Connect with us

NPC

တရုတ်နိုင်ငံက သီးခြားဖွံ့ဖြိုးရေးရည်မှန်းချက် မချမှတ်သော်လည်း ၂၀၂၀ ဖွံဖြိုးရေးပန်းတိုင်အောင်မြင်ရန် ခိုင်မာလျက်ရှိ 

တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်၏ တတိယမြောက်အစည်းအဝေး ကျင်းပနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် ၂၀၂၀ ပြည့်နှစ်အတွက် သီးခြားစီးပွားရေး ဖွံ့ဖြိုးမှု ရည်မှန်းချက်များမချမှတ်သော်လည်း ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေး အောင်နိုင်ရေးနှင့် အလယ်အလတ်အဆင့် ဘက်စုံသာယာဝပြောသည့် လူမှုအသိုင်းအဝိုင်း ပြီးပြည့်စုံစွာတည်ဆောက်ရေး အစရှိသည့် ဖွံ့ဖြိုးရေးပန်းတိုင်များ အောင်မြင်ရေးအတွက် သေသေချာချာလုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမျိုးသားဥပဒေပြုရေးအစည်းအဝေးသို့ တင်သွင်းသည့် အစိုးရ၏လုပ်ငန်းအစီရင်ခံစာအရ သိရသည်။ 

COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု နှင့် ကမ္ဘာ့စီးပွားရေး နှင့်ကုန်သွယ်ရေးများ၏ ကြီးမားသော မသေချာမှုများ ကြောင့်  ဖွံဖြိုးတိုးတက် မှုကို ခန့်မှန်းရန် ခက်ခဲသည့် ကိစ္စများနှင့် ရင်ဆိုင်ရမည်ဖြစ်သောကြောင့် သီးခြားဖွံ့ဖြိုးရေးပန်းတိုင် မထားရှိသည့် ဆုံးဖြတ်ချက် ချမှတ်ခဲ့ခြင်းဖြစ်သည်။

စီးပွားရေးတိုးတက်ရန် တိကျသော ရည်မှန်းချက်များ မချမှတ်ခြင်းက ရှေ့တန်းမျက်နှာစာ ခြောက်နေရာ တည်ငြိမ်ရေးနှင့် ကဏ္ဍခြောက်ခု လုံခြုံရေးအပေါ် သေချာစွာ အာရုံစိုက်ရန် လုပ်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

ရှေ့တန်းမျက်နှာစာ ခြောက်နေရာဆိုသည်မှာ အလုပ်ခန့်ထားရေး၊ ငွေကြေးကဏ္ဍ၊ နိုင်ငံခြားကုန်သွယ်ရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ ပြည်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် မျှော်မှန်းချက်များကို ရည်ညွှန်းခြင်း ဖြစ်သည်။ ထို့ပြင် ကဏ္ဍခြောက်ခုဆိုသည်မှာ အလုပ်အကိုင် လုံခြုံစိတ်ချမှု၊ အခြေခံနေထိုင်မှုလိုအပ်ချက်များ၊ ဈေးကွက်တစ်ခုလုံး လည်ပတ်မှုများ၊ အစားအသောက်နှင့် စွမ်းအင် လုံခြုံရေး၊ စက်မှုလုပ်ငန်းနှင့် ထုတ်လုပ်ဖြန့်ဖြူးရေးနှင့် ဦးစားပေးအဆင့် အစိုးရများ၏ ပုံမှန်လည်ပတ်မှု စသည်တို့ကို ရည်ညွှန်းကြောင်း သိရသည်။ 

ရှေ့တန်းမျက်နှာစာခြောက်ခု တည်ငြိမ်မှုသေချာစေရန်အလို့ငှာ ကဏ္ဍခြောက်ခုတွင် လုံခြုံမှုထိန်းသိမ်းရန် အာရုံစိုက်ရမည် ဖြစ်ကြောင်း၊ ဤသို့လုပ်ဆောင်ခြင်းဖြင့် ကျွန်ုပ်တို့ စီးပွားရေး တည်ငြိမ်မှု၏ အခြေခံအချက်များအား ထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်း အစီရင်ခံစာက ဆိုသည်။

တရုတ်နိုင်ငံက အလုပ်အကိုင် တည်ငြိမ်ရေး၊ လူနေမှုအဆင့်အတန်း စိတ်ချမှုရှိရေးများအတွက် ဦးစားပေးသွားမည်ဖြစ်ပြီး ရည်မှန်းချက်များ၊ မူဝါဒများနှင့် ဆောင်ရွက်ချက်များ အသေးစိတ်ကို အစီရင်ခံစာ၌ ဖော်ပြထားသည်။ 

တရုတ်နိုင်ငံအနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် မြို့ပြအလုပ်အကိုင်သစ် ၉ သန်းကျော်ထပ်မံဖော်ဆောင်ရန်နှင့် စစ်တမ်းကောက်ယူနိုင်သည့် အလုပ်လက်မဲ့နှုန်းအား ၆ ရာခိုင်နှုန်းခန့်တွင် ထိန်းသိမ်းထားရန် ရည်မှန်းထားကြောင်း သိရသည်။ 

ထို့ပြင် တရုတ်နိုင်ငံက လက်ရှိဆင်းရဲနွမ်းပါးမှု သတ်မှတ်ချက်အောက်တွင် ရှိနေသည့် ကျေးလက်နေသူများအားလုံးနှင့် ဆင်းရဲသည့်နယ်မြေအားလုံးတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကို သေသေချာချာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.