Connect with us

NPC

ယခုနှစ် တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး အဓိကရည်မှန်းချက်များအား အစိုးရလုပ်ငန်းအစီရင်ခံစာတွင် လီချန် အဆိုပြုပြောကြား

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ စတုတ္ထအကြိမ် အစည်းအဝေးကို ၂၀၂၆ ခုနှစ် မတ် ၅ ရက်တွင် တရုတ်နိုင်ငံ ပေကျင်း‌မြို့ ပြည်သူ့ခန်းမဆောင်၌ ကျင်းပရာ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က အစိုးရလုပ်ငန်းအစီရင်ခံစာ တင်သွင်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

ယခုနှစ် တရုတ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေး အဓိကရည်မှန်းချက်များကို တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က မတ် ၅ ရက်တွင် တင်သွင်းသော အစိုးရလုပ်ငန်းအစီရင်ခံရာ၌ အဆိုပြုပြောကြားခဲ့သည်။ ၎င်းတို့မှာ စီးပွားရေးတိုးတက်မှုအနေဖြင့် ၄.၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိဖြစ်ပြီး လက်တွေ့လုပ်ငန်းများတွင် ပို၍ကောင်းမွန်သော ရလဒ်များရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ရန်၊ မြို့ပြစစ်တမ်းကောက်ယူသော အလုပ်လက်မဲ့နှုန်း ၅.၅ ရာခိုင်နှုန်းခန့်ဖြစ်ပြီး မြို့ပြအလုပ်အကိုင်နေရာသစ် ၁၂ သန်းကျော် ဖော်ဆောင်ရန်၊ စားသုံးသူဈေးနှုန်းအညွှန်းကိန်း မြင့်တက်မှု ၂ ရာခိုင်နှုန်းခန့်ဖြစ်စေရန်၊ ပြည်သူ့ဝင်ငွေတိုးတက်မှုနှင့် စီးပွားရေးတိုးတက်မှု ထပ်တူကျစေရန်၊ နိုင်ငံတကာငွေပေးငွေယူရှင်းတမ်း အခြေခံအားဖြင့် ဟန်ချက်ညီစေရန်၊ စားနပ်ရိက္ခာထုတ်လုပ်မှုပမာဏ ကျင်း ၁.၄ ထရီလီယံခန့် ရှိစေရန်၊ GDP တစ်ယူနစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု ၃.၈ ရာခိုင်နှုန်းဝန်းကျင် လျှော့ချရန် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အဆိုပါ အကြိုရည်မှန်းချက်များ တင်သွင်းအဆိုပြုရခြင်းမှာ အဓိကအားဖြင့် အဖွင့်နှစ်တွင် ဖွဲ့စည်းပုံချိန်ညှိရန်၊ ဖြစ်နိုင်ခြေအန္တရာယ်ကို ကာကွယ်ရန်၊ ပြုပြင်ပြောင်းလဲမှု မြှင့်တင်ရေးအတွက် အလားအလာထားရှိရန်၊ နောက်ပိုင်းကာလ၌ ပို၍ ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကို အခိုင်အမာ တည်ဆောက်ရန် ထည့်သွင်းစဉ်းစားခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။

စီးပွားရေး တိုးတက်မှု ရည်မှန်းချက်မှာ ၂၀၃၅ ခုနှစ် ရေရှည်ရည်မှန်းချက်ပန်းတိုင်နှင့် ယေဘုယျအားဖြင့် ချိတ်ဆက်မှုရှိပြီး တရုတ်နိုင်ငံ စီးပွားရေး ရေရှည်တိုးတက်မှု အလားအလာနှင့် အခြေခံအားဖြင့် ကိုက်ညီကြောင်း၊ ယင်းရည်မှန်းချက်ကို ဖော်ဆောင်ရန် အထောက်အပံ့အခြေအနေကောင်းများ ရှိရာ ဒေသအသီးသီးက လက်တွေ့နှင့်ပေါင်းစပ်ကာ ရလဒ်ကောင်းများ ရရှိစေရန် လုပ်ငန်းများကို ခိုင်ခိုင်မာမာဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ မြို့ပြစစ်တမ်းကောက်ယူသည့် အလုပ်လက်မဲ့နှုန်း ၅.၅ ရာခိုင်နှုန်းခန့် သတ်မှတ်ချက်မှာ အလုပ်အကိုင်နေရာချထားမှု စုစုပေါင်းပမာဏနှင့် ဖွဲ့စည်းပုံဖိအား အလိုက်သင့် ကြီးမားနေသည့်အခြေအနေအောက်တွင် အလုပ်အကိုင်နေရာချထားရေး ဦးစားပေးမူဝါဒ လမ်းညွှန်ချက်နှင့် အလုပ်အကိုင်တည်ငြိမ်မှုမြှင့်တင်ရေး၏ တောင်းဆိုချက်ကို ခိုင်မာစွာ လက်ကိုင်ပြုထားခြင်းအား ဖော်ပြကြောင်း၊ စားသုံးသူဈေးနှုန်းအညွှန်းကိန်း မြင့်တက်မှု ၂ ရာခိုင်နှုန်းခန့် လျာထားချက်မှာ အကြိုလမ်းညွှန်မှုနှင့် လက်တွေ့ဖြစ်နိုင်ခြေကို ထည့်သွင်းစဉ်းစားခြင်း ဖြစ်ရာ မိမိတို့၏ ရောင်းလိုအားနှင့် ဝယ်လိုအား ဆက်စပ်မှုကို ကောင်းမွန်အောင် ပြောင်းလဲခြင်းမှတစ်ဆင့် ဈေးနှုန်း၏ယေဘုယျအဆင့်ကို အနုတ်မှ အပေါင်းသို့ ပြောင်းလဲကာ စားသုံးသူဈေးနှုန်းများ သင့်တင့်မျှတမှုရှိစွာ ပြန်လည်မြင့်တက်ရေး တွန်းအားပေးပြီး စီးပွားရေးအပြုသဘောလည်ပတ်မှုကို မြှင့်တင်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

GDP တစ်ယူနစ်လျှင် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု ၃.၈ ရာခိုင်နှုန်းဝန်းကျင် လျှော့ချရန် လျာထားခြင်းမှာ လူမှုစီးပွားတိုးတက်ရေး၊ အစိမ်းရောင်ကာဗွန်လျော့နည်းအသွင်ပြောင်းရေးနှင့် နိုင်ငံစွမ်းအင်လုံခြုံရေး စသည့်အမျိုးမျိုးသော လိုအပ်ချက်များကို ဘက်စုံထည့်သွင်းစဉ်းစားခြင်း ဖြစ်ရာ ၂၀၃၀ ပြည့်နှစ် မတိုင်မီ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု အမြင့်ဆုံးမှ ပြန်လည်လျှော့ချရေး (Carbon Peak) ရည်မှန်းချက်ကို စနစ်တကျ ဖော်ဆောင်ရာတွင် အကျိုးဖြစ်ထွန်းစေကြောင်း သိရသည်။ (Xinhua)

——————-
(Chinese Version)
两会受权发布|李强在政府工作报告中提出今年发展主要预期目标
新华社北京3月5日电 国务院总理李强5日在政府工作报告中提出,今年发展主要预期目标是:经济增长4.5%-5%,在实际工作中努力争取更好结果;城镇调查失业率5.5%左右,城镇新增就业1200万人以上;居民消费价格涨幅2%左右;居民收入增长和经济增长同步;国际收支基本平衡;粮食产量1.4万亿斤左右;单位国内生产总值二氧化碳排放降低3.8%左右。
提出这些预期目标,主要考虑是开局之年为调结构、防风险、促改革留出空间,为后期更好发展打牢基础。经济增长目标同2035年远景目标总体衔接,与我国经济长期增长潜力基本吻合,实现这个目标具备有利条件,各地区要结合实际,通过扎实工作争取好的结果。城镇调查失业率5.5%左右,体现了在就业总量和结构性压力较大的情况下,坚持就业优先政策导向和加大稳就业力度的要求。居民消费价格涨幅2%左右,考虑了预期引导和现实可能,我们将通过改善总供求关系,推动价格总水平由负转正、消费价格合理温和回升,促进经济良性循环。单位国内生产总值二氧化碳排放降低3.8%左右,综合考虑了经济社会发展、绿色低碳转型和国家能源安全等多种需要,有利于有序实现2030年前碳达峰目标。(完)
1. 3月5日,十四届全国人大四次会议开幕会在北京人民大会堂举行。国务院总理李强作政府工作报告。 新华社记者 黄敬文 摄