Connect with us

NPC

ယခုနှစ်တွင် ၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း ရေးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဟု အစိုးရလုပ်ငန်းအစီရင်ခံစာတွင် လီချန်ပြောကြား

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ် အစည်းအဝေးဖွင့်ပွဲအခမ်းအနားကို မတ်လ ၅ ရက်တွင် ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမဆောင်၌ ကျင်းပစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)
ယခုနှစ်တွင် ၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း ရေးဆွဲခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က မတ်လ ၅ ရက်၌ ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ တတိယအကြိမ် အစည်းအဝေးမှာ တင်ပြသော အစိုးရလုပ်ငန်းအစီရင်ခံစာတွင် ပြောကြားခဲ့သည်။ ၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း ကာလ အပိုင်းအခြားလိုက် ထူးခြားသည့် ဝိသေသလက္ခဏာအသစ်များကို ထဲထဲဝင်ဝင် လေ့လာသုံးသပ်သွားမည် ဖြစ်ပြီး ဖွံ့ဖြိုးရေး ရည်မှန်းချက်များကို သိပ္ပံနည်းကျ အတည်ပြုခြင်း၊ ကြီးမားသည့် မဟာဗျူဟာမြောက်တာဝန်များ၊ အရေးကြီးသည့် မူဝါဒအစီအမံများ၊ အရေးကြီးသည့် အင်ဂျင်နီယာ စီမံကိန်းများကို ကောင်းမွန်စွာ ရေးဆွဲသွားမည်ဖြစ်ရာ အစီအစဉ်ရေးဆွဲမှုက လူမှုစီးပွား တိုးတက်ရေးအပေါ် ဦးဆောင်လမ်းညွှန်သည့် အခန်းကဏ္ဍကို ပို၍ကောင်းမွန်စွာ ဖော်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
——————————–
(Chinese Version)
两会·要闻|李强在政府工作报告中表示,今年将开展“十五五”规划编制工作
新华社北京3月5日电 国务院总理李强5日在政府工作报告中表示,今年将开展“十五五”规划编制工作。要深入分析“十五五”时期新的阶段性特征,科学确定发展目标,谋划好重大战略任务、重大政策举措、重大工程项目,更好发挥规划对经济社会发展的引领指导作用。(完)
1. 3月5日,十四届全国人大三次会议开幕会在北京人民大会堂举行。