဇန်နဝါရီ ၂၆ ရက်မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး၊ လသာ မြို့နယ် စဉ်.အိုးတန်းလမ်း(အထက်လမ်း)တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ ၂၆ ရက်မှ ၂၈ ရက်အထိ ပြုလုပ်မည့် ခြင်္သေ့အကအလှစွမ်းရည်ပြိုင်ပွဲမှ  ဆန်ခါတင် ၁၀ သင်းကို ရွေးချယ်မည်ဖြစ်ကြောင်း၊ဇန်နဝါရီ ၂၉ ရက် နောက်ဆုံးအဆင့်ပြိုင်ပွဲတွင် ဆန်ခါတင် ရွေးချယ်ထားသည့် ၁၀ သင်းနှင့် ယမန်နှစ်ချန်ပီယံအနိုင်ရရှိထားသည့်အသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

၁၄ကြိမ်မြောက် တရုတ်ရိုးရာခြင်္သေ့နဂါးစွမ်းရည်ပြပွဲတွင် ခြင်္သေ့အက စွမ်းရည်ပြသမှုအားတွေ့ရစဉ် (ဆင်ဟွာ) 

ထို့ပြင် တရုတ်နိုင်ငံ နှင့် ထိုင်းနိုင်ငံတို့မှ လာရောက် ယှဉ်ပြိုင်သည့် နှစ်သင်းစီလည်း နောက်ဆုံးအဆင့် ပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင် သည့်အသင်းများကို ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများ ရွေးချယ်ပေးအပ်ပြီး ကျန်အသင်းများ ကိုလည်း ဆုများပေးအပ်မည်ဖြစ်ကြောင်း သိရသည်။ တရုတ်ရိုးရာနဂါးပြိုင်ပွဲကို ဇန်နဝါရီ ၃၀ ရက် တွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၄ ရက် ထုတ် ကြေးမုံသတင်းစာတွင် ပါရှိသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.