Connect with us

Social

တရုတ်-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှု နှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန် “VR နည်းပညာဖြင့် သာယာလှပသော တရုတ်ပြည် ခရီးသွား ရသ ခံစားမှုပြပွဲ”  ကျင်းပ

“VR လှပသော တရုတ်ပြည်- ခရီးသွား အပြန်အလှန် လှုပ်ရှားရေး လက်တွေ့ခံစားမှုပြခန်း” အား ဖဲကြိုးဖြတ် ဖွင့်လှစ်နေစဉ်(ဆင်ဟွာ)

 

ရန်ကုန် ၊ ဇန်နဝါရီ ၂၂ ရက် (ဆင်ဟွာ)

“VR နည်းပညာဖြင့် သာယာလှပသော တရုတ်ပြည် ခရီးသွား ရသ ခံစားမှုပြပွဲ” ဖွင့်ပွဲ အခမ်းအနား အား ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်း အချိန်တွင် ရန်ကုန်မြို့ ရှိ တရုတ် ယဉ်ကျေးမှု စင်တာ ၌ တရားဝင် ဖဲကြိုးဖြတ် ဖွင့်လှစ်ပေး ခဲ့ပြီး အခမ်းအနား တက်ရောက် သည့် ဧည့်သည်တော် များ နှင့် ပရိသတ်များ က လက်တွေ့ခံစားမှုပြခန်း တွင် အဆင့်မြင့် နည်းပညာများ ကို ကိုယ်တိုင် ထိတွေ့ခံစား စေခဲ့သည်။

မြန်မာ နိုင်ငံ ဆိုင်ရာ တရုတ် နိုင်ငံ သံရုံး မှ ယဉ်ကျေးမှု သံမှူး Mr.Pan Feng(ဦးဘုန်းကျော်) ၊ ဟိုတယ် နှင့် ခရီးသွားလာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်း ၊ ရန်ကုန် အမျိုးသား ယဉ်ကျေးမှု အနုပညာ တက္ကသိုလ် ပါမောက္ခချုပ် ဦးအောင်နိုင်မြင့် ၊ ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ တာဝန်ခံ မစ္စ ရွှီလင်း(Ms.Xu Ling) ၊ မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းမြင့် ၊ ဦးနုဒေါ်မြရီဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းနု နှင့် အခြား ဖိတ်ကြားထားသည့် ဧည့်သည်တော် ၁၀၀ ခန့် တို့ က အခမ်းအနား အား တက်ရောက် ခဲ့သည်။

အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်) မှ ပါမောက္ခချုပ် ဦးအောင်နိုင်မြင့် က အဖွင့်အမှာစကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ကိုယ်စား အမျိုးသား ယဉ်ကျေးမှု နှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်) မှ ပါမောက္ခချုပ် ဦးအောင်နိုင်မြင့် က အဖွင့်အမှာစကား ပြောကြား ရာတွင် ယနေ့ ကျင်းပ ပြုလုပ်သည့် အခမ်းအနား တွင် VR နည်းပညာဖြင့် တရုတ် နိုင်ငံ ၏ သဘာဝ အလှအပ များ ကို ကိုယ်တိုင်သွားရောက် လည်ပတ် သကဲ့သို့  ခံစားတွေ့မြင် နိုင်မည် ဖြစ်ကြောင်း ၊ ယခု ကဲ့သို့ ရှုမျှော်ခင်း များ အား ခံစားလေ့လာနိုင်အောင် ဆောင်ရွက်ပေး သည့် တရုတ် ယဉ်ကျေးမှု စင်တာ အား အထူး ကျေးဇူးတင်ရှိကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ ယဉ်ကျေးမှု ဖလှယ်ရေး အစီအစဉ် တစ်ခု အနေဖြင့် ပြသသည့် “VR နည်းပညာဖြင့် သာယာလှပသော တရုတ်ပြည် ခရီးသွား ရသ ခံစားမှုပြပွဲ”  ကို ကြိုဆိုဂုဏ်ပြုပါကြောင်း ပြောကြား ခဲ့သည်။

မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းမြင့် က နှုတ်ခွန်းဆက် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

မြန်မာ နိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးအုန်းမြင့် က နှုတ်ခွန်းဆက် စကား ပြောကြားရာတွင် ယနေ့ ကျင်းပ ပြုလုပ်သည့် အခမ်းအနား က မြန်မာ-တရုတ်  ခရီးသွား လုပ်ငန်း မြှင့်တင်ရေးရန် ၊ ယဉ်ကျေးမှု ဖလှယ် နိုင်ရေး နှင့် ချစ်ကြည်ရင်းနှီးမှု အတွက် အရေးပါသည့် အခမ်းအနား တစ်ခု ဖြစ်ကြောင်း ၊ မြန်မာ-တရုတ် နှစ်နိုင်ငံ တွင် လည်ပတ်ချင်စရာ ကောင်းသော ရေမြေတောတောင်း သဘာဝ အလှများ လွန်စွာ များပြားပြီး ယင်း အလှအပ များကို ယနေ့ ကျင်းပ ပြုလုပ်သည့် အခမ်းအနား တွင် ကြည့်ရှုခံစားရမည် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်းဆောင်ရွက်ရာတွင် နှစ်နိုင်ငံ ယဉ်ကျေးမှုများ အား လေးစားတန်ဖို ထားပြီး ချစ်ချစ်ခင်ခင် ညှိနှိုင်းဆောင်ရွက်သွားရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ တာဝန်ခံ မစ္စ ရွှီလင်း က နှုတ်ခွန်းဆက် စကား ပြောကြား နေစဉ်(ဆင်ဟွာ)

ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ တာဝန်ခံ မစ္စ ရွှီလင်း က နှုတ်ခွန်းဆက် စကား ပြောကြားရာတွင်  ခရီးသွား လုပ်ငန်း သည် ယဉ်ကျေးမှု ပြန့်ပွားအောင် လုပ်ဆောင်ခြင်း ၊ ယဉ်ကျေးမှု အပြန်အလှန် ဖလှယ်ဆက်ဆံခြင်း နှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ခြင်း များ အတွက် ပေါင်းကူးတံတား တစ်စင်း ဖြစ်ကြောင်း ၊ တရုတ်-မြန်မာ နှစ်နိုင်ငံ တွင် ကာလကြာရှည်လှသော သမိုင်းယဉ်ကျေးမှု နှင့် ပြည့်စုံ ကြွယ်ဝလှသော ခရီးသွား အရင်းအမြစ်များ ကိုယ်စီ ရှိကြကြောင်း ၊ တရုတ်-မြန်မာ ယဉ်ကျေးမှု နှင့် ခရီးသွားလာရေးနှစ်  စတင်ခြင်း ကို အကြောင်းပြု၍ နှစ်နိုင်ငံ ယဉ်ကျေးမှု နှင့် ခရီးသွားလာရေး ကဏ္ဍပိုင်း ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု များ ကို ရှေ့ဆက် ပိုမို ဖွံ့ဖြိုးတိုးတက်နိုင်စေမည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

ရန်ကုန်တိုင်း ဒေသကြီး ဟိုတယ် နှင့် ခရီးသွားလာရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းမောင်စိုး က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြား နေစဉ်(ဆင်ဟွာ)

ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ က စင်တာ ၏ လုပ်ငန်းတာဝန် နှင့် ပြပွဲ နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ က စင်တာ ၏ လုပ်ငန်းတာဝန် နှင့် ပြပွဲ နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ က စင်တာ ၏ လုပ်ငန်းတာဝန် နှင့် ပြပွဲ နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ က စင်တာ ၏ လုပ်ငန်းတာဝန် နှင့် ပြပွဲ နှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲ ကျင်းပ ပြုလုပ်နေစဉ်(ဆင်ဟွာ)

ရန်ကုန်တိုင်း ဒေသကြီး ဟိုတယ် နှင့် ခရီးသွားလာရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းမောင်စိုး က ဆင်ဟွာ သတင်းဌာန ၏ မေးမြန်းမှု အား ဖြေကြားရာတွင် မြန်မာ နိုင်ငံ အနေဖြင့် ခရီးသွားရေးစီကြောင်း ပြောင်းလဲမှု နှင့် ဈေးကွက်ပြောင်းလဲမှု တို့ အား သိရှိရန် လိုအပ်ကြောင်း ၊ မြန်မာ နိုင်ငံ အနေဖြင့် လက်ရှိချိန် တွင် ဒီဂျစ်တယ်မှု ပြုခြင်း ဆောင်ရွက်နေသော်လည်း VR ကဲ့သို့ နည်းပညာလည်း လိုအပ်ကြောင်း ၊ ယခု ကဲ့သို့သော နည်းပညာမျိုး ဖြင့် မြန်မာ ခရီးသွား လုပ်ငန်း အား နိုင်ငံတကာ တွင် ပြသ ပါက ပိုမို ထိရောက်ပြီး စိတ်ဝင်စားမှု ပိုမို ရရှိနိုင်မည် ဖြစ်ကြောင်း ၊ အလားတူပွဲမျိုး ဆက်လက် ပြုလုပ်သွားပေးရန် မျှော်လင့်ကြောင်း ပြောကြား ခဲ့သည်။

အခမ်းအနား မစတင်မီ ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာ က သတင်းစာ ရှင်းလင်းပွဲ တစ်ရပ် ကျင်းပ ပြုလုပ် ခဲ့ပြီး တရုတ် ယဉ်ကျေးမှု စင်တာ ၏ လုပ်ငန်းတာဝန် နှင့် “VR လှပသော တရုတ်ပြည်- ခရီးသွား အပြန်အလှန် လှုပ်ရှားရေး လက်တွေ့ခံစားမှုပြခန်း” အကြောင်း အား တရုတ်-မြန်မာ နှစ်နိုင်ငံ မီဒီယာ များထံ ရှင်းလင်း ပြောကြား ခဲ့သည်။ ပြပွဲ အား ဖေဖော်ဝါရီ ၈ ရက်နေ့ အထိ ကျင်းပ ပြုလုပ်သွားမည် ဖြစ်ပြီး ပြည်သူလူထု များ အနေဖြင့် ရန်ကုန် တရုတ် ယဉ်ကျေးမှု စင်တာတွင် အခမဲ့ လာရောက် ကြည့်ရှုနိုင်ကြောင်း သိရှိရသည်။(Xinhua)