Connect with us

NPC

ယခုနှစ် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှု အထွေထွေမျှော်မှန်းချက်အား လီချန်က အစိုးရလုပ်ငန်းအစီရင်ခံစာတွင် အဆိုပြု

(၁၄) ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ စတုတ္ထအကြိမ် အစည်းအဝေးကို ၂၀၂၆ ခုနှစ် မတ် ၅ ရက်တွင် တရုတ်နိုင်ငံ ပေကျင်း‌မြို့ ပြည်သူ့ခန်းမဆောင်၌ ကျင်းပစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် မတ် ၅ ရက်တွင် တရုတ်နိုင်ငံ ပေကျင်း‌မြို့ ပြည်သူ့ခန်းမဆောင်၌ ကျင်းပသည့် (၁၄) ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ စတုတ္ထအကြိမ် အစည်းအဝေးတွင် အစိုးရလုပ်ငန်းအစီရင်ခံစာ တင်ပြရာ၌ ယခုနှစ်သည် “၁၅ ကြိမ်မြောက် ၅ နှစ်စီမံကိန်း” ၏ အဖွင့်နှစ်ဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။
အစိုးရလုပ်ငန်းအား ကောင်းမွန်စွာ လုပ်ဆောင်ရာ၌ ရဲဘော်ရှီကျင့်ဖိန်အား အမှူးပြုသည့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၏ ခိုင်မြဲသော ဦးဆောင်မှုအောက်တွင် ရှီကျင့်ဖိန်၏ ခေတ်သစ် တရုတ်ဝိသေသလက္ခဏာဆောင်သော ဆိုရှယ်လစ်ဝါဒအတွေးအခေါ်ကို လမ်းညွှန်ချက်အဖြစ် ထားရှိပြီး ပါတီ၏ ၂၀ ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ပါတီညီလာခံနှင့် ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ကျင်းပခဲ့ပြီးသော မျက်နှာစုံညီအစည်းအဝေးများ၏ စိတ်ဓာတ်ကို နက်ရှိုင်းစွာ ကျင့်သုံးကာ ၂၀ ကြိမ်မြောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးနှင့် ဗဟိုစီးပွားရေးလုပ်ငန်းအစည်းအဝေး၏ စီမံဖြန့်ကြက်နေရာချထားမှုများကို သေချာစွာ အကောင်အထည်ဖော်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဖွံ့ဖြိုးတိုးတက်မှုအယူအဆအသစ်အား ပြည့်စုံတိကျမှုနှင့် ဘက်စုံ ကျင့်သုံး၍ ဖွံ့ဖြိုးတိုးတက်မှု အခင်းအကျင်းအသစ် တည်ဆောက်မှုကို အရှိန်မြှင့်ဖော်ဆောင်ကာ အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုကို အင်တိုက်အားတိုက် တွန်းအားပေးရမည်ဖြစ်ကြောင်း၊ တည်ငြိမ်စွာ တိုးတက်အောင် ဆောင်ရွက်ခြင်း ဟူသည့် လုပ်ငန်းအခြေခံကို အခိုင်အမာ လက်ကိုင်ထားကာ ပြည်တွင်းပြည်ပ အခင်းအကျင်းကြီးနှစ်ရပ်ကို စုစည်းစီမံညှိနှိုင်းရမည်ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံမှုအား ပို၍ကောင်းမွန်စွာ စီမံခန့်ခွဲပြီး ပိုမိုအပြုသဘောဆောင်၍ တိုးတက်မှုရှိသော မက်ခရိုမူဝါဒအား ဖော်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မူဝါဒ၏ အမြော်အမြင်ရှိမှု၊ ဦးတည်ချက်ရှိမှု၊ ညှိနှိုင်းမှုရှိမှုတို့အား မြှင့်တင်ကာ ပြည်တွင်းဝယ်လိုအားတိုးချဲ့ခြင်း၊ ထောက်ပံ့မှုအား ကောင်းမွန်အောင် ဆောင်ရွက်ခြင်း၊ အရည်အသွေးကောင်းမွန်စွာဖြင့် ပမာဏမြှင့်တင်ခြင်း၊ ရှိရင်းစွဲအရင်းအမြစ်များအား ကောင်းမွန်စွာ အသုံးချခြင်းတို့ကို စဉ်ဆက်မပြတ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဒေသန္တရအခြေအနေအလျောက် အရည်အသွေးသစ် ကုန်ထုတ်စွမ်းအားကို ဖော်ဆောင်ကာ တစ်နိုင်ငံလုံး တစ်ပြေးညီဈေးကွက် တည်ဆောက်မှုကို နက်ရှိုင်းကျယ်ပြန့်စွာ တွန်းအားပေးဖော်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဓိကကဏ္ဍဆုံးရှုံးနိုင်ခြေများကို စဉ်ဆက်မပြတ် ကြိုတင်ကာကွယ်ဖြေရှင်းကာ လုပ်ငန်းခွင်ဝင်မှု တည်ငြိမ်ရေး၊ လုပ်ငန်းကုမ္ပဏီများ တည်ငြိမ်ရေး၊ ဈေးကွက်တည်ငြိမ်‌ရေး၊ မျှော်မှန်းချက်တည်ငြိမ်ရေးကို အဓိကထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စီးပွားရေးတွင် အရည်အသွေးအရ ထိရောက်စွာမြင့်တက်မှုနှင့် ပမာဏအရ သင့်တင့်စွာ တိုးတက်မှုကို တွန်းအားပေးကာ လူမှုအသိုက်အဝန်း သဟဇာတရှိစွာ တည်ငြိမ်ခြင်းကို ထိန်းသိမ်းပြီး “၁၅ ကြိမ်မြောက် ၅ နှစ် စီမံကိန်း” ၏ ကောင်းမွန်သော အစအဖွင့်ကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
两会受权发布|李强在政府工作报告中提出今年经济社会发展总体要求
新华社北京3月5日电 国务院总理李强5日在政府工作报告中指出,今年是“十五五”开局之年。做好政府工作,要在以习近平同志为核心的党中央坚强领导下,以习近平新时代中国特色社会主义思想为指导,深入贯彻党的二十大和二十届历次全会精神,认真落实党的二十届四中全会和中央经济工作会议部署,完整准确全面贯彻新发展理念,加快构建新发展格局,着力推动高质量发展,坚持稳中求进工作总基调,统筹国内国际两个大局,更好统筹发展和安全,实施更加积极有为的宏观政策,增强政策前瞻性针对性协同性,持续扩大内需、优化供给,做优增量、盘活存量,因地制宜发展新质生产力,纵深推进全国统一大市场建设,持续防范化解重点领域风险,着力稳就业、稳企业、稳市场、稳预期,推动经济实现质的有效提升和量的合理增长,保持社会和谐稳定,实现“十五五”良好开局。(完)
图说:3月5日,十四届全国人大四次会议开幕会在北京人民大会堂举行。 新华社记者 黄敬文 摄