Connect with us

NPC

တရုတ်နိုင်ငံက နိုင်ငံရပ်ခြားရင်းနှီးမြှုပ်နှံမှုတွေအပေါ် မျှမျှတတလုပ်ဆောင်မည်ဟု ပြောကြား

၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်၏ ပထမအကြိမ် အစည်းအဝေးနှင့် ဆက်စပ်သည့် သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံပိုင် ပစ္စည်းများ ကြီးကြပ်ရေးနှင့် စီမံရေး ကော်မရှင် (SASAC) ခေါင်းဆောင် ရှောက်ယာချင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၁ ရက် (ဆင်ဟွာ)

ပြည်ပနိုင်ငံများတွင် တရုတ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှုများနှင့် ပတ်သက်၍ မျှတပြီး သာတူညီမျှ ဆက်ဆံသွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးက မတ်လ ၁၀ ရက်က ပြောကြားလိုက်သည်။

“နိုင်ငံအားလုံးမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေဝင်လာရင် စုံစမ်းစစ်ဆေးမှုခံယူရမယ်ဆိုတာ နားလည်ထားကြပါတယ်။ ဒါပေမဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံသူတွေကို ခွဲခြားဆက်ဆံမှုမရှိဘဲ သာတူညီမျှ ကုသမှုတွေ ပေးသင့်တယ်” ဟု ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်၏ ပထမအကြိမ် အစည်းအဝေးနှင့် ဆက်စပ်သည့် သတင်းစာရှင်းလင်းပွဲ၌ နိုင်ငံပိုင် ပစ္စည်းများ ကြီးကြပ်ရေးနှင့် စီမံရေး ကော်မရှင် (SASAC) ခေါင်းဆောင် ရှောက်ယာချင်းက ပြောကြားခဲ့သည်။

လက်ရှိတွင် ကမ္ဘာလုံးဆိုင်ရာဝါဒသည် ဖြစ်တည်နေပြီး လွတ်လပ်သော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုသည် ပြည်သူများအတွက် အကျိုးရှိမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများဖြင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုအား ဈေးကွက်မောင်းနှင်သွားမည် ဖြစ်ကြောင်း ရှောက်က ဆိုသည်။

တရုတ်နိုင်ငံ၏ ဗဟို နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများသည် ပြီးခဲ့သည့်နှစ်ကုန်တွင် နိုင်ငံနှင့် ဒေသ ၁၈၅ ခု၌ ရုံးခွဲပေါင်း ၉၁၁၂ ခုရှိကာ စုစုပေါင်း တန်ဖိုး ယွမ် ၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁.၁ ထရီလီယံ) ရှိကြောင်း သိရသည်။

တရုတ်နိုင်ငံသည် ပြည်ပနိုင်ငံများ၌ အထူးသဖြင့် ဗဟိုနိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၏ ချဲ့ထွင်မှုအား တွန်းအားပေးသွားမည်ဟု ဆိုသည်။

“ကမ္ဘာမှာ ယှဉ်ပြိုင်မှု တစ်ခုအတွက်ပဲမဟုတ်ပါဘူး။ နှစ်ဦးနှစ်ဘက်နဲ့ အပြန်အလှန် အကျိုးကျေးဇူး ရလဒ်တွေ ရှာဖွေဖို့ ပူူးပေါင်းဆောင်ရွက်မှုတွေ ရှာဖွေသင့်ပါတယ်” ဟု ရှောက်က ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.