Connect with us

NPC

“ပြည်သူသာ ပထမ” ဖြစ်သည်ဟု သမ္မတ ရှီက ဥပဒေပြု နှစ်ပတ်လည်အစည်းအဝေး ပထမနေ့တွင် ပြောကြား

တရုတ်နိုင်ငံ သမ္မတ၊ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်၏ တတိယမြောက် အစည်းအဝေးသို့ တက်ရောက်လာသည့် အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုယ်စားလှယ်များနှင့် မေ ၂၂ ရက်က ဆွေးနွေးနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က လုပ်ငန်းရှုထောင့်ပေါင်းစုံတွင် ပြည်သူဗဟိုပြုဒဿနကို လိုက်နာကျင့်သုံးရန် အမျိုးသားပြည်သူ့ကွန်ဂရက် (NPC) နှစ်ပတ်လည်အစည်းအဝေး ပထမနေ့ ဆွေးနွေးပွဲအတွင်း ပါဝင်ဆွေးနွေးခဲ့ချိန်က အလေးထားပြောကြားခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီက မေ ၂၂ ရက်တွင် တရုတ်နိုင်ငံ မြောက်ပိုင်း အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဥပဒေပြုအမတ်များနှင့် ဆွေးနွေးစဉ် အထက်ပါအတိုင်း မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

တရုတ်နိုင်ငံ သမ္မတ၊ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်၏ တတိယမြောက် အစည်းအဝေးသို့ တက်ရောက်လာသည့် အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုယ်စားလှယ်များနှင့် မေ ၂၂ ရက်က ဆွေးနွေးနေစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ၊ တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က ၁၃ ကြိမ်မြောက် အမျိုးသားပြည်သူ့ကွန်ဂရက်၏ တတိယမြောက် အစည်းအဝေးသို့ တက်ရောက်လာသည့် အတွင်းမွန်ဂိုလီးယား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ကိုယ်စားလှယ်များနှင့် မေ ၂၂ ရက်က ဆွေးနွေးနေစဉ် (ဆင်ဟွာ)

NPC ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်သူ ရှီက အခြားကိုယ်စားလှယ်များနှင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေး၊ မြက်ခင်းပြင် ဂေဟစနစ်ထိန်းသိမ်းမှုနှင့် တိုင်းရင်းသားလူမျိုးစုစည်းလုံးညီညွတ်မှုများအပါအဝင် ကျယ်ပြန့်သော အကြောင်းအရာများစွာကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

ပါတီ၏ အခြေခံပန်းတိုင်မှာ အလုံးစုံပြောင်းလဲရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးများတွင်  ပြည်သူများကို စည်းစည်းလုံးလုံးနှင့် ဦးဆောင်သွားရန်ဖြစ်ပြီး ၎င်းတို့အား ပိုမိုကောင်းမွန်သောဘဝများ ရရှိစေရန် ဖြစ်ကြောင်း၊ CPC အနေဖြင့် ထိုပန်းတိုင်ကို မည်သည့်အခါမျှ သွေဖည်သွားမည် မဟုတ်ကြောင်း ရှီက ပြောခဲ့သည်။

ထို့ပြင် ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှုများ ညှိနှိုင်းဆောင်ရွက်ကြရာတွင် “ပြည်သူသာ ပထမ” ဖြစ်ရန် ရှီက အထူးအလေးထား ပြောကြားခဲ့သည်။ 

COVID-19 ရောဂါ ပျံ့နှံ့မှုကို ရင်ဆိုင်ရာတွင် CPC အနေဖြင့် အစကတည်းက ပြည်သူများ၏ ဘဝနှင့် ကျန်းမာရေးကို ထိပ်တန်းဦးစားပေးအဖြစ် ထည့်သွင်းစဉ်းစားသွားမည်ကို ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ပြီးဖြစ်သည်။ “ပြည်သူများရဲ့ဘဝနဲ့ ကျန်းမာရေးကို ဖြစ်တဲ့နည်းနဲ့ ကာကွယ်သွားရန် ဆန္ဒရှိပါတယ်” ဟု ရှီက ပြောခဲ့သည်။

ပြည်သူများသည် ပါတီ၏ယုံကြည်မှုအတွက် အဓိကအရင်းအမြစ်ဖြစ်ကာ နိုင်ငံ၏ ကူးစက်ရောဂါတုံ့ပြန်ရေးတွင် အခြေခံခွန်အားများလည်း ဖြစ်ကြောင်း ရှီက ဆိုသည်။

တရုတ်နိုင်ငံ၏ ဆိုရှယ်လစ်ဒီမိုကရေစီစနစ်သည် ပြည်သူများ၏ အခြေခံအကျိုးစီးပွားများကို ကာကွယ်ပေးရန်မှာ အကျယ်ပြန့်ဆုံး၊ အစစ်မှန်ဆုံးနှင့် ထိရောက်မှုအရှိဆုံးသော ဒီမိုကရေစီဖြစ်ကြောင်း ရှီက ပြောခဲ့သည်။

ကူးစက်ရောဂါဖြစ်ပွားမှုသည် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် ကြီးကြီးမားမား သက်ရောက်မှုရှိခဲ့သော်လည်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းသစ်များဆီ ဦးတည်သွားစေခဲ့ကြောင်း သမ္မတ ရှီက ဆိုသည်။

ထို့ပြင် ရှီက နိုင်ငံ၏ အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုနှင့် ထိရောက်မှုမြင့်မားသော အုပ်ချုပ်မှုစနစ်တွင် ဦးဆောင်မောင်းနှင်မည့် အဓိက စီမံကိန်းများ၊ ပြုပြင်ပြောင်းလဲရေးများနှင့် မူဝါဒများ ရေးဆွဲရာတွင် ရည်မှန်းထားသည့် အားထုတ်ကြိုးပမ်းမှုများလုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ 

အာဏာပိုင်များအနေဖြင့်လည်း ပြည်သူများအတွက် ၎င်းတို့၏ အဓိက နိုင်ငံရေးအောင်မြင်မှုများကို လုပ်ဆောင်သွားရမည်ဟု ရှီက ဆိုသည်။

NPC ကိုယ်စားလှယ်များသို့ တင်သွင်းသော အစိုးရ လုပ်ငန်းအစီရင်ခံစာကို ဆွေးနွေးရန် ၎င်းအနေဖြင့် အပြည့်အဝထောက်ခံကြောင်း၊ ပြီးခဲ့သည့်နှစ်က အတွင်းမွန်ဂိုလီးယားဒေသ၏ လုပ်ဆောင်မှုအပေါ် အပြည့်အဝ အသိအမှတ်ပြုကြောင်းနှင့် ဒေသဆိုင်ရာ တိုင်းရင်းသားလူမျိုးစု ကိုယ်ပိုင်အုပ်ချုပ်ခွင့် စနစ် ထိန်းသိမ်းရေးနှင့် တိုးတက်ရေး အရေးကြီးကြောင်းကိုလည်း အလေးထားပြောကြားခဲ့သည်။  (Xinhua)