NPC
တရုတ်နိုင်ငံက ထိရောက်သောရင်းနှီးမြှုပ်နှံမှုအလားအလာကို အပြည့်အဝအသုံးချလုပ်ဆောင်မည်
ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ၂၀၂၆ ခုနှစ်အတွင်း ထိရောက်သော ရင်းနှီးမြှုပ်နှံမှုအလားအလာကို အမိအရအသုံးချ ထုတ်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ဆွေးနွေးသုံးသပ်ရန် တရုတ်နိုင်ငံ၏ ထိပ်တန်း ဥပဒေပြုအဖွဲ့ထံ မတ် ၅ ရက်က တင်သွင်းသော အစိုးရလုပ်ငန်းအစီရင်ခံစာ၌ ဖော်ပြထားသည်။
ယခုနှစ်၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဗဟိုအစိုးရဘတ်ဂျက်မှာ စုစုပေါင်း ယွမ် ၇၅၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀၉.၂၆ ဘီလီယံခန့်) လျာထားသတ်မှတ်မည်ဖြစ်ပြီး အဓိကအမျိုးသားမဟာဗျူဟာများ အကောင်အထည်ဖော်ရေးနှင့် အဓိကနယ်ပယ်များ၌ လုံခြုံရေးစွမ်းဆောင်ရည် မြှင့်တင်ရေးအတွက် ကာလရှည် အထူးအစိုးရငွေတိုက်စာချုပ်များမှ ရရှိထားသော ယွမ် ဘီလီယံ ၈၀၀ ကိုလည်း ခွဲဝေအသုံးပြုမည်ဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံအနေဖြင့် ပိုမိုကျယ်ပြန့်သော ပုဂ္ဂလိကကဏ္ဍ ရင်းနှီးမြှုပ်နှံမှုနှိုးဆွရန် စုစုပေါင်း တန်ဖိုး ယွမ် ဘီလီယံ ၈၀၀ ဖြင့် မူဝါဒအခြေပြုငွေကြေးလုပ်ငန်းအမျိုးအစားသစ်များ ထုတ်ပြန်မည်ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။
လာမည့် ငါးနှစ်တာကာလအတွင်း တရုတ်နိုင်ငံက ထိရောက်သောရင်းနှီးမြှုပ်နှံမှုတွင် စနစ်အတွင်းပိုင်းမှ ဖြစ်ပေါ်လာသောတိုးတက်မှု အဆင်ပြေချောမွေ့စေမည့် ယန္တရားတစ်ရပ် ထူထောင်မှုပိုမိုမြန်ဆန်ရေး၊ ရင်းနှီးမြှုပ်နှံမှုတိုးချဲ့နှုန်း၏ သင့်တင့်လျောက်ပတ်မှုကို ဆက်လက်ထိန်းထားရေး၊ ရင်းနှီးမြှုပ်နှံမှု အကျိုးအမြတ် မြှင့်တင်ရေး စသည်တို့ လုပ်ဆောင်မည်ဖြစ်ကြောင်း မတ် ၅ ရက်၌ တင်သွင်းသော ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) မူကြမ်းအရ သိရသည်။ (Xinhua)
……………………………………..
(English Version)
China to fully tap potential of effective investment
BEIJING, March 5 (Xinhua) — China will tap and unleash the potential of effective investment in 2026, according to a government work report submitted Thursday to the country’s top legislature for deliberation.
A total of 755 billion yuan (about 109.26 billion U.S. dollars) will be earmarked in this year’s central government budget for investment, and 800 billion yuan raised from ultra-long special treasury bonds will be allocated to implement major national strategies and enhance security capacity in key areas.
China will also issue new types of policy-backed financial instruments with a total value of 800 billion yuan to stimulate greater private sector investment, the report said.
For the next five years, the country will move faster to establish a mechanism that facilitates endogenous growth in effective investment, keep investment expansion at a reasonable pace and boost investment returns, according to a draft outline of the 15th Five-Year Plan (2026-2030) also submitted Thursday.
Photo: The opening meeting of the fourth session of the 14th National People’s Congress (NPC) is held at the Great Hall of the People in Beijing, capital of China, March 5, 2026. (Xinhua/Wang Jianhua)
