NPC
တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍက ၂၀၂၆-၂၀၃၀ ကာလအတွင်း ယွမ် ၁၀၀ ထရီလီယံကျော်ရှိမည်ဟု စီးပွားရေးစီမံကိန်းရေးဆွဲရေးဌာနက ပြောကြား
ပေကျင်း၊ မတ် ၆ ရက် (ဆင်ဟွာ)
၁၅ ကြိမ်မြောက် ငါးနှစ် စီမံကိန်းကာလ (၂၀၂၆-၂၀၃၀) တွင် တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍသည် ယွမ် ၁၀၀ ထရီလီယံကျော် (ကန်ဒေါ်လာ ၁၄.၄၉ ထရီလီယံခန့်) ရှိမည်ဟု ခန့်မှန်းထားကြောင်း တရုတ်နိုင်ငံ ထိပ်တန်းစီးပွားရေး စီမံကိန်းရေးဆွဲရေးဌာန အကြီးအကဲက မတ် ၆ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် (NDRC) အကြီးအကဲ ကျိန့်ရှန်းကျယ်က ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်၏ စတုတ္ထအကြိမ် အစည်းအဝေးကာလအတွင်း ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်း မှတ်ချက်ပြု ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဝန်ဆောင်မှုကဏ္ဍ အရည်အသွေးမြင့်မားစွာ ဖွံ့ဖြိုးတိုးတက်သည့် အလားအလာကို အပြည့်အဝ ဖော်ဆောင်ရန်အတွက် NDRC အနေဖြင့် အခြားအစိုးရဌာနများနှင့်အတူ ပူးပေါင်းကာ ပံ့ပိုးမှုဆိုင်ရာ အစီအမံများစွာကို ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
—————–
(Chinese Version)
China’s service sector to top 100 trillion yuan in 2026-2030: economic planner
BEIJING, March 6 (Xinhua) — The size of China’s service sector is expected to expand beyond 100 trillion yuan (about 14.49 trillion U.S. dollars) in the 15th Five-Year Plan period (2026-2030), head of the country’s top economic planner said Friday. Zheng Shanjie, head of the National Development and Reform Commission (NDRC), made the remarks at a press conference on the sidelines of the fourth session of the 14th National People’s Congress. Zheng said the NDRC will work with other government departments to roll out a number of supportive measures to fully unlock the potential in the high-quality development of the service sector. Enditem
Photo: A press conference for the fourth session of the 14th National People’s Congress (NPC) on economy is held in Beijing, capital of China, March 6, 2026. (Xinhua/Wang Xi)
