Connect with us

Social

မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့် အထိမ်းအမှတ်၊ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ၁၅ နှစ်ပြည့် ပြပွဲ ရန်ကုန်မြို့၌ ဖွင့်လှစ်

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ ရက် (ဆင်ဟွာ)

မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကုမ္ပဏီက ကြီးမှူးကျင်းပသည့် ” မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့် အထိမ်းအမှတ်၊ မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်း ၁၅ နှစ်ပြည့် ပြပွဲ” ကို ရန်ကုန်မြို့၌ ဒီဇင်ဘာ ၁၁ ရက်က ကျင်းပခဲ့သည်။ပြပွဲအား တရုတ် အမျိုးသား ရေနံ ကော်ပိုရေးရှင်း (CNPC) ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံမှ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များကို ဖိတ်ကြားခဲ့ပြီး အတူတကွ လာရောက် လေ့လာခြင်းနှင့် ဆွေးနွေးဖလှယ်ခြင်းများ ပြုလုပ်ခဲ့သည်။ အဆိုပါ ပြပွဲကို ဒီဇင်ဘာလ ၁၂ ရက်တွင် ရန်ကုန်မြို့ရှိ တရုတ်ယဉ်ကျေးမှုစင်တာ၌ အများပြည်သူအတွက် တစ်ပတ်ကြာ ဖွင့်လှစ်ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

ပြပွဲတွင် သမိုင်းဝင် ဓာတ်ပုံ ၂၀၀ နီးပါး၊ အဖိုးတန် စာရွက်စာတမ်းနှင့် ပစ္စည်း ၃၀ ကျော်တို့မှတစ်ဆင့် မြန်မာ-တရုတ် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက်ရေး သမိုင်းကြောင်းနှင့် လုပ်ငန်း လည်ပတ်မှု စီမံခန့်ခွဲမှု အောင်မြင်မှုများကို စနစ်တကျ ပြန်လည်ဖော်ပြထားသည်။ ထို့အပြင် စွမ်းအင် ထောက်ပံ့ရေး၊ ပြည်သူ့အကျိုးပြု လူမှုဘဝ၊ လူရည်ချွန် မွေးထုတ်ရေးနှင့် ယဉ်ကျေးမှုဖလှယ်ရေး စသည့် နယ်ပယ်များတွင် စီမံကိန်း၏ အောင်မြင်သော ရလဒ်များကို အဓိက ဖော်ပြထားပြီး စွမ်းအင် ပူးပေါင်းဆောင်ရွက်မှု၏ တန်ဖိုးကို ပီပြင်စွာ ရှင်းလင်းထားကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117