Connect with us

NPC

တရုတ်နိုင်ငံ ၏ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ရှီ၏ အတွေးအမြင်အား ထည့်သွင်းပြဋ္ဌာန်း

၁၂ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဥပဒေပြုရေးဆိုင်ရာ ကော်မရှင် ဥက္ကဋ္ဌ စိန်ချွန်းရောင် အား ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲတစ်ခု ၌ မတ် ၁၁ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အမျိုးသားဥပဒေပြုရေးအဖွဲ့က ဖွဲ့စည်းပုံအခြေခံဥပဒေ ၌ ခေတ်သစ်တွင် တရုတ်ဝိသေသလက္ခဏာများ နှင့်အတူ ဆိုရှယ်လစ်ဝါဒအပေါ် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ အတွေးအမြင်အား ထည့်သွင်းထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ချက်များကို မတ် ၁၁ရက် နေ့လည်ပိုင်းတွင် ပြဋ္ဌာန်းခဲ့ကြောင်း သိရသည်။

၁၂ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) အမြဲတမ်းကော်မတီ ဥပဒေပြုရေးဆိုင်ရာ ကော်မရှင် ဥက္ကဋ္ဌ စိန်ချွန်းရောင် က ဥပဒေပြင်ဆင်ချက်၏ အဓိကကျသော အပိုင်းတစ်ခုအဖြစ် နိုင်ငံ၏ အခြေခံဥပဒေ၌ ရှီ၏ အတွေးအမြင် ပါဝင်လာခြင်းသည် ပါတီတစ်ခုလုံး နှင့် တရုတ် တိုင်းရင်းသားမျိုးနွယ်စု အများအပြား ၏ တူညီသော ဆန္ဒတစ်ခုကို ထင်ဟပ်စေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရှီ၏ အတွေးအမြင်သည် တရုတ်နိုင်ငံ၏ အခြေခံဥပဒေတွင် မာ့က်စ်ဝါဒအား အဆင့်မြှင့်တင်ပြီး တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ (CPC) နှင့် တရုတ်ပြည်သူများ စုစည်းရရှိခဲ့သော ဉာဏ်အမြော်အမြင် နှင့် လက်တွေ့ကျသည့် အတွေ့အကြုံများကို ခိုင်ခံ့စေသည့် နောက်ဆုံးရရှိခဲ့သော အောင်မြင်မှုတစ်ခုဖြစ်ကြောင်း စိန် က မှတ်ချက်ပြုပြောကြားခဲ့သည်။

ရှီ၏ အတွေးအမြင်သည် ၁၈ကြိမ်မြောက် CPC အမျိုးသားကွန်ဂရက် စတင်ခဲ့ကတည်းက နိုင်ငံ နှင့် ပါတီ၏ မူဝါဒအတွင်း ပြောင်းလဲမှုများ နှင့် သမိုင်းဝင် အောင်မြင်မှုများအတွက် အခြေခံကျသော သီအိုရီပိုင်းဆိုင်ရာ လမ်းညွှန်ချက်ဖြစ်ကြောင်း စိန်ကပြောကြားခဲ့သည်။

ရှီ၏ အတွေးအမြင် နှင့် ဖွံဖြိုးတိုးတက်မှုအပေါ် သိပ္ပံနည်းကျ ရှုမြင်ခြင်းအားပေါင်းစပ်ခြင်း က နိုင်ငံ၏ လမ်းညွှန်ချက်သီအိုရီများကို အချိန်နှင့်အမျှ အဆင့်မြင့်စေခဲ့ကြောင်း စိန်၏ပြောကြားချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.