Connect with us

NPC

တရုတ်နိုင်ငံ ဥပဒေပြု လွှတ်တော် နှစ်ပတ်လည်အစည်းအဝေး၏ တတိယမြောက် မျက်နှာစုံညီအစည်းအဝေး စတင်ကျင်းပ

၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ဒုတိယနှစ်ပတ်လည်အစည်းအဝေး တတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးသို့ လုပ်ငန်းအစီရင်ခံစာ တင်သွင်းနေသော တရားသူကြီးချုပ် ကျိုးချိမ်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ဥပဒေပြုလွှတ်တော် ဖြစ်သော ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ဒုတိယနှစ်ပတ်လည်အစည်းအဝေး တတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးအား မတ်လ ၁၂ ရက် နံနက်ပိုင်းတွင် စတင်ကျင်းပခဲ့ကြောင်း သိရသည်။

မြို့တော် ပေကျင်းရှိ ပြည်သူ့ခန်းမကြီး၌ ကျင်းပသည့် အဆိုပါ မျက်နှာစုံညီအစည်းအဝေးသို့ သမ္မတ ရှီကျင့်ဖိန်နှင့် အခြား တရုတ်နိုင်ငံခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) ၏ ဒုတိယနှစ်ပတ်လည်အစည်းအဝေး တတိယအကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးသို့ လုပ်ငန်းအစီရင်ခံစာတင်သွင်းနေသော အစိုးရရှေ့နေချုပ် ကျန်းကျွင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ယင်း အစည်းအဝေးတွင် တရားသူကြီးချုပ် ကျိုးချိမ်နှင့် အစိုးရရှေ့နေချုပ် ကျန်းကျွင်းတို့က တင်သွင်းကြမည့် ပြည်သူ့တရားရုံးချုပ်နှင့် ပြည်သူ့ရှေ့နေချုပ်၏ လုပ်ငန်းအစီရင်ခံစာများအား ကြားနာမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.