Connect with us

NPC

နိုင်ငံခြားရေးလုပ်ငန်းအား အစိုးရလုပ်ငန်းအစီရင်ခံစာတွင် လီချန်ပြောကြား

(၁၄) ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ၂၀၂၆ ခုနှစ် မတ် ၅ ရက်တွင် တရုတ်နိုင်ငံ ပေကျင်း‌မြို့ ပြည်သူ့ခန်းမဆောင်၌ ကျင်းပစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က မိမိတို့အနေဖြင့် လွတ်လပ်၍ ကိုယ်ပိုင်ရပ်တည်မှုရှိသည့် ငြိမ်းချမ်းသော နိုင်ငံခြားရေး မူဝါဒကို ထိန်းသိမ်းထားရမည်ဖြစ်ပြီး ငြိမ်းချမ်းသော ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းကို ခိုင်မာစွာ လျှောက်လှမ်းရမည်ဖြစ်ကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ မိတ်ဖက်ဆက်ဆံရေးကွန်ရက်ကို တိုးချဲ့ကာ ဗိုလ်ကျကြီးစိုးမှုဝါဒနှင့် အာဏာနိုင်ငံရေးကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ထိန်းသိမ်းကာကွယ်ရမည်ဖြစ်ကြောင်း မတ် ၅ ရက် အစိုးရလုပ်ငန်းအစီရင်ခံစာ၌ ထောက်ပြခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ တန်းတူညီမျှ၍ စနစ်ကျသော ကမ္ဘာဗဟုဝင်ရိုးအသွင်ပြောင်းမှု၊ အများအကျိုးဖြစ်ထွန်း၍ အားလုံးလက်ခံပါဝင်နိုင်သော စီးပွားရေး ကမ္ဘာလုံးဆိုင်ရာအသွင်ပြောင်းမှုကို အဆိုပြုရန်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအစီအမံ (GDI) ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ (GSI) ၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အစီအမံ (GCI) ၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံ (GGI) တို့ကို တွန်းအားပေးဆောင်ရွက်ရန်၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးစနစ် ပြုပြင်ပြောင်းလဲရေးနှင့် တည်ဆောက်ရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ရန်၊ နိုင်ငံတကာစည်းစနစ်အား ပိုမို တရားမျှတ၍ ကျိုးကြောင်းဆီလျော်သော ဦးတည်ချက်သို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တွန်းအားပေးဆောင်ရွက်ရန်၊ လူသားမျိုးနွယ် အေးအတူ ပူအမျှ အသိုက်အဝန်းကို လက်တွဲ၍အတူတကွ တည်ဆောက်ရန်၊ ကမ္ဘာကြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်သော၊ သာယာလှပသော အနာဂတ်ကို အတူတကွ ဖန်တီးရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

လမ်းပြမြေပုံရေးဆွဲပြီးဖြစ်ရာ ယခုအချိန်မှာ ကြိုးပမ်းအားထုတ်ရန်အချိန်ပင် ဖြစ်ကြောင်း လီချန်က အလေးအနက်ထား ပြောကြားခဲ့သည်။ ၎င်းက မိမိတို့အနေဖြင့် ရဲဘော်ရှီကျင့်ဖိန်အား ဗဟိုပြုသော ပါတီဗဟိုကော်မတီ၏ အနီးဝန်းကျင်တွင် ပိုမိုနီးကပ်စွာ စည်းလုံးညီညွတ်ကြရမည်ဖြစ်ပြီး တရုတ်ဝိသေသလက္ခဏာဆောင်သော ဆိုရှယ်လစ်ဝါဒ၏ ကြီးမြတ်သောအလံကို မြင့်မြင့်ကိုင်ဆောင်ရမည် ဖြစ်ကြောင်း၊ ရှီကျင့်ဖိန်၏ ခေတ်သစ်တရုတ်ဝိသေသလက္ခဏာဆောင်သော ဆိုရှယ်လစ်ဝါဒအတွေးအခေါ်ကို လမ်းညွှန်အဖြစ် သတ်မှတ်ကာ လူထုအားလုံး တစ်စိတ်တစ်ဝမ်းတည်းဖြင့် အခက်အခဲများကို ခိုင်မာစွာ ကျော်ဖြတ်၍ ရှေ့သို့မဆုတ်မနစ်ချီတက်ကာ တစ်နှစ်လုံး၏ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များနှင့် တာဝန်များကို ဖော်ဆောင်ရန် အစွမ်းကုန် ကြိုးပမ်းပြီး “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ကောင်းမွန်စွာ ဖွင့်လှစ်နိုင်ရေးကို သေချာစေရမည်ဖြစ်ကြောင်း၊ တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးဖြင့် အင်အားကြီးနိုင်ငံ တည်ဆောက်ရေး ဘက်စုံ မြှင့်တင်ဆောင်ရွက်မှုနှင့် တရုတ်အမျိုးသားတို့၏ မဟာပြန်လည်အားသစ်လောင်းရေးလုပ်ငန်းအတွက် မလျှော့သောဇွဲဖြင့် ကြိုးပမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။ (Xinhua)
……………………………
(Chinese Version)
两会受权发布|李强在政府工作报告中谈外交工作
新华社北京3月5日电 国务院总理李强5日在政府工作报告中指出,我们要坚持独立自主的和平外交政策,坚持走和平发展道路,拓展全球伙伴关系网络,坚决反对霸权主义和强权政治,维护国际公平正义。中国愿同国际社会一道,倡导平等有序的世界多极化、普惠包容的经济全球化,推动落实全球发展倡议、全球安全倡议、全球文明倡议、全球治理倡议,积极参与全球治理体系改革和建设,推动国际秩序朝着更加公正合理的方向发展,携手构建人类命运共同体,共创世界和平发展美好未来。
李强强调,蓝图已经绘就,奋进正当其时。我们要更加紧密地团结在以习近平同志为核心的党中央周围,高举中国特色社会主义伟大旗帜,以习近平新时代中国特色社会主义思想为指导,万众一心、砥砺前行,奋力实现全年经济社会发展目标任务,确保“十五五”良好开局,为以中国式现代化全面推进强国建设、民族复兴伟业不懈奋斗!(完)
图说:3月5日,十四届全国人大四次会议开幕会在北京人民大会堂举行。新华社记者 殷博古 摄