Connect with us

CPPCC

တရုတ်နိုင်ငံက နှစ်ပတ်လည် “အစည်းအဝေးကြီးနှစ်ရပ်” ကို သတင်းယူနိုင်ရန် သတင်းထောက်များအား ဖိတ်ကြား

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (၁၄) ကြိမ်မြောက် ပြည်လုံးဆိုင်ရာကော်မတီ၏ ပထမအကြိမ် အစည်းအဝေး ဖွင့်ပွဲကျင်းပနေသည်ကို ၂၀၂၃ ခုနှစ် မတ် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ပြည်လုံးဆိုင်ရာဥပဒေပြုအဖွဲ့နှင့် ပြည်လုံးဆိုင်ရာ နိုင်ငံရေးအတိုင်ပင်ခံအဖွဲ့၏ နှစ်ပတ်လည် အစည်အဝေးများကို သတင်းရယူရန် ပြည်တွင်းပြည်ပ သတင်းထောက်များအား ဖိတ်ကြားလျက်ရှိကြောင်း၊ အဆိုပါ အစည်းအဝေးကြီးနှစ်ရပ်ကို မတ်လတွင် ကျင်းပမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၇ ရက်က ထုတ်ပြန်သည့် တရားဝင်ကြေညာချက်အရ သိရသည်။

အဆိုပါ အစည်းအဝေးကြီးနှစ်ရပ်ကို သတင်းရယူရေးအတွက် နည်းလမ်းမျိုးစုံမှတစ်ဆင့် ဆောင်ရွက်နိုင်မည်ဖြစ်သော်လည်း အဓိကအားဖြင့် အစည်းအဝေးကျင်းပရာနေရာ၌ တိုက်ရိုက်သတင်းယူ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီနှင့် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ အထွေထွေရုံးများက ပူးတွဲထုတ်ပြန်ကြေညာချက်၌ ဖော်ပြထားသည်။

ထိုအစည်းအဝေးကြီးနှစ်ရပ်၏ မီဒီယာစင်တာကို ဖေဖော်ဝါရီ ၂၇ ရက်မှစ၍ ဖွင့်လှစ်မည်ဟု ကြေညာချက်အရ သိရသည်။
၁၄ ကြိမ်မြောက် NPC ၏ စတုတ္ထအကြိမ်အစည်းအဝေးကို မတ် ၅ ရက်တွင် ဖွင့်လှစ်ရန် စီစဉ်ထားပြီး CPPCC ၁၄ ကြိမ်မြောက် ပြည်လုံးဆိုင်ရာကော်မတီ၏ စတုတ္ထအကြိမ်အစည်းအဝေးကိုမူ မတ် ၄ ရက်၌ ကျင်းပရန် စီစဉ်ထားကြောင်း သိရသည်။ (Xinhua)

…………………
(English Version)
China invites journalists to cover annual “two sessions”
BEIJING, Jan. 27 (Xinhua) — China is inviting journalists from home and abroad to cover the annual sessions of its national legislature and national political advisory body, both of which will be held in March, according to an official statement released Tuesday.
News coverage of the two sessions can be carried out through various means, but mainly through on-site reporting, said the statement jointly issued by the general offices of the National People’s Congress (NPC) Standing Committee and the Chinese People’s Political Consultative Conference (CPPCC) National Committee.
A media center for the two sessions will be open from Feb. 27, according to the statement.
The fourth session of the 14th NPC is scheduled to open on March 5, while the fourth session of the 14th CPPCC National Committee is set to begin on March 4.
Photo: The opening meeting of the first session of the 14th National Committee of the Chinese People’s Political Consultative Conference (CPPCC) is held at the Great Hall of the People in Beijing, capital of China, March 4, 2023. (Xinhua/Zhai Jianlan)