Connect with us

NPC

ဘက်စုံ အစိမ်းရောင်အသွင်ပြောင်းမှုကို အရှိန်မြှင့်တင် ဆောင်ရွက်ရန် အစိုးရလုပ်ငန်းအစီရင်ခံစာတွင် လီချန် အဆိုပြု

၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) ၏ စတုတ္ထအကြိမ် အစည်းအဝေးကို ၂၀၂၆ ခုနှစ် မတ် ၅ ရက်တွင် တရုတ်နိုင်ငံ ပေကျင်း‌မြို့ ပြည်သူ့ခန်းမဆောင်၌ ကျင်းပစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)
ဘက်စုံ အစိမ်းရောင်အသွင်ပြောင်းမှုကို အရှိန်မြှင့်တင် ဆောင်ရွက်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က မတ် ၅ ရက်တွင် အစိုးရလုပ်ငန်းအစီရင်ခံတင်သွင်းရာ၌ ယခုနှစ် အစိုးရလုပ်ငန်းတာဝန်များကို မိတ်ဆက်ပြောကြားစဉ် အဆိုပြုခဲ့သည်။
ကာဗွန်ထုတ်လွှတ်မှု အမြင့်ဆုံးမှ ပြန်လည်လျှော့ချရေး (Carbon Peak) နှင့် ကာဗွန်ထုတ်လွှတ်မှု မျှခြေအဆင့် ရောက်ရှိရေး (Carbon Neutrality) ကို လမ်းညွှန်ချက်အဖြစ်ထားရှိလျက် ကာဗွန်လျှော့ချရေး၊ ညစ်ညမ်းမှုလျှော့ချရေး၊ အစိမ်းရောင်တိုးချဲ့ရေးနှင့် တိုးတက်ရေးကို ဟန်ချက်ညီညီ မြှင့်တင်ကာ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်ရေးတွန်းအားကို အားဖြည့်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဂေဟပတ်ဝန်းကျင် ဘက်စုံစီမံခန့်ခွဲမှုကို အားဖြည့်မြှင့်တင်သွားမည် ဖြစ်ကြောင်း၊ အပြာရောင်ကောင်းကင်၊ အစိမ်းရောင်ရေကြည်၊ သန့်ရှင်းသောမြေဆီလွှာ ကာကွယ်ထိန်းသိမ်းရေးတိုက်ပွဲအား ကောင်းမွန် နက်ရှိုင်းစွာ ဖော်ဆောင်မည်ဖြစ်ကြောင်း၊ လေထုအရည်အသွေး စဉ်ဆက်မပြတ် တိုးတက်ကောင်းမွန်ရေး လှုပ်ရှားမှုအစီအစဉ်ကို ရေးဆွဲဖော်ဆောင်ရန်၊ ခရိုင်မြို့ပြနှင့် ကျေးလက်များရှိ ရေဆိုးများကို ပြုပြင်စီမံခြင်းအား တွန်းအားပေးဆောင်ရွက်ရန်၊ အဓိကလုပ်ငန်းကဏ္ဍ ညစ်ညမ်းနိုင်သည့်နေရာများ၏ အန္တရာယ်ကို စီမံထိန်းချုပ်ခြင်းအား မြှင့်တင်ရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ညစ်ညမ်းပစ္စည်းအသစ်များအား စီမံကုစားခြင်းကို အားဖြည့်ပြီး အစိုင်အခဲစွန့်ပစ်ပစ္စည်း ဘက်စုံ စီမံကုစားရေး လှုပ်ရှားမှုကို ဖော်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂေဟစနစ်ဖြည့်ဆည်းမှုယန္တရားကို ကဏ္ဍစုံလင်သည့်အသွင်သို့ ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ကာ ဂေဟထုတ်ကုန်ပစ္စည်းများ၏တန်ဖိုးများကို တိုးချဲ့သည့် လမ်းကြောင်းအား ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများ ကာကွယ်ရေးကို မြှင့်တင်ကာ ယန်ဇီမြစ် ဆယ်စုနှစ်တစ်ခု ငါးဖမ်းမှုတားမြစ်ရေးကို ကောင်းမွန်စွာ ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ တောတောင်ရေမြေ၊ သစ်တောလယ်ယာ၊ ရေကန်အင်းအိုင်၊ မြက်ခင်းပြင်၊ သဲကန္တာရ တို့အား တစ်သားတည်းကာကွယ်မှုနှင့် စနစ်တကျ စီမံခန့်ခွဲမှုကို အခိုင်အမာ လက်ကိုင်ထားရမည် ဖြစ်ကြောင်း၊ သဘာဝကာကွယ်ထိန်းသိမ်းရေးနေရာများ ပေါင်းစည်း၍ ကောင်းမွန်အောင် ဆောင်ရွက်ရေးကို ဖော်ဆောင်ရမည် ဖြစ်ပြီး နိုင်ငံ ဥယျာဉ်တည်ဆောက်ရေးကို တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ “မြောက်ဘက်အရပ်သုံးမျက်နှာရှိ သစ်တောရပ်ဝန်း ကာကွယ်ထိန်းသိမ်းရေး” စီမံကိန်းတိုက်ပွဲကို အခြေခိုင်ခိုင် တွန်းအားပေး ဆောင်ရွက်ကာ ပြည်သူလူထုအနားရှိ တောင်တန်းများ ပို၍ စိမ်းလန်းစိုပြည်ပြီး ရေများကို ပို၍ ကြည်လင်စေရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အစိမ်းရောင် ကာဗွန်လျော့နည်း စီးပွားရေးကဏ္ဍ တိုးတက်မှုကို အင်တိုက်အားတိုက် တိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အစိမ်းရောင် ကာဗွန်လျော့နည်းရေးကဏ္ဍ တိုးတက်ရေး မူဝါဒကို ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ပြီး အဓိကလုပ်ငန်းကဏ္ဍများတွင် အရည်အသွေးမြှင့်တင်ခြင်း၊ ကုန်ကျစရိတ်လျှော့ချခြင်း၊ ကာဗွန်လျှော့ချခြင်း လှုပ်ရှားမှုများကို ဖော်ဆောင်ကာ ကာဗွန်သုည စက်မှုဥယျာဉ်နှင့် စက်ရုံတည်ဆောက်မှုများကို နက်ရှိုင်းစွာ တွန်းအားပေးရမည် ဖြစ်ကြောင်း၊ ကာဗွန်လျော့နည်းမှုအသွင်ပြောင်းရေး နိုင်ငံတော်ရန်ပုံငွေကို တည်ထောင်ပြီး ဟိုက်ဒရိုဂျင်စွမ်းရည်၊ အစိမ်းရောင်လောင်စာ စသည့် တိုးတက်မှုအချက်အလက်သစ်များကို ပျိုးထောင်ရမည် ဖြစ်ကြောင်း၊ စွမ်းအင်သုံးစွဲမှု မြင့်မား၍ ဓာတ်ငွေ့ထုတ်လွှတ်မှုမြင့်မားသည့် စီမံကိန်းများကို ထိရောက်အားကောင်းစွာ စီမံထိန်းချုပ်ပြီး ခေတ်နောက်ကျသည့် ထုတ်လုပ်မှုစွမ်းအင်များကို လျင်မြန်စွာ ဖယ်ရှားကာ အစိမ်းရောင် ကာဗွန်လျော့နည်း နည်းပညာစက်ပစ္စည်းများ ဆန်းသစ်အသုံးချခြင်းအား ထောက်ခံအားပေးရမည်ဖြစ်ကြောင်း၊ သယံဇာတအရင်းအမြစ် စုစုပေါင်းပမာဏ စီမံခန့်ခွဲမှုနှင့် ဘက်စုံချွေတာရေးစနစ်ကို ကောင်းမွန်ပြည့်စုံအောင် လုပ်ဆောင်ကာ ပြန်လည်ပြည့်ဖြိုးမြဲအရင်းအမြစ် လည်ပတ်အသုံးချမှုကို အားဖြည့်ရမည် ဖြစ်ကြောင်း လီချန်က ပြောကြားခဲ့သည်။

ကာဗွန်ထုတ်လွှတ်မှု အမြင့်ဆုံးမှ ပြန်လည်လျှော့ချရေး (Carbon Peak) နှင့် ကာဗွန်ထုတ်လွှတ်မှု မျှခြေအဆင့် ရောက်ရှိရေး (Carbon Neutrality) ကို တက်ကြွ၍ တည်ငြိမ်စွာ တွန်းအားပေး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ကာဗွန်ထုတ်လွှတ်မှု စုစုပေါင်းပမာဏနှင့် ပြင်းအား နှစ်ခုလုံး ထိန်းချုပ်ရေးစနစ်ကို ဖော်ဆောင်ရန်၊ ကာဗွန် ထုတ်လွှတ်မှု စာရင်းပြုစုတွက်ချက်ခြင်း၊ ကာဗွန်ခြေရာခံမှု (Carbon Footprint)စီမံခန့်ခွဲရေးစနစ်ကို ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်ရန်၊ ကာဗွန်ထုတ်လွှတ်ခွင့် ကုန်သွယ်မှုဈေးကွက် လွှမ်းခြုံသည့်အတိုင်းအတာကို တစ်ဆင့်တိုးချဲ့ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ စွမ်းအင်ကဏ္ဍ အင်အားကြီးနိုင်ငံတည်ဆောက်ရေး အစီအစဉ် မူဘောင်ကို ရေးဆွဲရမည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားစနစ် အသွင်သစ်တည်ဆောက်ရေးကို အားထားရန်၊ စမတ်လျှပ်စစ်ဓာတ်အားကွန်ရက် တည်ဆောက်မှုအရှိန်ကို မြှင့်တင်ရန်၊ စွမ်းအင်သိုလှောင်မှုကဏ္ဍအသစ် တိုးတက်စေရန်၊ အစိမ်းရောင် လျှပ်စစ်ဓာတ်အား အသုံးပြုမှုကို တိုးချဲ့ရန် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ ရုပ်ကြွင်းလောင်စာစွမ်းအင် သန့်စင်ပြီး ထိရောက်မှုမြင့်မားစွာ အသုံးချရေးကို အားဖြည့်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

———————-
(Chinese Version)
两会受权发布|李强在政府工作报告中提出,加快推动全面绿色转型
新华社北京3月5日电 国务院总理李强5日在政府工作报告中介绍今年政府工作任务时提出,加快推动全面绿色转型。以碳达峰碳中和为牵引,协同推进降碳、减污、扩绿、增长,增强绿色发展动能。
加强生态环境综合治理。深入打好蓝天、碧水、净土保卫战,制定实施空气质量持续改善行动计划,推进县城和农村黑臭水体治理,加强重点行业污染地块风险管控。强化新污染物治理,实施固体废物综合治理行动。完善多元化生态补偿机制,拓展生态产品价值实现渠道。加强生物多样性保护,实施好长江十年禁渔。坚持山水林田湖草沙一体化保护和系统治理,实施自然保护地整合优化,推进国家公园建设,扎实推进“三北”工程攻坚战,让人民群众身边的山更绿、水更清。
大力发展绿色低碳经济。完善促进绿色低碳发展政策,实施重点行业提质降本降碳行动,深入推进零碳园区和工厂建设。设立国家低碳转型基金,培育氢能、绿色燃料等新增长点。有力有效管控高耗能高排放项目,加快淘汰落后产能,支持绿色低碳技术装备创新应用。完善资源总量管理和全面节约制度,强化再生资源循环利用。
积极稳妥推进碳达峰碳中和。实施碳排放总量和强度双控制度,完善碳排放统计核算、碳足迹管理体系,进一步扩大碳排放权交易市场覆盖范围。制定能源强国建设规划纲要。着力构建新型电力系统,加快智能电网建设,发展新型储能,扩大绿电应用。加强化石能源清洁高效利用。(完)
1. The opening meeting of the fourth session of the 14th National People’s Congress (NPC) is held at the Great Hall of the People in Beijing, capital of China, March 5, 2026. (Xinhua/Huang Jingwen)