Connect with us

NPC

ဟောင်ကောင်၊ မကာအို၊ ထိုင်ဝမ်ရေးရာလုပ်ငန်းနှင့်စပ်လျဉ်း၍ အစိုးရလုပ်ငန်းအစီရင်ခံစာတွင် လီချန် ပြောကြား

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ၂၀၂၆ ခုနှစ် မတ် ၅ ရက်တွင် တရုတ်နိုင်ငံ ပေကျင်း‌မြို့ ပြည်သူ့ခန်းမဆောင်၌ ကျင်းပစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က မတ် ၅ ရက်တွင် အစိုးရလုပ်ငန်းအစီရင်ခံစာ တင်သွင်းရာ၌ မိမိတို့အနေဖြင့် “တစ်နိုင်ငံ စနစ်နှစ်မျိုး”၊ “ဟောင်ကောင်အား ဟောင်ကောင်သားများ အုပ်ချုပ်ခြင်း” ၊ “မကာအိုအား မကာအိုသားများ အုပ်ချုပ်ခြင်း” နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် မြင့်မားခြင်း ဟူသော လမ်းညွှန်မူဝါဒများကို မမှိတ်မသုန် မြဲမြံစွာ ဖော်ဆောင်သွားမည် ဖြစ်သလို “နိုင်ငံအား ချစ်မြတ်နိုးသူ ဟောင်ကောင်အား အုပ်ချုပ်ခြင်း”၊ “နိုင်ငံအား ချစ်မြတ်နိုးသူ မကာအိုအား အုပ်ချုပ်ခြင်း” ဟူသော အခြေခံမူကို အကောင်အထည်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ ဟောင်ကောင်နှင့် မကာအို၏ ဥပဒေနှင့်အညီ စီမံခန့်ခွဲမှု ထိရောက်နိုင်စွမ်းကို မြှင့်တင်ကာ ဟောင်ကောင်နှင့် မကာအို၏ လူမှုစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို တိုးမြှင့်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အခင်းအကျင်းကြီးတွင် ဟောင်ကောင်နှင့် မကာအိုက ပို၍ ကောင်းမွန်စွာ ပေါင်းစည်းပါဝင်ရေးနှင့် အကျိုးထမ်းပိုးရေးကို ထောက်ခံအားပေးမည် ဖြစ်ကြောင်း၊ ဟောင်ကောင်နှင့် မကာအိုတို့၏ အမိနိုင်ငံကို ကျောထောက်နောက်ခံပြု၍ ကမ္ဘာနှင့်ချိတ်ဆက်သည့် တစ်မူထူးခြားသော အားသာချက်နှင့် အရေးကြီးအခန်းကဏ္ဍကို အသုံးပြုကာ ဟောင်ကောင်၊ မကာအိုတို့၏ ရေရှည် စည်ပင်ဝပြောစွာဖြင့် တည်ငြိမ်ခြင်းကို မြှင့်တင်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

မိမိတို့သည် ခေတ်သစ်ကာလ ထိုင်ဝမ်အရေး ဖြေရှင်းမှုဆိုင်ရာ ပါတီ၏ အလုံးစုံနည်းဗျူဟာကို နက်ရှိုင်းစွာ ဖော်ဆောင်ရမည် ဖြစ်ကြောင်း၊ တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် “၁၉၉၂ ခုနှစ် သဘောတူညီချက်” ကို အခိုင်အမာလက်ကိုင်ထားရန်၊ “ထိုင်ဝမ်ခွဲထွက်ရေး” အင်အားစုများကို ပြတ်ပြတ်သားသား တိုက်ဖျက်ရန်၊ ပြည်ပအင်အားစုများ၏ ကြားဝင်စွက်ဖက်မှုကို ဆန့်ကျင်ရန်၊ ရေလက်ကြားနှစ်ဖက်ဒေသ ဆက်ဆံရေး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်စေရေးကို တွန်းအားပေးကာ အမိနိုင်ငံပေါင်းစည်းရေးလုပ်ငန်းကြီးကို ရှေ့သို့တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရေလက်ကြားနှစ်ဖက်ဒေသ ပူးပေါင်းဖလှယ်ရေးနှင့် ပေါင်းစည်းတိုးတက်ရေးကို နက်ရှိုင်းစေရန်၊ တရုတ်ယဉ်ကျေးမှုကို အတူတကွ လက်ဆင့်ကမ်းမြှင့်တင်ရန်၊ ထိုင်ဝမ်သွေးချင်းများ တန်းတူညီမျှ ခံစားခွင့်ရှိသော မူဝါဒများကို ဖော်ဆောင်ရန်၊ ရေလက်ကြားနှစ်ဖက်ဒေသ သွေးချင်းများ၏ အကျိုးစီးပွားကို မြှင့်တင်ရန်၊ အမျိုးသားမဟာပြန်လည်အားသစ်လောင်းရေးကဏ္ဍကို အတူတကွ ဖွင့်လှစ်ရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက အဆိုပြု တင်သွင်းခဲ့သည်။ (Xinhua)

——————
(Chinese Version)
两会受权发布|李强在政府工作报告中谈港澳台工作
新华社北京3月5日电 国务院总理李强5日在政府工作报告中表示,我们要坚定不移贯彻“一国两制”、“港人治港”、“澳人治澳”、高度自治方针,落实“爱国者治港”、“爱国者治澳”原则,提升港澳依法治理效能,促进港澳经济社会发展。支持港澳更好融入和服务国家发展大局,发挥港澳背靠祖国、联通世界独特优势和重要作用,促进香港、澳门长期繁荣稳定。
我们要深入贯彻新时代党解决台湾问题的总体方略,坚持一个中国原则和“九二共识”,坚决打击“台独”分裂势力,反对外部势力干涉,推动两岸关系和平发展、推进祖国统一大业。深化两岸交流合作和融合发展,共同传承弘扬中华文化,落实台湾同胞享受同等待遇政策,增进两岸同胞福祉,共同开创民族复兴伟业。(完)
图说:3月5日,十四届全国人大四次会议开幕会在北京人民大会堂举行。新华社记者 申宏 摄