NPC
တရုတ်နိုင်ငံ၏ အမျိုးသားဥပဒေပြုအာဏာပိုင်အဖွဲ့ နှစ်ပတ်လည်အစည်းအဝေး ကိုယ်စားလှယ်အဖွဲ့လိုက် ဆွေးနွေးသုံးသပ်မှုများ၌ တရုတ်ခေါင်းဆောင်များ ပါဝင်တက်ရောက်

ပေကျင်း၊ မတ် ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အဆင့်မြင့်ခေါင်းဆောင်များသည် တရုတ်နိုင်ငံ အမျိုးသားဥပဒေပြုအာဏာပိုင်အဖွဲ့ဖြစ်သော ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) ၏ တတိယအကြိမ် အစည်းအဝေး၊ ကိုယ်စားလှယ်အဖွဲ့လိုက် ဆွေးနွေးသုံးသပ်မှုများတွင် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
ယူနန်ပြည်နယ်မှ NPC ကိုယ်စားလှယ်များနှင့် အဖွဲ့လိုက်ဆွေးနွေးသုံးသပ်ခြင်း၌ ပါဝင်ဆွေးနွေးစဉ် ဝန်ကြီးချုပ် လီချန်က စီးပွားရေးနာလန်ထူမှုနှင့် တိုးတက်မှု စဉ်ဆက်မပြတ်ရှိစေရန် ကြိုးပမ်းအားထုတ်မှုများ ပိုမိုဖန်တီးဖော်ဆောင်ရန် တိုက်တွန်းပြောကြားခဲ့သည်။
ယူနန်ပြည်နယ်သည် စီးပွားရေးဆိုင်ရာ တိုးတက်မှုမောင်းနှင်အားအသစ်အဖြစ် ဖော်ဆောင်ရန် အဆင့်မြှင့်တင်ထားသော ခရီးသွားလုပ်ငန်းကဏ္ဍ သုံးစွဲမှုကို မြှင့်တင်ရန် လီက တိုက်တွန်းခဲ့သည်။ ထို့ပြင် ယူနန်ပြည်နယ်အနေဖြင့် အနောက်တောင်ပိုင်းဒေသအား တံခါးဖွင့်လှစ်မှုဝင်ပေါက်အဖြစ် ၎င်း၏ အခန်းကဏ္ဍကို ခိုင်မာအားကောင်းလာစေအောင် ဆောင်ရွက်ရန်လည်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/1F0
………………………..
(English Version)
Chinese leaders attend deliberations at annual legislative session
BEIJING, March 5 (Xinhua) — Senior Chinese leaders on Wednesday attended deliberations at the third session of the 14th National People’s Congress (NPC), China’s national legislature.
When joining NPC deputies from Yunnan Province in a group deliberation, Premier Li Qiang urged more proactive efforts to achieve continued economic recovery and growth.
Li urged Yunnan to boost upgraded tourism consumption to form new growth drivers for the economy. He also called on the province to strengthen its role as an opening-up gateway to the southwest.
Photo 1: Li Qiang, a member of the Standing Committee of the Political Bureau of the Communist Party of China Central Committee and Chinese premier, joins National People’s Congress (NPC) deputies from Yunnan Province in a group deliberation at the third session of the 14th NPC in Beijing, capital of China, March 5, 2025. (Xinhua/Liu Bin)