Connect with us

NPC

လက်တွေ့ကျသော တိုးတက်မှုရည်မှန်းချက်က တရုတ်နိုင်ငံ၏ စီးပွားရေးကြံ့ကြံ့ခံမှုနှင့် မဟာဗျူဟာမြောက်ဆုံးဖြတ်ချက်ကိုဖော်ပြလျက်ရှိ

တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမဆောင်တွင် ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် (NPC) စတုတ္ထအကြိမ် အစည်းအဝေး၏ အဖွင့်အစည်းအဝေး ကျင်းပနေသည်ကို ၂၀၂၆ ခုနှစ် မတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ၂၀၂၆ ခုနှစ် စီးပွားရေးတိုးတက်မှုရည်မှန်းချက်က မူဝါဒချမှတ်သူများ၏ လက်တွေ့ကျ၍ ရည်မှန်းချက်ကြီးမားသော မျှော်မှန်းချက်ကို ထင်ဟပ်လျက်ရှိသလို အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန် နိုင်ငံ၏ ဗျူဟာမြောက် ဆုံးဖြတ်ချက်ကို အထင်အရှားပြသလျက်ရှိသည်။
တိုးတက်မှုနှုန်းကို ၄.၅ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ သတ်မှတ်ထားခြင်းနှင့် လက်တွေ့တွင် ပိုမိုကောင်းမွန်ရေးအတွက် ကြိုးပမ်းဖော်ဆောင်မည့်ကတိကဝတ်ကြားတွင် သတ်မှတ်ထားသည့် ဤရည်မှန်းချက်သည် တရုတ်နိုင်ငံက ပို၍ခိုင်မာသော ယုံကြည်ချက်ဖြင့် ပြည်တွင်းပြည်ပ စိန်ခေါ်မှုများကို ရင်ဆိုင်မည်ဖြစ်ကြောင်းနှင့် စီးပွားရေးရေရှည်တည်ငြိမ်စွာ တိုးတက်ကောင်းမွန်သည့် လမ်းကြောင်းအပေါ် အပြည့်အဝ ယုံကြည်ချက်ရှိသည်ကို ညွှန်ပြလျက်ရှိသည်။ အဆိုပါ ရည်မှန်းချက်သည် တရုတ်နိုင်ငံ စီးပွားရေး၏ လက်တွေ့အခြေအနေမှန်ပေါ် အခြေခံထားခြင်းဖြစ်ပြီး ဖွဲ့စည်းပုံဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနှင့် ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အခွင့်အလမ်းများ ချန်လှပ်ထားခြင်းပင် ဖြစ်သည်။

ထို့ပြင် ၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်းကာလ (၂၀၂၆-၂၀၃၀) အတွင်း စီးပွားရေးတိုးတက်မှုကို သင့်တင့််သည့်အတိုင်းအတာတွင်ထိန်းထားရေး ရည်မှန်းချက်နှင့်ကိုက်ညီသည့် ၂၀၂၆ ခုနှစ် ရည်မှန်းချက်သည် ၂၀၃၅ ခုနှစ်တွင် တရုတ်နိုင်ငံအား ဆိုရှယ်လစ်စနစ်ခေတ်မီအသွင်ပြောင်းခြင်းအဖြစ် အခြေခံအားဖြင့် ဖော်ဆောင်သည့် အရေးပါသောအဆင့်တစ်ခုလည်း ဖြစ်သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260305/d15489ccd7264117b877cfa3e44abd4f/c.html

……………………………………..
(English Version)
Realistic growth target shows China’s economic resilience, strategic resolve
BEIJING, March 5 (Xinhua) — China’s 2026 economic growth target reflects a realistic yet ambitious vision from policymakers as the country maintains its strategic resolve to advance high-quality development.
The target, defined by both a 4.5 percent to 5 percent range and the commitment to strive for better in practice, indicates that China is confronting challenges at home and abroad head-on with enhanced confidence in the economy’s stable and improving long-run trajectory. It is grounded in the realities of the Chinese economy, and leaves room for structural reform and risk prevention.
The 2026 target aligns with the goal of maintaining growth within a reasonable range during the 15th Five-Year Plan period (2026-2030) — a critical stage for China to basically realize socialist modernization by 2035.
https://english.news.cn/20260305/d15489ccd7264117b877cfa3e44abd4f/c.html
Photo: The 14th National People’s Congress (NPC) opens its fourth session at the Great Hall of the People in Beijing, capital of China, March 5, 2026. (Xinhua/Xie Huanchi)