Connect with us

NPC

နယ်စပ်ဖြတ်ကျော် ဆက်သွယ်ရေးလိမ်လည်မှုကို ပြင်းပြင်းထန်ထန် တိုက်ဖျက်မည်

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ချန်ဆွေလေဆိပ်တွင် မြန်မာနိုင်ငံ မြောက်ပိုင်း ဆက်သွယ်ရေးလိမ်လည်မှုဂိုဏ်း အဓိကခေါင်းဆောင်တစ်ဦးဖြစ်သော ပယ်ဆောက်ချိန်အား တရုတ်ပြည်သူ့လုံခြုံရေးဌာနက အောင်မြင်စွာ ထိန်းသိမ်းခေါ်ဆောင်လာသည်ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ)

ဆက်သွယ်ရေးလိမ်လည်မှုများ နေရာအနှံ့တွင် စိမ့်ဝင်လျက်ရှိရာ ပြည်သူလူထုက လွန်စွာ မုန်းတီးနာကြည်းလျက်ရှိကြကြောင်း တရုတ်နိုင်ငံ အမြင့်ဆုံး ပြည်သူ့အစိုးရရှေ့နေချုပ်ရုံး ဥပဒေရေးရာ မူဝါဒ သုတေသနဌာန ညွှန်ကြားရေးမှူး၊ လုပ်ငန်းအစီရင်ခံစာမူကြမ်း ရေးဆွဲရေးအဖွဲ့ တာဝန်ခံ ယန်ကျန့်ပေါက ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်တွင် အစိုးရရှေ့နေအဖွဲ့များက သက်ဆိုင်ရာဌာနများနှင့်အတူ ဆက်သွယ်ရေးလိမ်လည်မှုကျူးလွန်သူ ၆၉,၀၀၀ ကို တရားစွဲဆိုခဲ့ပြီး မြန်မာနိုင်ငံ မြောက်ပိုင်းရှိ “မိသားစုကြီးလေးစု” မှ လူပေါင်း ၂၈၅ ဦးအား တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံ မြောက်ပိုင်း “မိသားစုကြီးလေးစု” ရာဇဝတ်ဂိုဏ်းအမှုအားလုံးမှာ တရားစီရင်ရေး လုပ်ငန်းစဉ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း၊ မြန်မာနိုင်ငံ မြောက်ပိုင်းရှိ မြီမိသားစု၊ ပယ်မိသားစု ရာဇဝတ်ဂိုဏ်းများမှ အဖွဲ့ဝင် ၁၆ ဦးအား ချက်ချင်းသေဒဏ်စီရင်ရန် အမိန့်ချမှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ဆိုက်ဘာစပေ့ (Cyberspace) သည် ဥပဒေပြင်ပနေရာမဟုတ်ကြောင်း၊ ပုံရိပ်ယောင်လောကသည်လည်း သန့်ရှင်း၍စနစ်ကျမှုရှိရန် လိုအပ်ကြောင်း၊ အစိုးရရှေ့နေအဖွဲ့များအနေဖြင့် အွန်လိုင်းအကြမ်းဖက်မှု၊ အွန်လိုင်းလိမ်လည်မှု၊ အကျိုးယူ၍ အင်တာနက်တွင် ရေးသားသူများ၏ ပြစ်မှုကျူးလွန်မှုများကို ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားကာ ကြည်လင်သန့်စင်သည့် ဆိုက်ဘာစပေ့ကို တည်ဆောက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
两会热词丨严厉打击跨境电诈犯罪
权威解读
最高人民检察院法律政策研究室主任、工作报告起草组负责人杨剑波:电诈犯罪无孔不入,人民群众深恶痛绝。2025年,检察机关协同有关部门共起诉电诈犯罪6.9万人,并对缅北“四大家族”285人提起公诉。目前,缅北“四大家族”犯罪集团案已全部进入司法程序,缅北明家、白家犯罪集团16人被判处死刑立即执行。
网络空间不是法外之地,虚拟世界也需朗朗乾坤。检察机关坚决惩治网络暴力、网络敲诈、“网络水军”等违法犯罪,营造清朗网络空间。
1. 在云南昆明长水机场,缅北果敢电诈犯罪集团重要头目白所成被我公安机关成功押解回国(2024年1月30日摄)。新华社记者 殷刚 摄