Social
တရုတ်-မြန်မာ နိုင်ငံတကာလမ်းကြောင်းကြီး၏ အဓိကအစိတ်အပိုင်းဖြစ်သော တာလီ-ရွှေလီရထားလမ်း၏ ပေါင်တွမ်းလမ်းပိုင်းတည်ဆောက်မှု ကြီးမားသည့်တိုးတက်မှုရရှိ

ရန်ကုန်၊ ဧပြီ ၂၀ ရက် (ဆင်ဟွာ)
ဧပြီလ ၁၉ ရက်တွင် တရုတ်-မြန်မာ နိုင်ငံတကာလမ်းကြောင်းကြီး၏ အဓိကအစိတ်အပိုင်းဖြစ်သော ယူနန်ပြည်နယ် တာလီ-ရွှေလီရထားလမ်း၏ ပေါင်တွမ်းလမ်းပိုင်းတည်ဆောက်မှုသည် ကြီးမားသည့်တိုးတက်မှုရရှိခဲ့ကာ ပေါင်စန်းလိုဏ်ခေါင်းအား ဘေးကင်းစွာဖောက်လုပ်ပြီးစီးခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဧပြီ ၂၀ ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။

ယူနန်ပြည်နယ် တာလီ-ရွှေလီရထားလမ်း၏ ပေါင်တွမ်းလမ်းပိုင်းတည်ဆောက်မှုမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ– မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)

ယူနန်ပြည်နယ် တာလီ-ရွှေလီရထားလမ်း၏ ပေါင်တွမ်းလမ်းပိုင်းတည်ဆောက်မှုမြင်ကွင်းအားတွေ့ရစဉ် (ဓာတ်ပုံ– မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး)
ထို့ကြောင့် တာလီ-ရွှေလီရထားလမ်းတစ်လျှောက်ရှိ လိုဏ်ခေါင်း ၄၄ ခုအနက် လိုဏ်ခေါင်း ၂ ခုသာကျန်ရှိပြီး ၁၀ ကီလိုမီတာနှင့်အထက် လိုဏ်ခေါင်းတစ်ခုသာကျန်ရှိတော့ကြောင်း နှင့် ရထားလမ်းကြောင်းတစ်ခုလုံးအား အချိန်မီတည်ဆောက်ပြီးစီးနိုင်ရေးအတွက် ခိုင်မာသည့်အခြေခံအုတ်မြစ်ချပေးနိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)