Education & Health
တရုတ်နိုင်ငံက အာဆီယံအား ထောက်ပံ့၍ မြန်မာနိုင်ငံအတွက် လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများ လွှဲပြောင်းပေးအပ်

ရန်ကုန်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက အာဆီယံအား ထောက်ပံ့၍ မြန်မာနိုင်ငံအတွက် လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး (sinopharm) များကို စက်တင်ဘာလ ၉ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ လွှဲပြောင်းပေးအပ်ခဲ့သည်။မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး သံမှူးကြီး Mr. Zheng Zhihong က မြန်မာနိုင်ငံအတွက်လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ် ဆေးအကြိမ်ရေ (Doses) ၂ သန်းနှင့် တွဲဖက်ဆေးထိုးအပ်များ ရန်ကုန်မြို့သို့ ပို့ဆောင်ခဲ့ကြောင်း၊ ယခင်က နှစ်ဦးနှစ်ဖက်လမ်းကြောင်းမှတစ်ဆင့် ကူညီလှူဒါန်းသည့် Vaccine များအပါအဝင် မြန်မာနိုင်ငံအတွက် ကာကွယ်ဆေး အကြိမ်ရေပေါင်း ၅၃ သန်း ထောက်ပံ့ပေးပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့လှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး နှင့်ဆေးကုသရေးပစ္စည်းများ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားကို စက်တင်ဘာလ ၉ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ကျင်းပပြုလုပ်စဉ်(ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ဩဂုတ်လ ၂၉ ရက်အထိ ၁၈ နှစ်အထက် လူဦးရေပေါင်း သန်း ၃၀ အား ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ကာ ထိုးနှံမှုနှုန်းအနေဖြင့် ၉၆ ရာခိုင်နှုန်း ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမင်းက အဆိုပါ လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။ (Xinhua)