CPPCC
တရုတ်နိုင်ငံ၏ထိပ်တန်းနိုင်ငံရေးအတိုင်ပင်ခံအဖွဲ့ အမြဲတမ်းကော်မတီအစည်းအဝေး ကျင်းပပြီးစီး
																								
												
												
											ပေကျင်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ၏ ၁၄ ကြိမ်မြောက်အစည်းအဝေး နိုဝင်ဘာ ၁ ရက်ညနေက ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီအဖွဲ့ဝင်နှင့် CPPCC ပြည်လုံးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်က ပိတ်ပွဲအခမ်းအနားကို သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။
၂၀ ကြိမ်မြောက် CPC ဗဟိုကော်မတီ ၏ စတုတ္ထအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေး၏ မူဝါဒလမ်းညွှန်ချက်များကို စေ့စပ်သေချာစွာလေ့လာကာ အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရန် ဝမ်က နိုင်ငံရေး အတိုင်ပင်ခံပုဂ္ဂိုလ်များအား တိုက်တွန်းခဲ့သည်။
၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) ရေးဆွဲရေး၊ အကောင်အထည်ဖော်ရေးနှင့် တရုတ်နိုင်ငံခေတ်မီအသွင်ကူးပြောင်းမှု အဆင့်မြှင့်တင်ရေးအတွက် လူထုအင်အားကိုစုစည်းရန်၊ သဘောတူညီချက်များကို စုစည်းရန်၊ အသိဉာဏ်ပညာများစုစည်းရန် ၎င်းက နိုင်ငံရေးအတိုင်အပင်ခံပုဂ္ဂိုလ်များအား တိုက်တွန်းခဲ့သည်။
အစည်းအဝေးတွင် ၁၈၆၆ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က မွေးဖွားခဲ့သည့် တရုတ်တော်လှန်ရေးသမားနှင့် နိုင်ငံရေးခေါင်းဆောင်ကြီး ဆွန်ယက်ဆင်၏ နှစ် ၁၆၀ ပြည့် အခါသမယ အထိမ်းအမှတ်အခမ်းအနားများ ကျင်းပရန် ဆုံးဖြတ်ချက်ကိုလည်း အတည်ပြုခဲ့ကြောင်းသိရသည်။ (Xinhua)
………………………………….
(English Version)
China’s top political advisory body concludes standing committee session
BEIJING, Nov. 1 (Xinhua) — The Standing Committee of the 14th Chinese People’s Political Consultative Conference (CPPCC) National Committee concluded its 14th session on Saturday afternoon.
Wang Huning, a member of the Standing Committee of the Political Bureau of the Communist Party of China (CPC) Central Committee and chairman of the CPPCC National Committee, presided over the closing meeting.
Wang urged political advisors to thoroughly study and fully implement the guiding principles of the fourth plenary session of the 20th CPC Central Committee in their work.
He asked political advisors to rally public support, build consensus and pool wisdom for formulating and implementing the 15th Five-Year Plan (2026-2030) and advancing Chinese modernization.
The meeting adopted a decision on holding commemorative events on the occasion of the 160th anniversary of the birth of Chinese revolutionary and statesman Sun Yat-sen, who was born on Nov. 12, 1866.
Photo : Wang Huning, a member of the Standing Committee of the Political Bureau of the Communist Party of China Central Committee and chairman of the Chinese People’s Political Consultative Conference (CPPCC) National Committee, presides over and addresses the closing meeting of the 14th session of the Standing Committee of the 14th CPPCC National Committee in Beijing, capital of China, Nov. 1, 2025. (Xinhua/Liu Bin)
