Connect with us

NPC

တရုတ်နိုင်ငံက ဉာဏ်ရည်တု (AI) ၊ ဝေဟင်နိမ့်စီးပွားရေးတွင် ဥပဒေပြုရေးဆိုင်ရာသုတေသနကို အရှိန်မြှင့်တင်မည်ဟု ဝန်ကြီး ဆို

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ပြုလုပ်သော ၁၄ ကြိမ်မြောက် ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) စတုတ္ထအကြိမ် နှစ်ပတ်လည်အစည်းအဝေး၏ အပိတ်အစည်းအဝေးပြီးနောက် အင်တာဗျူးလက်ခံဖြေကြားနေသည့် တရုတ်နိုင်ငံ တရားရေးဝန်ကြီး ဟဲ့ရုန်ကို ၂၀၂၆ ခုနှစ် မတ် ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဉာဏ်ရည်တု (AI) နှင့် ဝေဟင်နိမ့်စီးပွားရေးတွင် ဥပဒေပြုရေးဆိုင်ရာသုတေသနကို အရှိန်မြှင့်တင်မည်ဖြစ်ကြောင်း၊ ယခုနှစ်တွင် လေပိုင်နက်စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းများကို ပြဋ္ဌာန်းမည်ဖြစ်ကြောင်း တရားရေးဝန်ကြီး ဟဲ့ရုန်က မတ် ၁၂ ရက်၌ ပြောကြားခဲ့သည်။
အဆိုပါအစီအစဉ်မှာ ပိုမိုကောင်းမွန်သော ဥပဒေဘောင်မှတစ်ဆင့် နည်းပညာဆန်းသစ်တီထွင်မှုကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း၊ ဖြစ်နိုင်ခြေရှိသော အန္တရာယ်များကို ကာကွယ်ရန်၊ ဖွံ့ဖြိုးတိုးတက်မှုနှင့် လုံခြုံရေး နှစ်မျိုးစလုံးကို သေချာစေရန် လိုအပ်ကြောင်း ဝန်ကြီးက အလေးပေးပြောကြားခဲ့သည်။
စီးပွားရေးပတ်ဝန်းကျင်ကို မြှင့်တင်ခြင်းက ယခုနှစ် ဥပဒေပြုရေးဆိုင်ရာ ကြိုးပမ်းမှုများ၏ အဓိကအစိတ်အပိုင်းလည်း ဖြစ်မည်ဟု ပေကျင်းမြို့တွင် ကျင်းပသည့် ပြည်လုံးဆိုင်ရာဥပဒေပြုအဖွဲ့၏ နှစ်ပတ်လည်အစည်းအဝေးပြီးနောက် မီဒီယာများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ ဟဲ့က ပြောကြားခဲ့သည်။
ဒေသဆိုင်ရာ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ၊ မျှတမှုမရှိသော ဈေးကွက်ဝင်ရောက်ခွင့်အတားအဆီးများနှင့် အကျိုးမဲ့စေသည့် အလွန်အကျွံပြိုင်ဆိုင်မှုကဲ့သို့သော စိုးရိမ်မှုများကို ဖြေရှင်းရန်အတွက် အာဏာပိုင်များက စည်းမျဉ်းများ ရေးဆွဲရန် စီစဉ်ထားသည်ဟုလည်း ဝန်ကြီးက ပြောကြားခဲ့ကြောင်း သိရသည်။
တရားရေးဝန်ကြီးဌာန၏ တာဝန်ဝတ္တရားများတွင် ဥပဒေပြုရေးလုပ်ငန်းများကို အလုံးစုံစီမံကိန်းရေးဆွဲခြင်း၊ ဥပဒေများနှင့် အုပ်ချုပ်ရေးဆိုင်ရာ စည်းမျဉ်းများ မူကြမ်းရေးဆွဲခြင်း သို့မဟုတ် စီစဉ်ခြင်းနှင့် ဥပဒေပြုရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုများ ပါဝင်ကြောင်း ၎င်း၏ ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ (Xinhua)

………………
(English Version)
China to accelerate legislative research on AI, low-altitude economy: minister
BEIJING, March 12 (Xinhua) — China will accelerate research on legislation in artificial intelligence (AI) and the low-altitude economy, and introduce regulations on airspace management this year, Minister of Justice He Rong said on Thursday.
The move is aimed at fostering technological innovation through an improved legal framework, the minister said, stressing the need to guard against potential risks and ensure both development and security.
Improving the business environment will also be a key part of this year’s legislative efforts, He said in response to a media query after the national legislature concluded its annual session in Beijing.
Authorities plan to draft regulations to address concerns such as local protectionism, unjustified market access barriers, and rat race competition, the minister said.
The ministry’s responsibilities include overall planning of legislative work, drafting or organizing the drafting of laws and administrative regulations, and conducting legislative coordination, according to its website. ■
English Caption 1, 2
China’s Minister of Justice He Rong gives an interview after the closing meeting of the fourth session of the 14th National People’s Congress (NPC) at the Great Hall of the People in Beijing, capital of China, March 12, 2026. (Xinhua/Wang Xi)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.