Connect with us

NPC

တရုတ်နိုင်ငံက စမတ်စီးပွားရေးကို တိုးတက်စေပြီး ဒစ်ဂျစ်တယ်နှင့် အသိဉာဏ်ရှိသော ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်မည်

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) စတုတ္ထအကြိမ် အစည်းအဝေး၏ အဖွင့်အစည်းအဝေး ကျင်းပနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ၎င်း၏ “AI Plus” အစီအစဉ်ကို မြှင့်တင်တိုးချဲ့ပြီး မျိုးဆက်သစ် အသိဉာဏ်ထည့်သွင်းထားသော terminal များနှင့် AI အေးဂျင့်များအား ပိုမိုမြန်ဆန်စွာ အသုံးချမှုကို မြှင့်တင်ပေးမည်ဖြစ်ကာ အဓိကကဏ္ဍများနှင့် နယ်ပယ်များတွင် AI အား စီးပွားဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးချမှုကို အားပေးမည်ဖြစ်ကြောင်း သုံးသပ်ဆွေးနွေးရန် တရုတ်နိုင်ငံ၏ ထိပ်တန်းဥပဒေပြုအဖွဲ့ထံ မတ် ၅ ရက်က တင်သွင်းသော အစိုးရလုပ်ငန်းအစီရင်ခံစာအရ သိရသည်။
တရုတ်နိုင်ငံအနေဖြင့် multi-modal AI ၊ AI အေးဂျင့် ၊ AI ပေါင်းစပ်ပါဝင်မှုနှင့် ဉာဏ်ရည်ထည့်သွင်းထားသော အစုအဖွဲ့ အပါအဝင် နယ်ပယ်များတွင် နည်းပညာဆန်းသစ်တီထွင်မှုများကို အားပေးမည်ဖြစ်ပြီး အထွေထွေဉာဏ်ရည်တုနည်းပညာ၏ ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများအား စူးစမ်းဖော်ထုတ်မည်ဖြစ်ကြောင်း မတ် ၅ ရက်၌ပင် တင်သွင်းခဲ့သည့် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း (၂၀၂၆-၂၀၃၀) မူကြမ်းတွင် ဖော်ပြထားသည်။ (Xinhua)

…………………
(English Version)
China to advance smart economy, promote digital, intelligent development
BEIJING, March 5 (Xinhua) — China will advance and expand its “AI Plus” initiative, promote faster application of new-generation intelligent terminals and AI agents, and encourage large-scale commercial application of AI in key sectors and fields, according to a government work report submitted Thursday to the country’s top legislature for deliberation.
The country will encourage technological innovations in areas including multi-modal AI, AI agent, embodied AI and swarm intelligence, and explore development paths of artificial general intelligence, according to a draft outline of the 15th Five-Year Plan (2026-2030) also submitted on Thursday. ■
English Caption
The opening meeting of the fourth session of the 14th National People’s Congress (NPC) is held at the Great Hall of the People in Beijing, capital of China, March 5, 2026. (Xinhua/Ding Haitao)