Connect with us

Social

တရုတ် နိုင်ငံပိုင် CITIC Group မှ ရေဘေးသင့် ဒေသသို့ ရဟတ်ယာဉ် စေလွှတ်၍ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ပါဝင်ဆောင်ရွက်

တရုတ် နိုင်ငံပိုင် CITIC Group မှ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် စေလွှတ်လိုက်သော ရဟတ်ယာဉ် (ဆင်ဟွာ)

ရန်ကုန် ၊ သြဂုတ် ၇ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံပိုင် CITIC Group သည် မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ်သံရုံး ၊ တရုတ်-မြန်မာ ချစ်ကြည်ရေး အသင်းနှင့် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း စသည့် သက်ဆိုင်ရာ ဌာနများမှ တဆင့် မြန်မာ နိုင်ငံ သက်ဆိုင်ရာ ဌာန များနှင့် ညှိင်းနှိုင်းပြီး မြန်မာနိုင်ငံ သမ္မတရုံးမှ ခွင့်ပြုမိန့် ရယူ၍ CITIC Group မှ Haizhi ရဟတ်ယာဉ်အား ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ရန် စေလွှတ်ခဲ့သည်။

CITIC Group မှ Haizhi ရဟတ်ယာဉ်သည် သြဂုတ်လ ၇ ရက်နေ့က Blue Sky အဖွဲ့ဝင် ၄ ဦးကို သယ်ဆောင်၍ မြန်မာ-တရုတ် ချစ်ကြည်ရေး အသင်း အတွင်းရေးမှူး ဦးမျိုးအောင်နှင့်တကွ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ် လေဆိပ် သို့သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။ ဧရာဝတီတိုင်း ဝန်ကြီးချုပ် ဦးသိန်းအောင်မှ လေဆိပ်တွင် လေယာဉ်မှူး အဖွဲ့ဝင်များ နှင့် Blue Sky အဖွဲ့ဝင်များအား တွေ့ဆုံခဲ့ပြီး CITIC Group မှ ရဟတ်ယာဉ် စေလွှတ်ခဲ့သည့် အတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ရောက်ရှိလာသည့် ကယ်ဆယ်ရေး အဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများမှ အနီးကပ် ပူးပေါင်း၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက် သွားရန်လည်း ပြောကြားခဲ့သည်။

Blue Sky ကယ်ဆယ်ရေး အဖွဲ့ဝင် များ လေဆိပ်သို့ ရောက်ရှိခဲ့စဉ် (ဆင်ဟွာ)

CITIC Group မှ Haizhi ရဟတ်ယာဉ်သည် မြန်မာနိုင်ငံ ရေဘေး ကယ်ဆယ်ရေး လုပ်ငန်းတွင် ပထမဆုံး ပါဝင်ခဲ့သည့် ပြည်ပ ကယ်ဆယ်ရေး ရဟတ်ယာဉ် ဖြစ်သည်။ တရုတ် နိုင်ငံ ကယ်ဆယ်ရေး ကူညီမှု သမိုင်း တလျှောက် တွင်လည်း ပထမဆုံး ပြည်ပနိုင်ငံသို့ ရဟတ်ယာဉ် စေလွှတ်ခဲ့ခြင်းဖြစ်သည်။ CITIC Group မှ ရဟတ်ယာဉ် စေလွှတ်သည့် အပြင် အမေရိကန် ဒေါ်လာ ၃ သိန်း တန်ဖိုးရှိ ကယ်ဆယ်ရေး ထောက်ပံ့မှု ပစ္စည်းများ လှူဒါန်းသွားမည် ဖြစ်သည်။ ကယ်ဆယ်ရေး အဖွဲ့မှ ဧရာဝတီ တိုင်းတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပြီးလျှင် ရခိုင်ပြည်နယ်သို့ သွားရောက်၍ ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိရသည်။

CITIC Group မှ Haizhi ရဟတ်ယာဉ်သည် အမျိုးအစား အမှတ် EC155B1 ဖြစ်ပြီး အလေးချိန် ၄,၉၂၀ ကီလိုဂရမ် ရှိသည်။ လောင်စာဆီ အပြည့်ဖြင့် ကုန်ပစ္စည်းအလေးချိန် ၈၀၀ ကီလိုဂရမ် ကို သယ်ဆောင်၍ ခရီးသည် ၁၂ ဦးလိုက်ပါနိုင်ပြီး ၃ နာရီခွဲ ခန့် မောင်းနှင် နိုင်ကြောင်း သိရှိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.