Connect with us

NPC

တရုတ်နိုင်ငံက အဓိကနည်းပညာများတွင် အောင်မြင်မှုများရရှိ‌စေပြီး သိပ္ပံနှင့် နည်းပညာကဏ္ဍ၌ မိမိကိုယ်ကိုယ် အားကိုးနိုင်မှုရှိရန် ဆောင်ရွက်မည်

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) စတုတ္ထအကြိမ် အစည်းအဝေး၏ အဖွင့်အစည်းအဝေး ကျင်းပနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက အဓိကနယ်ပယ်များတွင် မူရင်းဆန်းသစ်တီထွင်မှု အဆင့်မြှင့်တင်ခြင်းများနှင့် အရေးပါသောနည်းပညာများ၌ အောင်မြင်မှုများ တိုးတက်စေရန်နှင့် သိပ္ပံနှင့်နည်းပညာကဏ္ဍ၌ မိမိကိုယ်ကိုယ် ပိုမိုအားကိုးနိုင်မှုနှင့် စွမ်းပကား ရရှိရေး ပိုမိုမြန်ဆန်စွာ တိုးတက်ရန် ကတိပြုကြောင်း သုံးသပ်ဆွေးနွေးရန် တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုအဖွဲ့ထံ မတ် ၅ ရက်က တင်သွင်းသော အစိုးရလုပ်ငန်းအစီရင်ခံစာအရ သိရသည်။

တရုတ်နိုင်ငံအနေဖြင့် ပေါင်းစပ်ဆားကစ်များ (IC) ၊ စက်ကိရိယာများ၊ အဆင့်မြင့်ကိရိယာများ၊ အခြေခံဆော့ဖ်ဝဲများ၊ အဆင့်မြင့်ပစ္စည်းများနှင့် ဇီဝကုန်ထုတ်လုပ်မှုတို့တွင် လုပ်ငန်းကွင်းဆက်တစ်လျှောက် သိသာထင်ရှားသည့် အောင်မြင်မှုများ ရရှိမည့် ထူးခြားသောအစီအမံများ ချမှတ်မည်ဖြစ်ကြောင်း မတ် ၅ ရက်၌ပင် တင်သွင်းခဲ့သည့် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) မူကြမ်းတွင် ဖော်ပြထားသည်။ (Xinhua)

……………….
(English Version)
China to make breakthroughs in core technologies, achieve sci-tech self-reliance
BEIJING, March 5 (Xinhua) — China vows to drive advances in original innovation and breakthroughs in core technologies in key fields, and move faster to achieve greater self-reliance and strength in science and technology, according to a government work report submitted Thursday to the country’s top legislature for deliberation.
China will take extraordinary measures to drive decisive breakthroughs across full chains in integrated circuits, machine tools, high-end instruments, basic software, advanced materials and bio-manufacturing, according to a draft outline of the 15th Five-Year Plan (2026-2030) submitted on the same day for examination. ■
English Caption
The opening meeting of the fourth session of the 14th National People’s Congress (NPC) is held at the Great Hall of the People in Beijing, capital of China, March 5, 2026. (Xinhua/Ding Haitao)