NPC
တရုတ်နိုင်ငံ၏ ဉာဏ်ရည်တုနည်းပညာ ဂေဟစနစ်က ကမ္ဘာတစ်ဝန်းလက်ခံအသုံးပြုမှုအတိုင်းအတာ၌ ဦးဆောင်နေသလို ဆန်းသစ်တီထွင်မှုမောင်းနှင်အားကို စွမ်းအားဖြည့်တင်းပေး
ပေကျင်း၊ မတ် ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် လက်ရှိကျင်းပနေဆဲဖြစ်သော “အစည်းအဝေးကြီး နှစ်ရပ်” ၌ ရေပန်းစားသောစကားလုံးများအနက် တစ်ခုဖြစ်သည့် ဉာဏ်ရည်တုနည်းပညာ (AI) ဖွံ့ဖြိုးတိုးတက်မှုသည် နိုင်ငံကို အရှိန်မြှင့်တင်ပေးလျက်ရှိသလို ကမ္ဘာ့ AI ဂေဟစနစ်ကို ပုံဖော်ပေးလျက်ရှိသည်။
တရုတ်နည်းပညာလုပ်ငန်းများ၏ ကျယ်ပြန့်သော open-source AI မော်ဒယ်များက ကမ္ဘာတစ်ဝန်း ဒေါင်းလုတ်ပြုလုပ်မှုများ၌ ပထမနေရာဖြစ်နေကြောင်း၊ AI လက်ခံအသုံးပြုမှုအတားအဆီးများ သိသိသာသာလျော့ကျလာပြီး သုံးစွဲမှုကုန်ကျစရိတ်များ လျှော့ချပေးကာ AI အသုံးပြုမှုမှာလည်း မြင့်တက်လာကြောင်း တရုတ်ပြည်လုံးဆိုင်ရာ ဥပဒေပြုအဖွဲ့ နှစ်ပတ်လည်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး၌ စက်မှုလုပ်ငန်းနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး လီလဲ့ချိန်က မတ် ၅ ရက်တွင် ပြောကြားခဲ့သည်။
ကမ္ဘာ့ထိပ်တန်း AI ပလက်ဖောင်း OpenRouter မှ အချက်အလက်အရ ဖေဖော်ဝါရီလအတွင်း API ခေါ်ဆိုမှုများ သို့မဟုတ် သုံးစွဲသူဝင်ရောက်မှုများကဏ္ဍ၌ တရုတ်နိုင်ငံ၏ ကျယ်ပြန့်သောမော်ဒယ်များက အမေရိကန်အား စတင်ကျော်လွန်ခဲ့ကြောင်း၊ ယင်းမှာ ကမ္ဘာ့ AI ဂေဟစနစ်တွင် တရုတ်နိုင်ငံ၏ လွှမ်းခြုံမှု မြင့်တက်လာခြင်းကို ဖော်ပြလျက်ရှိသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20260305/e5b07d076a1c43a0ac5c227fc0fa0b71/c.html
……………………………………..
(English Version)
China’s AI ecosystem leads global adoption, powers innovation drive
BEIJING, March 5 (Xinhua) — The development of artificial intelligence (AI), one of the buzzwords at China’s ongoing annual “two sessions,” is accelerating in the country and shaping the global AI ecosystem.
Chinese tech firms’ open-source large AI models rank first globally in downloads, significantly lowering the barriers to AI adoption, reducing usage costs and enhancing AI accessibility, said Minister of Industry and Information Technology Li Lecheng Thursday on the sidelines of the annual session of the national legislature.
Data from a top global AI platform, OpenRouter, showed that API calls, or user visits, to Chinese large models began surpassing U.S. levels in February, highlighting China’s rising influence in the global AI ecosystem. https://english.news.cn/20260305/e5b07d076a1c43a0ac5c227fc0fa0b71/c.html
Photo: A humanoid robot of China Mobile is pictured at the exhibition area of the 2025 Global Industrial Internet Conference in Shenyang, northeast China’s Liaoning Province, Sept. 7, 2025. (Photo by Wang Yuyan/Xinhua)
