NPC
တရုတ်နိုင်ငံက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေ အတည်ပြု

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)
တရုတ် အမျိုးသားဥပဒေပြုလွှတ်တော်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအား မတ်လ ၁၅ ရက်တွင် ပြုလုပ်သော နှစ်ပတ်လည်အစည်းအဝေးပိတ်ပွဲ၌ အတည်ပြုလိုက်ကြောင်း သိရသည်။
အဆိုပါ ဥပဒေအား ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် ဒုတိယနှစ်ပတ်လည်အစည်းအဝေး ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသော ကိုယ်စားလှယ်အများစုက မဲပေးခဲ့ကြသည်။ထိုဥပဒေသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်မှု၊ မြှင့်တင်မှု၊ ကာကွယ်မှုနှင့် စီမံခန့်ခွဲမှုများအတွက် ထောက်ပံ့မှုများ ပေါင်းစည်းထားခြင်းနှင့်အတူ တရုတ်နိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအတွက် သစ်လွင်ပြီး အခြေခံကျသော ဥပဒေတစ်ခုဖြစ်သည်။ (Xinhua)