NPC
တရုတ်နိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် အဖွဲ့အစည်းဆိုင်ရာမူဘောင် ပြုပြင်ပြောင်းလဲရေး နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်မည်
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် ယခုနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအတွက် အဖွဲ့အစည်းဆိုင်ရာမူဘောင် ပြုပြင်ပြောင်းလဲရေး နက်နက်ရှိုင်းရှိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သုံးသပ်ဆွေးနွေးရန် တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုအဖွဲ့ထံ မတ် ၅ ရက်က တင်သွင်းသည့် အစိုးရလုပ်ငန်းအစီရင်ခံစာအရ သိရသည်။
၂၀၂၆-၂၀၃၀ ကာလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဆွဲဆောင်ရန်နှင့် အကျိုးရှိရှိအသုံးချရန် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းအားထုတ်မှုများ ပြုလုပ်မည်ဖြစ်ကြောင်း မတ် ၅ ရက်တွင်ပင် တင်သွင်းခဲ့သော ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) မူကြမ်းဖော်ပြချက်အရ သိရသည်။
တရုတ်နိုင်ငံသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကို စဉ်ဆက်မပြတ် ကောင်းမွန်အောင်ဆောင်ရွက်မည်ဖြစ်သလို နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် ဝန်ဆောင်မှုများနှင့် ပံ့ပိုးမှု မြှင့်တင်လျက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်ရာတွင် စွမ်းရည်အသစ်များ တွန်းအားပေးမည်ဖြစ်ကြောင်း မူကြမ်း၌ ဖော်ပြထားသည်။
ထို့ပြင် အဆင့်မြင့်ကုန်ထုတ်လုပ်မှု၊ ခေတ်မီဝန်ဆောင်မှုလုပ်ငန်းများ၊ နည်းပညာသစ်နှင့် နည်းပညာမြင့်၊ စွမ်းအင်ထိန်းသိမ်းမှုနှင့် ပတ်ဝန်းကျင်ကာကွယ်စောင့်ရှောက်မှု စသည့်နယ်ပယ်များတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုစီးဝင်လာစေရးအတွက် လမ်းညွှန်ရန်လည်း ယင်းမူကြမ်း၌ ကတိပြုဖော်ပြထားကြောင်း သိရသည်။ (Xinhua)
……………………………………..
(English Version)
China to deepen reform of institutional framework for promoting foreign investment
BEIJING, March 5 (Xinhua) — China will deepen reform of the institutional framework for promoting foreign investment this year, according to a government work report submitted Thursday to the country’s top legislature for deliberation.
Greater efforts will be made to attract and utilize foreign investment in the 2026-2030 period, according to a draft outline of the 15th Five-Year Plan (2026-2030) also submitted Thursday.
The country will continuously optimize the foreign investment environment, improve services and support for foreign investors, and foster new strengths in attracting foreign investment, said the draft outline.
It also pledged to guide foreign investment to flow more to areas such as advanced manufacturing, modern services, new and high technology, as well as energy conservation and environment protection.
Photo: The opening meeting of the fourth session of the 14th National People’s Congress (NPC) is held at the Great Hall of the People in Beijing, capital of China, March 5, 2026. (Xinhua/Wang Xi)
