Connect with us

NPC

တရုတ်နိုင်ငံက ၎င်း၏ ပြည်တွင်းရေးကို ကိုင်တွယ်ရန် ဉာဏ်ပညာနှင့် စွမ်းရည်ရှိကြောင်း ဝန်ကြီးချုပ် ပြော

၁၃ ကြိမ်မြောက် NPC တတိယမြောက် အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ်နေသည့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်အား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၂၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နိုင်ငံ၏ ပြည်တွင်းရေးကို ကိုင်တွယ်ရန် ဉာဏ်ပညာနှင့် စွမ်းရည်ရှိကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က မေ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

ထိုင်ဝမ်ဆိုင်ရာ မေးခွန်းသည်  တရုတ်နိုင်ငံ၏ ပြည်တွင်းရေးဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံအနေဖြင့် ပြည်ပမှ ဝင်ရောက်စွက်ဖက်မှုများကို အမြဲတစေကန့်ကွက်လျက်ရှိကြောင်း အမျိုးသား ဥပဒေပြုလွှတ်တော်အစည်းအဝေးအပြီး ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ လီက ပြောခဲ့သည်။

“ထိုင်ဝမ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ အဓိက စည်းမျဉ်းစည်းကမ်းတွေနဲ့ မူဝါဒတွေဟာ အပြောင်းအလဲမရှိသလို ကမ္ဘာကလည်း ကောင်းကောင်းသိထားပြီးဖြစ်ပါတယ်” ဟု လီက ဆိုခဲ့သလို “ထိုင်ဝမ် လွတ်လပ်ရေး” ကို အခိုင်အမာ ကန့်ကွက်လျက်ရှိပြီး တရုတ် တစ်နိုင်ငံတည်းမူဝါဒနှင့် ၁၉၉၂ ခုနှစ် သဘောတူညီချက်ကို ထိန်းသိမ်းလျက်ရှိကြောင်း အလေးထားပြောကြားခဲ့သည်။

“ကျွန်တော်တို့ရဲ့ နိုင်ငံရေးအခြေခံအရ ထိုင်ဝမ်ရေလက်ကြားနှစ်ဘက်ဒေသဆက်ဆံရေးနှင့် တရုတ်နိုင်ငံ၏အနာဂတ်နဲ့ပတ်သက်ပြီး ထိုင်ဝမ်ရှိ နိုင်ငံရေးအဖွဲ့အစည်းတွေ၊ အုပ်စုတွေ ၊ ပြည်သူတွေ နဲ့အတူ ဆွေးနွေးခြင်းနဲ့ တိုင်ပင်ခြင်းတွေလုပ်ဖို့၊ ရေလက်ကြားဖြတ်ကျော် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ဖို့နဲ့ တရုတ်နိုင်ငံ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး အဆင့်မြှင့်တင်ဖို့ အသင့်ရှိပါတယ်” ဟု လီက ပြောခဲ့သည်။

“ကျွန်တော်တို့ဟာ ရိုးသားမှုအရှိဆုံးကို ပြသဖို့နဲ့ အတတ်နိုင်ဆုံး ကြိုးစားသွားဖို့ အသင့်ရှိပါတယ်” ဟု ဝန်ကြီးချုပ် လီက သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.