Connect with us

Social

တရုတ် နိုင်ငံ က နှစ်ပေါင်း (၇၀) အတွင်း ကမ္ဘာတွင် အရေးပါသည့် အောင်မြင်သော နိုင်ငံ အဖြစ် ထူထောင် နိုင်ခဲ့ကြောင်း မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ပြောကြား

စက်တင်ဘာ ၂၆ ရက် တွင် နေပြည်တော် ၌ ကျင်းပပြုလုပ်သော တရုတ် နိုင်ငံ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနား တွင် စုပေါင်း အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

နေပြည်တော် ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဦးမြင့်ဆွေ က စက်တင်ဘာ ၂၆ ရက် နေပြည်တော် MICC(2) တွင် ကျင်းပပြုလုပ်သော တရုတ် ပြည်သူ့သမ္မတ နိုင်ငံ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အထိမ်းအမှတ် အခမ်းအနား တွင် တရုတ် နိုင်ငံ က နှစ်ပေါင်း (၇၀) အတွင်း ကမ္ဘာတွင် အရေးပါသည့် နိုင်ငံ အဖြစ် ထူထောင် နိုင်ခဲ့ကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဦးမြင့်ဆွေ က အခမ်းအနား ၌ အမှာစကား ပြောကြားရာတွင် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနား နှင့် ပတ်သက်၍ တရုတ် နိုင်ငံ အစိုးရ နှင့် ပြည်သူလူထု တို့အား ရှေးဦးစွာ ဝမ်းမြောက် ဂုဏ်ယူကြောင်း ပြောကြားလိုကြောင်း ၊ လွန်ခဲ့သည့် ဆယ်စုနှစ် (၇) ခု အတွင်း  တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ စတင် ထူထောင် ခဲ့ပြီး အထူးသဖြင့် လွန်ခဲ့သည့် နှစ် ၄၀ ချိန်ခန့် က ပြုပြင်ပြောင်းလဲရေး နှင့် တံခါးဖွင့် မူဝါဒ စတင်ကျင့်သုံးချိန် မှ စ၍ တရုတ် နိုင်ငံ က စီးပွားရေး နှင့် လူမှု ဖွံ့ဖြိုးတိုးတက်မှု တွင် လျှင်မြန်စွာ တိုးတက်ခဲ့ခြင်းအပေါ် အထူး ဂုဏ်ယူဝမ်းမြောက်မိကြောင်း ၊ တရုတ် နိုင်ငံ ပြည်သူလူထု ၏ နှစ်ပေါင်း (၇၀) အတွင်း ကြိုးပမ်း အားထုတ်မှုကြောင့် နှစ်ပေါင်း (၇၀) အတွင်း လူဦးရေသန်းပေါင်း (၇၀၀) ကျော် အား ဆင်းရဲနွမ်းပါးမှု မှ ကယ်တင်နိုင်ခဲ့ပြီး ယခု အချိန် တွင် ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အမြန်ဆုံး နှင့် ဒုတိယ စီးပွားရေး အင်းအား အကြီးဆုံး နိုင်ငံ အဖြစ် ကမ္ဘာတွင် အရေးပါသော အောင်မြင်သည့် နိုင်ငံ အဖြစ် ရပ်တည် နိုင်ခဲ့ခြင်း ကို ဝမ်းမြောက်ဖွယ် တွေ့ရှိခဲ့ရကြောင်း ၊ ၂၀၂၀ ခုနှစ် တွင် မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန် ဆက်ဆံမှု ထူထောင်ခြင်း နှစ် (၇၀)  အခမ်းအနား များအား မြန်မာ-တရုတ် နှစ်နိုင်ငံ တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၊ လက်ရှိအချိန် တွင် နှစ်နိုင်ငံ အကြား ဆက်ဆံရေး အား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး အဖြစ် သို့ တိုးမြှင့် နိုင်ခဲ့ပြီး ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲ နေထိုင်ရေး မူကြီး (၅) ချက် နှင့် အညီ အပြန်အလှန်လေးစားမှု နှင့် နားလှည်မှု ကို အခြေခံကာ ကဏ္ဍအသီးသီး တွင် အနီးကပ် ပူးပေါင်းဆောင်ရွက်မှု နှင့် မိတ်ဖက်ဆက်ဆံမှု ကို ပိုမို ကျယ်ပြန့်နက်ရှိုင်းအောင် ဆောင်ရွက်လျက် ရှိကြောင်း ၊ တရုတ် နိုင်ငံ က မြန်မာ နိုင်ငံ ၏ ကဏ္ဍ အသီးသီး တွင် အစဉ်တစိုက် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့သည့် အတွက် ကျေးဇူးတင်ရှိကြောင်း နှင့် အနာဂတ် တွင်လည်း တရုတ် နိုင်ငံ ၏ နားလည်မှု နှင့် အပြုသဘောဆောင်သည့် အကူအညီ များ ဆက်လက်ရရှိသွားမည် ကို ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံ ဒုတိယ သမ္မတ ဦးမြင့်ဆွေ က တရုတ် နိုင်ငံ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနား ၌ အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

 မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချန်းဟိုင် က တရုတ် နိုင်ငံ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနား ၌ အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံဆိုင်ရာ တရုတ် နိုင်ငံ သံအမတ်ကြီး ချန်းဟိုင် က အဖွင့် အမှာစကား ပြောကြားရာတွင် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ အနေဖြင့် လွန်ခဲ့သည့် နှစ်ပေါင်း (၇၀)  အတွင်း အလွန်ထူးခြားသည့် နှစ်ကာလ များအား ဖြတ်ကျော် ခဲ့ရပြီး အလွန်နောက်ကျသည့် အခြေအနေ မှ တမူထူးခြားသည့် တရုတ် နိုင်ငံ ဆိုရှယ်လစ်ဝါဒ ဖြင့် ခေတ်ကာလသစ် သို့ ရောက်ရှိနိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ၏ လွန်ခဲ့သည့် နှစ်ပေါင်း (၇၀) အတွင်း ပြုပြင်ပြောင်းလဲရေး ဖွံ့ဖြိုးတိုးတက်မှု ခရီးစဉ် အား ပြန်လည် သုံးသပ်မည် ဆိုပါက တရုတ်လူမျိုး ပြန်လည်ထူထောင်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေး က တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ နှင့် အစိုးရ ၏ လုပ်ငန်းဆောင်ရွက်ရန် အခြေခံဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ ကွန်မြူနစ်ပါတီ နှင့် အစိုးရ  က ရှေ့ဆက်၍ ပြည်သူ့ ဗဟိုပြုသော ဖွံ့ဖြိုးတိုးတက်ရေး အတွေးအမြင် ကို ခိုင်မြဲစွာ ဆက်လက် အကောင်အထည်ဖော်သွားမည် ဖြစ်ပြီး လှပသော ခေတ်သစ်ဆိုရှယ်လစ်ဝါဒ အင်အားကြီး နိုင်ငံဖြင့် တရုတ်လူမျိုးများ၏ စိတ်ကူးမျှော်မှန်းချက်ကို အကောင်အထည် ဖော်သွားမည် ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ၏ ဆက်ဆံရေး က ခေတ်ကာလသစ် သို့ စတင် ဝင်ရောက်ခဲ့ပြီးဖြစ်ကာ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းသစ် များကိုလည်း ရရှိခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် မြန်မာ နိုင်ငံ နှင့် အတူတကွ ကြိုးပမ်းကာ အဆင့်မြင့် အရာရှိ ကူးလူးဆက်ဆံရေး အား ဆောင်ရွက်သွားလိုကြောင်း ၊  တရုတ်-မြန်မာ ကံကြမ္မာ အကျိုးတူ အသိုက်အဝန်း တည်ဆောက် ပြီး ပိုမိုလှပ ကောင်းမွန်သော တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အား ချဲ့ထွင်သွားလိုကြောင်း ပြောကြားခဲ့သည်။

တရုတ် နိုင်ငံ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

တရုတ် နိုင်ငံ ထူထောင်ခြင်း နှစ် (၇၀) ပြည့် အခမ်းအနား ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

အခမ်းအနား သို့ မြန်မာ နိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း နှင့် ဇနီး ၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့် ပြည်ထောင်စုဝန်ကြီးများ နှင့် ဇနီးများ ၊ ပြည်ထောင်စု ရာထူးဝန် ဥက္ကဋ္ဌ ၊ တပ်မတော် မှ အရာရှိ များ နှင့် ဒုတိယ ဝန်ကြီးများ တက်ရောက် ခဲ့ကြသည်။ အခမ်းအနား တွင် တရုတ် နိုင်ငံ ထူထောင်ခြင်း နှစ်(၇၀) ပြည့် နိုင်ငံတကာ ဓာတ်ပုံပြပွဲ ၊ တရုတ်-မြန်မာ “ရပ်ဝန်း နှင့် ပိုးလမ်းမ” နှင့် နှစ်နိုင်ငံ စီးပွားရေး စင်္ကြ ံ အတူတကွ တည်ဆောက်ခြင်း နှင့် အောင်မြင်မှု ရလဒ် ပြပွဲ ကိုလည်း ထည့်သွင်း ပြသ ခဲ့ကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.