Connect with us

Social

တရုတ် နိုင်ငံ နာမည်ကျော် ရုပ််ရှင်ဇာတ်ကားများ အား မြန်မာ နိုင်ငံ ရှိ မြို့ကြီးများ တွင် အခမဲ့ ပြသပေး သွားမည် 

၂၀၁၉ ခုနှစ် တရုတ်ရုပ်ရှင်ပွဲတော် အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စက်တင်ဘာ ၂၇ ရက် (ဆင်ဟွာ)

၂၀၁၉ ခုနှစ် တရုတ်ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနား အား စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်း အချိန်တွင် နေပြည်တော် ရှိ အောင်သပြေ ရုပ်ရှင်ရုံ တွင် ကျင်းပ ပြုလုပ် ခဲ့ပြီး တရုတ် နိုင်ငံ နာမည်ကျော် ရုပ်ရှင်ဇာတ်ကားများ အား အခမဲ့ စတင် ပြသပေးခဲ့သည်။

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချန်းဟိုင် က အဖွင့်အမှာစကား ပြောကြားရာ တွင် လတ်တလော နှစ်ပိုင်း အတွင်း တရုတ် ရုပ်ရှင်ပွဲတော် အား မြန်မာ နိုင်ငံ တွင် အကြိမ်များစွာ ကျင်းပပြုလုပ်ခဲ့ပြီး ပြသသည့် ရုပ်ရှင်များကလည်း အမျိုးစွာ စုံလင်ခဲ့သောကြောင့် နှစ်နိုင်ငံ ယဉ်ကျေးမှု ကူးလူးဖလှယ် နိုင်ခဲ့ကြောင်း ၊ တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ထူထောင်ခြင်း နှစ်(၇၀) ပြည့် အထိမ်းအမှတ် နှင့် ပေါင်းစပ်၍ ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် နှင့် လားရှိုး မြို့ရှိ ရုပ်ရှင်ရုံများ တွင် (၇) ရက် တိတိ တရုတ် နိုင်ငံ ရုပ်ရှင်ဇာတ်ကား များကို အခမဲ့ ပြသပေးသွားမည် ဖြစ်ကြောင်း ၊ ရုပ်ရှင်ပြပွဲ မှ တစ်ဆင့် တရုတ် နိုင်ငံ ၏ သမိုင်း ၊ ယဉ်ကျေးမှု ၊ အတွေးအခေါ် နှင့် တရုတ် နိုင်ငံပြည်သူလူထု ၏ နေ့စဉ်နေထိုင်မှု ဘဝ တို့ အား မြန်မာ နိုင်ငံ ပြည်သူလူထု တို့မှ ပိုမို သဘောပေါက် နားလည်နိုင်စေရန် မျှော်လင့်ကြောင်း ၊ မြန်မာ နိုင်ငံ မှ ရုပ်ရှင်ဇာတ်ကားများလည်း တရုတ် နိုင်ငံ ဈေးကွက်အား ဝင်ရောက်ထိုးဖောက်ခြင်းဖြင့် တရုတ် နိုင်ငံ ပြည်သူလူထု တို့မှ မြန်မာ နိုင်ငံ အကြောင်း ပိုမိုသိရှိစေကာ နှစ်နိုင်ငံ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး ပိုမိုနက်ရှိုင်းစေရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

 မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချန်းဟိုင် က အဖွင့်အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန််မာ နိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်း က မြန်မာ-တရုတ် ချစ်ကြည်ရေး အား ဦးတည်၍ ယနေ့ အခမ်းအနား အား ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ နိုင်ငံ နှစ်နိုင်ငံ အကြား ချစ်ကြည်ရင်းနှီးမှု  တည်ဆောက်ရာ တွင် နှစ်နိုင်ငံ အစိုးရ အကြား ပူးပေါင်းဆောင်ရွက်မှု အား မြှင့်တင်ရမည့် အပြင် ပြည်သူအချင်းချင်း အပြန်အလှန် နားလည်းသဘောပေါက်မှု ကိုလည်း တိုးမြှင့်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ က မြန်မာ နိုင်ငံ ၏ အကြီးမားဆုံးသော အိမ်နီးချင်း နိုင်ငံ ဖြစ်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား တည်ရှိပြီးသည့် ချစ်ကြည်ရေး ကလည်း လွန်စွာ ခိုင်မာကြောင်း ၊ တရုတ် ရုပ်ရှင်ပွဲတော် မှတစ်ဆင့် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု က ပိုမို မြှင့်မားလာမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

မြန််မာ နိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်လှထွန်း က နှုတ်ခွန်းဆက် အမှာစကား ပြောကြားနေစဉ်(ဆင်ဟွာ)

၂၀၁၉ ခုနှစ် တရုတ်ရုပ်ရှင်ပွဲတော် ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

၂၀၁၉ ခုနှစ် တရုတ်ရုပ်ရှင်ပွဲတော် ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

၂၀၁၉ ခုနှစ် တရုတ်ရုပ်ရှင်ပွဲတော် ဖွင့်ပွဲ အခမ်းအနား မြင်ကွင်း (ဆင်ဟွာ)

၂၀၁၉ ခုနှစ် တရုတ် ရုပ်ရှင်ပွဲတော်အား မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ ဦးစီး၍ CRI ၊ China Film Group နှင့် တရုတ် ယဉ်ကျေးမှု စင်တာ ၊ မြန်မာ နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာန ၊ ပြန်ကြားရေးဝန်ကြီးဌာန ၊ မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား တို့မှ ပူးပေါင်းကျင်းပ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ရုပ်ရှင်ပွဲတော် အား စက်တင်ဘာ ၂၆ ရက် မှ အောက်တိုဘာ ၂ ရက် အထိ ရန်ကုန် ၊ မန္တလေး ၊ နေပြည်တော် နှင့် လားရှိုး မြို့ရှိ ရုပ်ရှင်ရုံများ တွင် အခမဲ့ ပြသပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.