NPC
အပစ်အခတ်ရပ်စဲ၍ တိုက်ပွဲရပ်တန့်ရန်၊ အရှေ့အလယ်ပိုင်းနှင့် ကမ္ဘာကို ငြိမ်းချမ်းရေးပြန်လည်ရရှိစေရန် အီရန်အရေးနှင့်စပ်လျဉ်း၍ ဝမ်ရိ ပြောကြား
ပေကျင်း၊ မတ် ၉ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အီရန်အရေးနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို မတ် ၈ ရက်တွင် ကျင်းပသည့် အစည်းအဝေးကြီးနှစ်ရပ် သတင်းစာရှင်းလင်းပွဲ၌ ရှင်းလင်းပြောကြားခဲ့သည်။
အီရန်အခြေအနေသည် လက်ရှိတွင် နိုင်ငံတကာ အခြေအနေ၏ ဗဟိုချက် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ဓမ္မဓိဋ္ဌာန်ကျ၍ သမာသမတ်ကျသည့်သဘောထားကို လက်ကိုင်ထားပြီး အခြေခံမူဝါဒဆိုင်ရာ ရပ်တည်ချက်ကို အကြိမ်ကြိမ် ရှင်းလင်းပြောကြားပြီးဖြစ်ရာ စကားတစ်ခွန်းတည်းဖြင့် အနှစ်ချုပ်ရမည်ဆိုပါက အပစ်အခတ်ရပ်စဲ၍ တိုက်ပွဲရပ်တန့်ရေးပင် ဖြစ်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
တရုတ်ရှေးလူကြီးများက “စစ်လက်နက်ဟူသည် ဘေးအန္တရာယ်အလွန်များသည့်အရာဖြစ်သဖြင့် ဆင်ခြင်မဲ့စွာ လက်လွတ်စပယ် အသုံးမပြုသင့်” ဟူသော အဆိုရှိကြောင်း၊ စစ်မက်မီးလျှံအတွင်း ကျရောက်နေသည့် အရှေ့အလယ်ပိုင်းဒေသကို ရင်ဆိုင်ရာတွင် ၎င်းသည် မူလက စစ်ပွဲ မဖြစ်ပွားသင့်သလို မည်သည့်ဘက်ကိုမျှ အကျိုးရှိစေမည်မဟုတ်သော စစ်ပွဲလည်း ဖြစ်ကြောင်း၊ လက်နက်အင်အားသည် ပြဿနာဖြေရှင်းသည့် နည်းလမ်းမဟုတ်သလို လက်နက်ကိုင် တိုက်ခိုက်ကြခြင်းက အမုန်းတရား အာဃာတအသစ်များကိုသာ ထပ်တိုးစေပြီး အန္တရာယ်အကျပ်အတည်းအသစ်များကို အစပျိုးစေမည် ဖြစ်ကြောင်းကို အရှေ့အလယ်ပိုင်း၏သမိုင်းကြောင်းက ကမ္ဘာသူကမ္ဘာသားများအား အကြိမ်ကြိမ် ပြောပြပြီးဖြစ်ကြောင်း၊ စစ်ရေးလှုပ်ရှားမှုများ ချက်ချင်းရပ်တန့်ရန်၊ အခြေအနေများ အဆမတန် အရှိန်မြင့်တက်လာမှုကို ကာကွယ်တားဆီးရန်၊ စစ်မက်မီးလျှံ ပြင်ပသို့ ယိုလျှံပျံ့နှံ့လာမှုကို ရှောင်ရှားရန် တရုတ်နိုင်ငံအနေဖြင့် နောက်ထပ်တစ်ကြိမ် တိုက်တွန်းနှိုးဆော်လိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီရန်နှင့် အရှေ့အလယ်ပိုင်း သက်ဆိုင်ရာ အရေးကိစ္စများကို မှန်ကန်မှုနှင့် သင့်တင့်လျောက်ပတ်မှုရှိစွာ စီရင်ရာတွင် အောက်ပါ အခြေခံမူဝါဒများကို လက်ကိုင်ထားသင့်ကြောင်း ဝမ်ရိက ထောက်ပြ ပြောကြားခဲ့သည်။
ပထမအနေဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာကို လေးစားရမည် ဖြစ်ကြောင်း၊ အချုပ်အခြာအာဏာသည် တည်ဆဲနိုင်ငံတကာစည်းစနစ်၏ အခြေခံအုတ်မြစ် ဖြစ်ကြောင်း၊ အီရန်နှင့် ပင်လယ်ကွေ့ဒေသ နိုင်ငံအသီးသီး၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအားလုံးကို လေးစားသင့်ပြီး ထိပါးခြင်းမပြုရန် မိမိတို့အနေဖြင့် လက်ကိုင်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒုတိယအနေဖြင့် လက်နက်အင်အားကို အလွဲသုံး၍ မရကြောင်း၊ အင်အားတောင့်တင်းခြင်းက အကျိုးအကြောင်းခိုင်မာခြင်းနှင့် မျှခြေချ၍ မရရာ ကမ္ဘာကြီးအနေဖြင့် တောရိုင်းသဘာဝစည်းမျဉ်းသို့ နောက်ပြန်ဆုတ်၍ မရနိုင်ကြောင်း၊ ထစ်ခနဲဆိုလျှင် လက်နက်အင်အားသုံးခြင်းသည် မိမိ၏ အင်အားတောင့်တင်းမှုကို သက်သေမပြနိုင်သလို ပြည်သူလူထုသည်လည်း စစ်ပွဲ၏ အပြစ်မဲ့သားကောင် မဖြစ်သင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
တတိယအနေဖြင့် ပြည်တွင်းရေး မစွက်ဖက်ခြင်းကို ခိုင်မာစွာ လက်ကိုင်ထားခြင်း ဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်းပြည်သူများသည် ယင်းဒေသ၏ စစ်မှန်သော ပိုင်ဆိုင်သူများ ဖြစ်ရာ အရှေ့အလယ်ပိုင်း အရေးကိစ္စကိုလည်း ဒေသတွင်းနိုင်ငံအသီးသီးက ကိုယ်ပိုင်ရပ်တည် ဆုံးဖြတ်သင့်ကြောင်း၊ ဆေးရောင်ဆိုးတော်လှန်ရေး စီစဉ်ခြင်း၊ အစိုးရပြောင်းလဲရန် လုပ်ဆောင်ခြင်းသည် အများ၏နှစ်လိုမှုကို ရရှိမည် မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
စတုတ္ထအနေဖြင့် အများအာရုံစိုက်ကြသည့် စိုးရိမ်ဖွယ်ကိစ္စရပ်များအား နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် သဟဇာတဖြစ်၍သင့်မြတ်ခြင်းသည် တန်ဖိုးအနဂ္ဃ
ထိုက်တန်သည်ဟု အစဉ်အမြဲ ယူဆရာ ဘက်အသီးသီးအနေဖြင့် ဆွေးနွေးမှုစကားဝိုင်းသို့ အမြန်ဆုံးပြန်လည်လာရောက်ရန်၊ တန်းတူညီမျှ စေ့စပ်ဆွေးနွေးမှုမှတစ်ဆင့် ကွဲလွဲမှုများကို ဖြေရှင်းပြီး ဘုံလုံခြုံရေးကို ဖော်ဆောင်ရန်အတွက် ကြိုးပမ်းသင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
ပဉ္စမအနေဖြင့် နိုင်ငံကြီး တစ်နိုင်ငံအနေဖြင့် အပြုသဘောအခန်းကဏ္ဍမှ ပါဝင်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် ကရုဏာနှင့် တရားမျှတမှု ကျင့်ဝတ်ကို မကျင့်သုံးပါက တိုက်စစ်နှင့်ခံစစ် ပြောင်းပြန်ဖြစ်တတ်၏ ဟူသော ရှေးဆိုရိုးဆုံးမစကားရှိရာ နိုင်ငံကြီးများအနေဖြင့် တရားမျှတမှုအမှန်တရားကို လိုက်နာစောင့်ထိန်းပြီး တည့်မတ်မှန်ကန်သည့်လမ်းကြောင်းကို လျှောက်လှမ်းကာ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အပြုသဘောစွမ်းအင်များကို ပိုမို အကျိုးဆောင် ဖြည့်တင်းသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်းနိုင်ငံများ၏ စစ်မှန်ရိုးသားသည့်မိတ်ဆွေနှင့် မဟာဗျူဟာမိတ်ဖက်အနေဖြင့် တရုတ်နိုင်ငံသည် အရှေ့အလယ်ပိုင်းနိုင်ငံများနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အစီအမံ (GSI) ကို အတူတကွ ဖော်ဆောင်ပြီး အရှေ့အလယ်ပိုင်းဒေသအတွက် စည်းစနစ်ကျမှုကို ပြန်လည်ဖော်ဆောင်ရန်၊ ပြည်သူများအတွက် အေးချမ်းမှုကို ပြန်လည်ဖော်ဆောင်စေရန်၊ ကမ္ဘာကြီးအတွက် ငြိမ်းချမ်းရေးကို ပြန်လည်ဖော်ဆောင်ရန် လုပ်ဆောင်သွားလိုကြောင်း ဝမ်ရိက အလေးထား ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
两会·外长记者会|王毅谈伊朗局势:停火止战,还中东和世界以和平
新华社北京3月8日电 中共中央政治局委员、外交部长王毅8日在两会记者会上就伊朗局势阐述中方立场。
王毅表示,伊朗局势是当前国际局势的焦点。中方秉持客观公正态度,已多次阐明了原则立场,归结为一句话就是停火止战。中国古人云:兵者,凶器也,不可不审用。面对陷入战火的中东,这是一场本不应发生的战争,也是一场对各方都没有好处的战争。中东的历史反复告诉世人,武力不是解决问题的办法,兵戎相见只会增添新的仇恨,酝酿新的危机。中方愿再次呼吁:立即停止军事行动,防止局势轮番升级,避免战火外溢蔓延。
王毅指出,正确和妥善处理伊朗以及中东相关的问题,应该坚持几个基本原则:
一是尊重国家主权。主权是现行国际秩序的基石。我们主张,伊朗以及海湾地区各国的主权、安全和领土完整都应得到尊重,不容侵犯。
二是不得滥用武力。拳头硬不等于道理硬,世界不能退回丛林法则。动辄使用武力并不能证明自己的强大,民众不能成为战争的无辜牺牲品。
三是坚持不干涉内政。中东人民是这一地区的真正主人,中东事务应该由地区各国自主决定。策划颜色革命、搞政权更迭不得人心。
四是政治解决热点问题。中方历来主张以和为贵,各方应尽快回到谈判桌前来,通过平等对话解决分歧,为实现共同安全作出努力。
五是大国要发挥建设性作用,善意运用实力。中国还有句古训,仁义不施,而攻守之势异也。大国理应守公道、行正道,多为中东和平发展贡献正能量。
王毅强调,作为中东国家的真诚朋友和战略伙伴,中方愿同中东国家一起践行全球安全倡议,还中东以秩序,还人民以安宁,还世界以和平。(完)
1. 3月8日,十四届全国人大四次会议在北京梅地亚中心新闻发布厅举行记者会。中共中央政治局委员、外交部长王毅就“中国外交政策和对外关系”相关问题回答中外记者提问。 新华社记者 王曦 摄
