Connect with us

NPC

ယခုနှစ် တရုတ်နိုင်ငံ၏ GDP တိုးတက်မှုက ယွမ် ၆ ထရီလီယံကျော် ရှိမည်ဟု စီးပွားရေးစီမံကိန်းရေးဆွဲရေးဌာန ပြောကြား

တရုတ်နိုင်ငံ မြို့တော် ပေကျင်း၌ ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ စတုတ္ထအကြိမ် အစည်းအဝေးအတွက် စီးပွားရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲကျင်းပနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၆ ရက် (ဆင်ဟွာ)

ယခုနှစ်တွင် တရုတ်နိုင်ငံ၏ GDP တိုးတက်မှုက ယွမ် ၆ ထရီလီယံကျော် (ကန်ဒေါ်လာ ၈၆၉.၆ ဘီလီယံခန့်) ရှိမည်ဟု ခန့်မှန်းထားကြောင်း တရုတ်နိုင်ငံ ထိပ်တန်းစီးပွားရေးစီမံကိန်းရေးဆွဲရေးဌာန အကြီးအကဲက မတ် ၆ ရက်၌ ပြောကြားခဲ့သည်။

ထိုသို့ စီးပွားရေးတိုးချဲ့ခြင်းက အလုပ်အကိုင်၊ ပြည်သူများ၏ သုခချမ်းသာနှင့် အန္တရာယ် ကာကွယ်နိုင်ရေးအတွက် ခိုင်မာသည့် ထောက်ခံပံ့ပိုးမှု ပေးအပ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် အကြီးအကဲ ကျိန့်ရှန်းကျယ်က ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ စတုတ္ထအကြိမ် အစည်းအဝေးကာလအတွင်း ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ (Xinhua)

—————–
(Chinese Version)
China’s GDP to grow by over 6 trillion yuan this year: economic planner
BEIJING, March 6 (Xinhua) — China’s GDP is expected to grow by over 6 trillion yuan (about 869.6 billion U.S. dollars) this year, head of the country’s top economic planner said Friday. This economic expansion will provide solid support for employment, people’s well-being and risk prevention, Zheng Shanjie, head of the National Development and Reform Commission, told a press conference on the sidelines of the fourth session of the 14th National People’s Congress. Enditem
1. A press conference for the fourth session of the 14th National People’s Congress (NPC) on economy is held in Beijing, capital of China, March 6, 2026. (Xinhua/Li Xin)